Saturday, April 30, 2011
ဘဝရှင်သန်နည်းများ
သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။
သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။
သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။
သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။
ဆေးတညို
by Lu Cifer on Saturday, April 30, 2011 at 11:34pm
Civil society (စီဗဲဆိုစိုက်တီး) ဆိုတဲ့ “လူထုအခြေပြု လူမှုလှုပ်ရှားမှု” ဆိုတဲ့ အယူအဆဟာ နှစ်ပေါင်း တရာကျော် နှစ် ရာနီးပါး တိမ်မြုပ်နေရာကနေ ၁၉၆ဝ ကျော် ၁၉၇ဝ ကာလ လောက်ကစပြီး အနောက်နိုင်ငံ တွေမှာ ပြန်လည် ဆန်း သစ် လာခဲ့ပါတယ်။ ၂ဝ ရာစု ကုန်ခါနီး တဝိုက်ကနေ အခု ၂၁ ရာစု ထဲမှာတော့ စီဗဲဆိုစိုက်တီး အယူအဆနဲ့ သူရဲ့အသံ ဟာ ပိုမိုပြီး ကျယ်လောင် အားကောင်းလာပါတယ်။
လွတ်မြောက်မှုအရုဏ်ဦး
ဤစာစုမှာ နယ်လ်ဆင်မင်ဒဲလား၏ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ “Long Walk to Freedom” စာအုပ်တွင်ပါရှိသော မင်ဒဲလား၏ လွတ်လပ်ခွင့်၊ လွတ်မြောက်မှု၊ ရဲစွမ်းသတ္တိ၊ လူ့အကြင်နာတရား လူသားတာဝန်တို့နှင့်ပတ်သတ်သော အကောက်အယူဖွင့်ဆိုချက် အချို့နှင့် တောင်အာဖရိက ပြည်သူတို့ လျှောက်လှမ်းချီတက်နေရဆဲ ဖြစ်သော လွတ်မြောက်မှု ခရီးရှည်ကြီးတွင် ကြုံတွေ့ခဲ့ရသော ဖြတ်သန်းမှုတစိတ်တပိုင်းကိုထုတ်နုတ် ဘာသာပြန်ဆို တင်ပြလိုက်ခြင်း ဖြစ်ပါကြောင်း…
အသားအရောက်ခွဲခြားမှု မူဝါဒက ကျနော်တို့နေထိုင်ရာ တောင်အာဖရိကနိုင်ငံနဲ့ ပြည်သူတွေကို ရှည်ကြာ စူးနစ်တဲ့ ဒါဏ်ရာ ဒါဏ်ချက်တွေဖြစ်ပေါ် စေခဲ့ပါတယ်။ ကျနော်တို့ မျိုးဆက်တွေက အဲဒီနာကျင်မှုကိုဖြေဖျောက်နလန်ထူအောင် စွမ်းဆောင်နိုစွမ်းမရှိရင်တော့ အခြေအနေတွေဟာ နောင်နှစ်ပေါင်းများစွာတိုင် ဒီအတိုင်းဆက်ပြီး ဇာတ်မျောနေမှာ အသေအချာပါဘဲ။
Facebook ဘယ်ကနေ ငွေရသလဲ (သို့မဟုတ်) Facebook မှာ ဘယ်လိုကြော်ငြာမလဲ ၊
[By Slip Knot]
အဲဒီမေးခွန်းကို အင်တာနက်အသုံးပြုတဲ့သူတစ်ယောက်ကို မေးလိုက်ရင် ဟာ ဒါများဗျာ ကြော်ငြာကနေ ရတာ နေမှာပေါ့လို့ ဖြေမယ်ထင်ပါတယ်။ ဟုတ်ပြီ။ ကြော်ငြာကနေရတယ်ဆိုရင် Facebook ကနေ ကြော်ငြာတာ ဘာတွေများ တွေ့ဖူးသလဲလို့ စာရေးသူ ပြန်မေးချင်ပါတယ်။ စာရေးသူကိုယ်တိုင် Facebook ကြော်ငြာတွေကို မတွေ့ဖူးပါဘူး။ အဲဒါကြောင့် Facebook ကြီး ဘယ်ကနေများ ငွေတွေရပါလိမ့်ဆိုပြီး တွေးရင်း တွေးရင်းနဲ့ ခေါင်းခြောက်ခဲ့ရပါတယ်။ နောက်ဆုံးမှ အဖြေကို သိခဲ့ရပါတယ်။
ကွဲပြားခြင်းတွေထဲက ဆင်တူသော တထပ်ထဲကျမှု
by Lu Cifer on Thursday, April 21, 2011 at 9:06am
ကျမရဲ့ ခရီးသွားဖော်သူငယ်ချင်း ဆာရာယေဗိုက ကဗျာဆရာမ နဲ့ ဂျာနယ်လစ် အဒစ်ဆာ (Adisa Basic) က ကျမကို မေးတယ်။ “အမေရိကားမှာ ဘယ်လိုအရာတွေက မင်းရဲ့မိခင်မြေကို လွမ်းအောင် အလုပ်နိုင်ဆုံးလဲ” တဲ့။ ကျမက ချက်ခြင်းပဲ တုံ့ပြန်မိပါတယ်။ “မြင်သမျှအရာ အားလုံးပါပဲ” လို့။
တကယ်ပါ။ အမေရိကားဟာ နေ့စဉ်ကိစ္စတွေမှာ လူတွေကို အင်မတန် လွယ်ကူသက်သာစွာ ဖြတ်သန်းနေထိုင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ကျမရဲ့မိခင်မြေမှာ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီး ပင်ပန်းကြီးစွာ လုပ်ရတဲ့အလုပ်တွေကို ခလုပ်လေးတချက်နှိပ်ရုံနဲ့ ပြီးမြောက်စေပါတယ်။
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး
by Aungmyo Tun on Friday, April 29, 2011 at 12:47am
(၁)
ကျွမ်းကျင်လွန်းလှတဲ့ ဝက်သတ်သမား
နံကြားက လှံကို ဆွဲအနှုတ်
အဲဒီနှုတ်ချက်ဟာ အသက်ပါလှချည်ရဲ့
မင်းကလေးအကြည့်
ဒီက တညလုံး မအိပ်ခဲ့ရတဲ့ ညပါကွယ်။
ခုတော့
မြင်းတွေ မြင်းပေါက်စတွေ
အကောင်တရာလောက်
ငါ့ရင်အုံကြီးထဲကနေ
ကဆုန်ပေါက်ခုန်ထွက်
ငါ့နှလုံးသားခမျာ ဖုန်ပူပူထဲလဲကျ
လူးလဲထ
အဲသည် ဒရယ်မျက်လုံးလဲ့လဲ့ကလေးကိုလေ
တထောင့်ထဲ စုကပ်ပြီး မကြည့်လိုက်ပါနဲ့
ဧရာဝတီတမြစ်လုံး
ငါသောက်မိပါလိမ့်မယ်ကွယ် ...။
"ဆင်းရဲမွဲတေမှု ပြဿနာကို အသိဥာဏ်ဖြင့် ရင်ဆိုင်ကျော်လွှားခြင်း"
နိဒါန်း
ဤဆောင်းပါးကို ရေးသားရန် အကြောင်းဖန်လာသည်ကတော့ ၂ဝ၁၁ တွင် ဂျာနယ်တို့၏ အဆို အရ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ် ဇိုးလစ်စ်က ထောက်ပြလာပါသည်။ ထောက်ပြသည်ကတော့ ၂ဝ၁ဝ အောက်တိုဘာလမှ ၂ဝ၁၁ ဇန်နဝါ ရီလအတွင်း ကမ္ဘာပေါ်၌ အခြေခံ စားကုန်တန်ဖိုးသည် ၁၅ ရာခိုင်နှုန်း တက်လာသည်ဟု ဆိုပါ၏။ ထို့ ကြောင့် မိမိတို့ ဝင်ငွေ၏ ထက်ဝက် လောက်ကို အစားအသောက်အ တွက် သုံးနေရသူတွေအဖို့ အခက် အခဲများ ရင်ဆိုင်ရပြီး မလောက်မင ဖြစ်ကာ ဆင်းရဲမွဲတေဖို့ ဖြစ်လာပါ ၏။ ထိုသို့ ဆင်းရဲမွဲတေလာမည့် လူဦးရေကိန်းဂဏန်းအရေအတွက်မှာ ၄၄ သန်းခန့်ရှိသည်ဟုဆိုပါသည်။
Friday, April 29, 2011
ဒီမိုကရေစီတိုင်းပြည်ထဲက ဧကရာဇ်များ
by Ainn Chann Myay on Friday, April 29, 2011 at 1:11pm
ဗြိတိန်နိုင်ငံမှာ ဒီလောက်ဆန့်ကျင်နေတာတောင်မှ ဗြိတိန်နဲ့ အဝေးကြီးက ကနေဒါကလည်း အလိုတူအလိုပါ ဘုရင်မကြီးရဲ့ သြဇာခံဖြစ်နေရတာကို မကျေနပ်နေကြသူတွေလည်း ရှိပါတယ်။ ကနေဒါနဲ့ ဘာမှမဆိုင်တဲ့ အင်္ဂလိပ်လူမျိုးမိန်းမကြီးတစ်ယောက်ကို တိုင်းပြည်အချုပ်အချာအနေနဲ့ ခန့်အပ်ထားတာထက်စာရင် သူတို့နယ်မြေကို လုခံထားရတဲ့ လူနီအင်းဒီးယန်းအကြီးအကဲတစ်ယောက်ကို head-of-state ပေးသင့်တယ်လို့လည်း ဆိုနေကြပါတယ်။ ကနေဒါက လူဖြူအချို့ဟာ အင်္ဂလန်နိုင်ငံက ရောက်ရှိလာတဲ့ အင်္ဂလိပ်တွေဖြစ်ခဲ့ပေမယ့်လည်း အခုချိန်မှာ အမေနဲ့မခွဲနိုင်တဲ့ နို့စို့ကလေးတွေလို လုပ်မနေသင့်တော့ကြောင်းကိုလည်း ပြောနေကြပါတယ်။
သူ့အိုး သူ့ဆန်နှင့် ဆူလွယ် ပွက်လွယ်ဓလေ့
                                                   (က)                                                        
ပျော၊့ တူး၊ မနပ် ထမင်းမျိုးကို
လူတိုင်း မကြိုက်တတ်ကြပါဘူး …
ဒီလိုထမင်းမျိုး ဖြစ်ပြီဆို
အပစ်တင်သံတွေက ပွက်လောညံပေါ့ …
"ဖွားစောအနောက်ရွာ ရေအလှူ"
by Sein Khat Soe on Thursday, April 28, 2011 at 8:18am
“အနောက်ဖွားစောရွာ ရေအလှူ”
နေရာ။                     အနောက်ဖွားစောရွာ၊ ပုဂံမြို့
လူဦးရေ။                  ၆၅၄ ဦး
အိမ်ထောင်စု။             ၁၁၁စု
ရွာလေးထဲကို ကျွန်တော်တို့ ရောက်သွားတော့ ညနေ ၄ နာရီဝန်ကျင်ရှိနေပြီ။ ရွာထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေး တွေသာအများဆုံး တွေ့ရတယ်။ သန်မာပြီးလုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တိုင်း ရွာနဲ့ ၂-၃မိုင်လောက်ဝေးတဲ့ ပုဂံမြို့ထဲမှာ အလုပ်သွားလုပ်နေကြတယ်တဲ့..။
Thursday, April 28, 2011
ဘူဆန်ခရီး
by Eingyin Khaine on Monday, April 25, 2011 at 2:05pm
၂၁ရက်နေ့က ကျမဘူဆန်(သို့မဟုတ်)ပူဆန်  (Busan or Pusan)ကို အလုပ်ကိစ္စနဲ့ သွားဖြစ်ခဲ့ပါတယ်။ ဘူဆန်ကို သွားချင်ခဲ့တာကြာပြီ ဖြစ်ပေမယ့် တခါမှမရောက်ဖြစ်ခဲ့ပါဘူး။ ၁၂နာရီမှာ ကျမတွေ့ရမယ့် အရှေ့တောင်အာရှ သုတေသနဌာနရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ပါမောက္ခဖြစ်သူနဲ့ နေ့လည်စာအမှီ ချိန်းထားတာဖြစ်လို့ ဘူဆန်ကို အမြန်ရထားမနက်၈နာရီထွက်မယ့် KTX နဲ့ထွက်လာခဲ့ပါတယ်။
အနုမြူလောင်စာ၏အနာဂတ်
          ဂျပန်နိုင်ငံ ဖူကူရှီးမားတွင်ဖြစ်ပွားခဲ့သည့်အကြပ်အတည်းကြောင့်  နျူကလီးယား အနုမြူလောင်စာအသုံးပြုမှုတိုးတက်မှုကို နှေးကွေးသွားစေနိုင်သည်။ သို့သော် ပြောင်းပြန်လှန်ပစ်နိုင်မည်လော?။
နျူကလီးယားပြဿနာဖြစ်သည့်အခါတိုင်း အကြောက်တရားနှင့် မသေချာမရေရာမှုတို့သည် လျင်လျင်မြန်မြန် ခပ်ဝေးဝေးကိုရောက်ရှိ ပျံ့နှံ့သွားတတ်ကြသည်။ အလွန်ဝေးလံရာ တိုကျို၌ပင်လျှင် ဘုံပိုင်ခေါင်းမှ ထွက်လာသည့်ရေများသည် အနုမြူရောင်ခြည်သင့်နေသည်ကို စိုးရိမ်ကြသည်။ ကြာရှည်တွေ့ကြုံရမည့် အကျိုးသက်ရောက်မှုများ သေချာပေါက်ရှိနေသည်။
Sunday, April 24, 2011
အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် Harvard တက္ကသိုလ် သို့ 
                          လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေရရှာသည်။  အဝတ်အစား ဝတ် ရန် မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ့ တိုင်း  ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။   စတိုးဆိုင်များမှ လွင့် ပစ်သော အစားအစာများကို ကောက်စားရင်း တစ်နေ့ တာ ဘဝကိုတင် မျှော်လင့် ချက်ကင့် မဲစွာ ဆက်နေရသည်။
"အမျိုးသားရေးပြိုကွဲမှု ရဲ့ဝေစုကိုယ်စီ"
သား အခု နေရတဲ့ ဒုက္ခသည် စခန်းထဲက - သူ့ အိမ်လေးရှေ့ ခတ်လှမ်းလှမ်း တဖက် တောင်နံရံစောင်းမှာ  မိဘမဲ့ ကလေး ၆၀ - ၇၀ လောက်  ရှိမယ်။ သူတို့နေကြတယ်။ သူတို့  စုနေရတဲ့ ဘော်ဒါဆောင်လေးတွေအစီအရီရှိတယ်။ မိန်းခလေးတွေက သတ်သတ် ယောက်ျားလေးတွေကသတ်သတ်ပေါ့။ကျောင်းသူကျောင်းသားလေး တွေပါ။  အိပ်ဆောင်၎ခုလောက်နဲ့စားဖိုဆောင်၊စုပေါင်းထမင်းစားဆောင်တွေလည်းရှိသေးတယ်။စေတနာဆရာဝန်မကြီးတယောက်က ဦးဆောင်တာဝန်ယူစောင့်ရှောက်ထားတယ် ဆိုပါတော့ဗျာ။
နည်းနည်းတော့ လျှော့ပါ
by Myo Tha Htet on Sunday, April 24, 2011 at 8:51pm
ကျွန်တော် လန်ဒန်မှာ အလုပ်လုပ်ပြီး တနှစ်ခွဲကျော်လာတော့ အိမ်ပြန်ပါတယ်၊ (၂၀၁၁ ခုနှစ် မတ်၊ ဧပြီမှာပါ) အမေ့ကို လန်ဒန်လာဖို့ ခေါ်ပေမယ့် အမေက မလာတော့ သားက ပြန်ပါတယ်။ တခါ အမေရယ်... ဗုဒ္ဓဂယာ သွားရအောင်လို့ ခေါ်တော့လည်း အမေက ``ဟိုမှာ တအားပူနေပြီ ကြားတယ်၊ မသွားချင်သေးဘူးကွယ်၊ နောက်တော့ သွားတာပေါ့``လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျွန်တော် မရောက်ဖူးသေးတဲ့ ပြည်တွင်းက နေရာတွေ၊ ဘုရားတွေ ဖူးဖို့ သွားဖို့ ခရီးတွေ ထွက်ခဲ့ကြတယ်၊ သားသွားချင်ရာကို အမေက တကောက်ကောက်လိုက်လို့ ပို့ဆောင်ပေးတယ်၊ နှမငယ်လေးက ခရီးစဉ်တွေကို ကူညီစီစဉ်ပေးခဲ့တယ်။
ချစ်သူများနေ့
St. Valentine
ကမ္ဘာတွင် ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။
ရန်ကုန်မြို့တွင်အွန်လိုင်းမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသော အမျိုးသမီးငယ်များပြားလာ
by Kaung Myat Min on Sunday, April 24, 2011 at 5:02pm
မြန်မာပြည်တွင် အင်တာနက် အသုံးပြုမှု တွင်ကျယ် လာသည်နှင့် အမျှ အဆင်ပြေ
ချောမွေ့သော ကောင်းကျိုးပေးသည့် အကျိုးသက်ရောက်မှု များစွာရှိနေသလို
အကောင်းနှင့် အဆိုး ဒွန်တွဲနေသည် ဟူသည့် စကားအတိုင်းပင် ဆိုးကျိုးများလဲ
မဖိတ်ခေါ်ဘဲ ရောက်ရှိလာနေပြီ ဖြစ်သည်။ Online Crime ခေါ် အွန်လိုင်း ရာဇ၀တ်မှု
သတင်းများကို ပြည်ပ နိုင်ငံများမှသာ မကြာခဏ ကြားနေရသော်လည်း ယခုအခါ
ပြည်တွင်း၌ပင် သတင်းတစ်ပုဒ်ပြီး တစ်ပုဒ် ကြားသိ နေခဲ့ရသည်။ ကြားသိရသော
သတင်းတစ်ပုဒ်ကို အခြေခံပြီး MMDailynews.com မှ စုံစမ်း မိသောအခါ
ရန်ကုန်မြို့တွင် အွန်လိုင်းကို အသုံးပြု ဈေးကွက်ရှာပြီး လိင်ဖျော်ဖြေရေး
လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီးငယ်များ တစ်နေ့တခြား များပြား လာကြောင်း
စုံစမ်း သိရှိရသည်။
ဒီမိုကရေစီ ခရီးလမ်းနှင့် ခရီးသည် သုံးဦး
by Kyaw Thu Aung on Sunday, April 24, 2011 at 1:50am
ဂျပန်သို့ အလည် အပတ် ခရီးရောက်စဉ်က စီးခဲ့ရသော ဂျပန် မြေအောက် ရထားတို့ အကြောင်း စဉ်းစား နေစဉ်တွင် တိုက်တိုက် ဆိုင်ဆိုင် ပင် မိတ်ဆွေ တစ်ဦးက သူ၏ လေယာဉ် ခရီးစဉ်မှ အဖြစ် အပျက်ကို စကား စလာခဲ့သည်။
လေယာဉ်စီးခရီးသည် (၁)
အထက်အညာ မန္တလေးလေဆိပ်မှ ရန်ကုန်သို့ပြန်ရန် ခရီးသည် များ စောင့်ဆိုင်းဆောင်တွင် သူ လေယာဉ် စောင့်ဆိုင်း နေချိန် ဖြစ်သည်။ အနီးရှိ ခန့်ခန့်ထည်ထည် ဝ၀ဖြိုးဖြိုး အသားဖြူစပ်စပ် လူချမ်းသာ အသွင် အမျိုးသမီးကြီးထံသို့ သူစီးမည့် လေယာဉ်မှထင်သည် လေယာဉ် ဝန်ထမ်းများ ချဉ်းကပ်လာကြသည်။ "အန်တီခင်ဗျား၊ အန်တီ့ဝက်သား ပေါင်းတွေက ဘယ်လိုမှလုပ်မရဘဲ အနံ့တွေထွက်နေလို့ပါခင်ဗျာ့။"
ဟစ်ဟော့ ဂီတ
Way Min Way Min created the doc: 
"ဟစ်ဟော့ဂီတ ဘယ်ကစ"
ဟစ်ဟော့ ဂီတ (Hip hop music) သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမူ့တစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမူ့တွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ
  • rapping (သီချင်းစာသားများအား ကာရံနှင့်အညီရွတ်ဆိုခြင်း)
  • DJing ( ဓါတ်ပြားများအား ပွတ်ခြင်း၊ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများထွက်လာစေခြင်း)
  • graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်
  • b-boying (ဘရိတ်ဒန့်(စ်)အက)
ဦးငွေကိုင်
1 ဦးငွေကိုင်(၁၉၁၀-၁၉၆၇)
2 ဘုန်းကြီးပျံပွဲ
3 စာပေးစာယူ သင်တန်း
4 ရန်ကုန်မြို့သို့
5 ဆရာကြီး ဦးဘဉာဏ်
6 အိမ်ထောင်သည် ဘဝ
7 ဂျပန်ခေတ် စစ်မှုထမ်း ဘဝ
8 သမိုင်းဝင် ပန်းချီကားများ
9 ဘဝနိဂုံး
10 ကိုးကား
ဦးငွေကိုင်(၁၉၁၀-၁၉၆၇)
ဦးငွေကိုင်သည် မြန်မာနိုင်ငံရှိ အလင်္ကာကျော်စွာဘွဲ့ရ ပန်းချီပညာကျော် ဖြစ်ပေသည်။
ဆရာကြီး ဦးငွေကိုင်ကို ၁၉၀၁ ခုနှစ်တွင် မြိတ်မြို့နယ် စန္ဒဝတ်ရွာ၌ ဦးအိုင်ဂုဏ်၊ ဒေါ်စုမတို့က ဖွားမြင်ခဲ့သည်။ ဖခင်က မြိတ်မြို့ စန္ဒဝတ်ရွာ ဇာတိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး မိခင်မှာ ထားဝယ်မြို့ ဒေါင်းငူရပ် ဇာတိ ဖြစ်သည်။ မွေးချင်း လေးဦးရှိရာ မောင်ငွေကိုင်၊ မထွန်းအေး၊ မောင့်ကယ်နှင့် မကြီးတို့ ဖြစ်ကြ၏။ မောင်ငွေကိုင်သည် ငယ်စဉ်ကပင် ပန်းချီ ဝါသနာပါသူ ဖြစ်ရာ အင်္ဂလိပ် သတင်းစာများထဲမှ ရုပ်ပုံများကို ကူးယူ ရေးဆွဲလေ့ ရှိသည် ဆို၏။ ငယ်ရွယ်စဉ်တွင် ဖခင် ကွယ်လွန်သွား သဖြင့် မိခင်နှင့် အတူ ထားဝယ်သို့ ပြောင်းရွှေ့ နေထိုင်ရင်း မိခင်၏ အစ်ကိုဖြစ်သူ တောင်ငူ ကျောင်းဆရာတော် ထံ၌ ပညာ ဆည်းပူး လေ့လာခဲ့သည်။ တဖက်မှလည်း အရွယ်နှင့် မလိုက်အောင် ဘဝကို ရုန်းကန် ခဲ့ရသည်။
သိန်းစိန်အုပ်စုကို အရှိအတိုင်း လက်ခံကြောင်းပြောတာဟာ စစ်အုပ်စုကို ကန့်ကွက်နေတဲ့ နိုင်ငံတကာအစိုးရတွေကိုတောင် ဝေဝါးသွားစေနိုင်ပါတယ်
[By ဗမာပြည်ဖွား ညီနောင်များ]
ဆောက်လုပ်ရေးလောကမှာတော့ တည်ဆောက်ရေးလို့ ပြောရင် ပျက်စီးယိုယွင်းနေတာကို ပြုပြင်တာ (Main tain)၊ ပျက်စီးနေတာကို ဖျက်ပြီး ပုံစံအဟောင်းအတိုင်း ပြန်ဆောက်တာ (Renovate)၊ တိုးချဲ့ဆောက်လုပ် တာ (Extension) နဲ့ အဆောက်အဦသစ် ဆောက်လုပ်တာ (Building Construction) ဆိုပြီး ပုံသဏ္ဍာန်လေး မျိုးရှိပါတယ်။ ဆောက်လုပ်ရေးလောကရဲ့ စကားလုံးနဲ့ နှိုင်းပြောရရင် ဇာတ်မျောဖြစ်နေတဲ့ နိုင်ငံရေးအခြေအ နေကို ဖာထေး ဖြတ်ဆက်လုပ်တာမျိုးနဲ့ပဲ နေကြမလား၊ နီးစပ်ရာလူတွေနဲ့ပဲ ဖွဲ့စည်းပုံတွေကို ပြင်ကြပြီး လုပ် နည်းလုပ်ဟန်အဟောင်းတွေနဲ့ပဲ ခရီးဆက်နေကြမလား၊ ဒီအဖွဲ့အစည်း ဒီခေါင်းဆောင်ဆိုသူတွေကိုပဲ တိုက်ပွဲ ဝင် ပုံစံသစ် စဉ်းစားခိုင်းမလား၊ ခေါင်းဆောင်ပြောင်း တိုက်ပွဲဝင်နည်းနာပြောင်း ပုံသဏ္ဍာန်သစ်တခု စဉ်းစား မလား၊ ကျနော်တို့ ဒီမိုကရေစီရေးတိုက်ပွဲဝင် အင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ဖိနှိပ်မှုမျိုးစုံကို ဆက်ပြီး ကြံ့ ကြံ့ခံ ရပ်တည်နိုင်ဖို့နဲ့ ပြည်သူတွေကို စစ်ကျွန်ဘဝက ကယ်တင်ပေးနိုင်ဖို့ရာ လက်ရှိနိုင်ငံရေးအခြေအနေမှာ တခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။
Saturday, April 23, 2011
သုညငွေကြေး ပေးရအောင်
(ဘာသာပြန်ဆောင်းပါး)
ညီညီ(သံလွင်)
www.thanlwin.comသင်ဟာ အိန္ဒိယနိုင်ငံ ချန်နိုင်း (ယခင်အခေါ် မက်ဒရပ်စ်) မြို့က ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ အဘွားအိုတစ်ယောက် ဖြစ်တယ် ဆိုပါစို့။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကြာ ကာလတစ်ခုလုံး သင်လိုလားတောင့်တနေတဲ့ အရာကတော့ သင်ပိုင်ဆိုင်တဲ့ မြေကွက်ကို သင့်အမည်ပေါက်စေဖို့ပါပဲ။ သင့်မြေးမလေးရဲ့ ကောလိပ် ပညာရေးအတွက် လိုအပ်နေတဲ့ ဘဏ်ချေးငွေကို ချေးယူနိုင်ဖို့အတွက် အဲဒီမြေကွက်ဟာ သင့်အမည်ပေါက်ဖို့ လိုပါတယ်။ ဒီကိစ္စမှာ ပြဿနာရှိနေတာက မြေကွက်အမည်ပေါက်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတဲ့ အစိုးရ၀န်ထမ်းတစ်ဦးက အဲဒီလို လုပ်ပေးရမယ့်အတွက် သင့်ဆီက လာဘ်တောင်းနေတာပါ။  ဆင်းရဲနွမ်းပါးလှတဲ့ အဘွားအိုမှာ လာဘ်တောင်းတဲ့အတိုင်း ပေးဖို့  ငွေကြေး ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။ ဒီအဖြစ်အပျက်ကို ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် အခမဲ့ ၀န်ဆောင်မှု ရပိုင်ခွင့်ရှိတဲ့ ပြည်သူပိုင်ကဏ္ဍ ၀န်ဆောင်မှုတစ်ခုအတွက် အခကြေးငွေပေးရမယ်ဆိုတာ ဆီလျော်မှု မရှိတဲ့ ကိစ္စ တစ်ခုပါ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရပါ့မလဲလို့ တွေးမိပါလိမ့်မယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံးလုံး ဖြစ်နေခဲ့ရသလို အလိုလို ပြေလည်သွားဖို့ စောင့်နေရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူး မဟုတ်လား။ ပဉ္စမမြောက် အုတ်မြစ်(5th pillar) လို့ အမည်ပေးထားတဲ့ ပြည်တွင်း အန်ဂျီအိုတစ်ခုကနေ မကြာသေးခင်ကပဲ သုညတန်ဖိုးရှိတဲ့ ရူပီးငွေကို ထုတ်ဝေလိုက်တယ်ဆိုတဲ့ သတင်းကို ကြားတော့ သင့်ကို ကူညီမယ့် မဟာမိတ်တော့ ရလိုက်ပါပြီ။    
Friday, April 22, 2011
အကျင့်ဆိုးတွေ ပြင်ရအောင်
စည်သူ(သံလွင်)
www.thanlwin.com
“ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ်။ ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်။ သေချာ အောင် နောက်တစ်ထစ်မှတ်ကွယ် ကောက်ကျစ် တတ်တဲ့ ၀ါဿနာရယ်။ ဂုဏ်ပါဝါ မိုးလောက်မက ရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။ သူလုပ် တော့ အရာရာမတွင်ကျယ် အများတကာ လုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်။ အာကျယ်တာ တွေရယ်။ စည်ပင်တိုးစေ အမျိုးမတိန်ဖွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်” ဆိုတဲ့ အကျင့်ဆိုးသီချင်းကို ပြန်နားထောင်မိသည့်အခါ ကျွန်တော့်စိတ်တွင် တွေးစရာများစွာ ဖြစ်လာခဲ့ရသည်။ ယခင်က ဒီလိုသီချင်းများဖြင့် မြန်မာလူထုတစ်ရပ်လုံး၏ ပျက်ပြားနေသော စိတ်ဓါတ်များကို ပြန်လည် တည့်မတ်လာရန် ကြိုးစားစွမ်းဆောင်ခဲ့ကြဖူးသော်လည်း ယခုအခါ ဤကဲ့သို့ သီချင်းမျိုးများ နားမထောင်ရသည်မှာ အတော်ပင် ကြာပေပြီ။ ယခုခေတ်သီချင်းများတွင် အချင်းချင်းစောင်းမြောင်း ပုတ်ခတ်၍ ဖွဲ့သီထားကြသော သီချင်းတချို့ကိုသာ နားဆင်ကြရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အနုပညာသမားများ၏ အခန်းကဏ္ဍသည် ဖျော်ဖြေရေးသက်သက်သာမဟုတ် အသိပညာပေးရေး၊ လူမှုရေးများအတွက်ပါ လုပ်ဆောင်သင့်ကြပေသည်။ ကျွန်တော်မြင်သမျှ တွေ့သမျှကို ရဲရဲကြီး ချရေးချင်ပါသည်။ ကျွန်တော်၏ ထင်မြင်ယူဆချက်များနှင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိကြမည်ဖြစ်သော်လည်း ဤစာသည် စာဖတ်သူပရိသတ်ကို အဆိပ်အတောက်ဖြစ်စေလိုသော စိတ်ဆန္ဒကား အလျဉ်းမရှိကြောင်း ဤဆောင်းပါး၏ နိဒါန်းတွင်ထည့်ရေးလိုက်ပါသည်။
ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကိစ္စများအပေါ် ကျွန်တော်၏ အမြင်များ (၁)
by Aung Thu Hein on Friday, April 22, 2011 at 10:34pm
ကျွန်တော်သည် ငယ်စဉ်က ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကိစ္စရပ်များကို လူငယ်တစ်ယောက်၏ အမြင်နှင့် စဉ်းစားကြည့်ခဲ့သည်။ ယခုလက်ရှိ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ စာများစွာ ဖတ်ပြီးသည်အထိ ထိုကဲ့သို့ စဉ်းစားနေဆဲ ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်မိမိ ထေရဝါဒဗုဒ္ဓဘာသာဝင်ဟု အကြွင်းမဲ့ ခံယူ ထားသော်လည်း ရတနာသုံးပါးကို ၁၀၀% အပြည့် နှစ်နှစ်ကာကာ မယုံကြည်သေးပဲ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဆင့်မှ မတက်သေးခြင်း ဖြစ်ပါလိမ့်မည် (ထိုအဆင့်မှတက်ရန် ယခုအခါ အပြင်းအထန် ကြိုးစားနေပါသည်)။
ဤစာကို ရေးရန် စိတ်ကူးပေါ်လာခြင်းမှာ ယခုနောက်ပိုင်း ဗုဒ္ဓဘာသာပေါ် ထိခိုက်စော်ကားမှုများ ပို၍ များလာသည်ဟု ကျွန်တော်မြင်သောကြောင့် ထိုသို့သော ကိစ္စများကို တုန့်ပြန်နိုင်သည့် အထောက်အကူ ဖြစ်ရန်နှင့် စစ်မှန်သော ထေရဝါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် မိမိတတ်နိုင်သည့်ဖက်မှ ပါဝင်ရန် ဖြစ်ပါသည်။
အတူတကွ ခေါ်ခဲ့ကြတဲ့ သာဓု
(၁)
မြန်မာသက္ကရာဇ် ၁၃ရ၃ ခုနှစ် တန်ခူးလဆန်း (၁၄)ရက် မင်္ဂလာရှိတဲ့မြန်မာနှစ်ဆန်း (၁) ရက် (၁ရ - ၄ -၂၀၁၁) ရဲ့ ညနေခင်းအစောပိုင်းမှာပါခင်ဗျာ။ မဖြူဆီကို တယ်လီဖုန်း ၀င်လာပါတယ်။ မဖြူ ဆိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုကော်မတီဝင် ဒေါ်ဖြူဖြူသင်း ပါခင်ဗျ။ ဒေါ်ဖြူဖြူသင်းဆိုတဲ့နာမည်နဲ့ ဒေါ်ဖြူဖြူသင်းရဲ့စိတ်ထားက လိုက်ဖက်ပါဘိ။
မဖြူ က တယ်လီဖုန်းကို နားစိုက်ထောင်ပြီး ရည်ရည်မွန်မွန် တရိုတသေပြန်ပြောလေရဲ့..။
“ဟုတ်ကဲ့ပါ `ဦး´။ မြန်မြန်ရောက်အောင် ခုချက်ချင်းပဲ တက္ကစီနဲ့လာခဲ့ပါ့မယ်။”
စံနမူနာပြဖွယ် အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံ (သို့မဟုတ်) ဖင်လန်နိုင်ငံ
ညီညီ(သံလွင်)
www.thanlwin.comအဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ရေးကြသမျှ အရာတွေဟာ မကောင်းသတင်းတွေချည်း ဖြစ်နေတော့ ဘယ်လိုအကြောင်းအရာတွေက နိုင်ငံတစ်နိုင်ငံကို အဂတိလိုက်စားမှုတွေ ရှိနေစေသလဲ ဆိုတာနဲ့ နိုင်ငံရေးကို ညစ်နွမ်းစေသလဲဆိုတာ ကျွန်တော်တို့တတွေ အတော်လေး သိနေကြပါပြီ။ ဒါပေမယ့် အဂတိလိုက်စားမှုကင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ဘာလုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိကြပါသလား။ အဂတိလိုက်စားမှုကင်းတဲ့ နိုင်ငံဆိုတာ ဘာနဲ့တူပါသလဲ။ နောက်ပြီး အဲဒီ အဂတိကင်းတဲ့နိုင်ငံဟာ ဘယ်လို နိုင်ငံရေးနည်းနာတွေနဲ့ အဂတိလိုက်စားမှု ပပျောက်အောင် ဆောင်ရွက်ခဲ့ကြသလဲဆိုတာကို အခြားနိုင်ငံတွေ စံနမူနာယူနိုင်အောင် နည်းပေးလမ်းပြ လုပ်နိုင်ခဲ့မယ် ဆိုရင် အကျိုးရှိနိုင်မလား စသဖြင့် မေးခွန်းများစွာ ထုတ်နိုင်ပါတယ်။
စံလွဲဒီမိုကရေစီ
အောင်ပိုင်စိုး
www.thanlwin.com
ဒီမိုကရေစီရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အနှစ်သာရ ကတော့ လူသားအားလုံး တန်းတူညီမျှရေးကို တရားမျှတစွာကျင့် သုံးဆောင်ရွက်နိုင်ခြင်းဖြစ် ပါတယ်။
ယနေ့ ခေတ်မှာတော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ နိုင်ငံတွေ အမျိုးမျိုး ပေါ်ထွန်းလာလျက်ရှိပါတယ် ။ အဲဒါဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးစုစာထက်စာရင် ပိုမိုသာလွန်လာတဲ့ လူ့အဖွဲ့အစည်း ဆိုင်ရာရင့် ကျက်မှုပါ ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရားမျှတမှုနဲ့ ဝေးကွာနေ ရတဲ့ လူ့အဖွဲ့အစည်းတွေလည်း များပြားလျက် ရှိနေဆဲပါ။
ကျွန်တော်တို့ အမှောင်ခေတ်ထဲက ထွက်လာခဲ့ပါပြီ ဒါပေမယ့် အုံ့မှိုင်းနေတဲ့ မနက်ခင်းကိုတော့ ရင်ဆိုင် နေရဆဲပါ။
"ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း"
[By Mizzima မဇ္ဈိမ]
 Laila de Champfleury| သောကြာနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၀၂ မိနစ်
(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ Laila de Champfleury က မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)
အကြောင်းမြင်မှ အကျိုးထင်
ကျွန်တော်တို့သည် လူမှုဘ၀နယ်ပယ်အတွင်းတွင် လှုပ်ရှားရုန်းကန် နေရသောအခါ သိ၍ ဖြစ်စေ ၊ မသိဘဲလည်းဖြစ်စေ ဆောင်ရွက်နေတတ်မှုများရှိနေတတ်ပါသည် ။ အကြောင်းနှင့် အကျိုး၊ အဆိုးနှင့် အကောင်း၊ ဗီဇနှင့်ပတ်ဝန်းကျင်၊ ပုံသဏ္ဍန်နှင့် အတွင်းသရုပ်  ၊ ပုံဟန်နှင့် အနှစ်သာရ ၊ ကြိုတင်ပြင်ဆင်မှုနှင့် မမျှော်လင့်သော ဖြစ်ပေါ်မှု ၊ မဟာဗျူဟာနှင့် နည်းဗျူဟာ ၊ အဓိကနှင့် သာမည စသည်ဖြင့် ကျင်လည်ရာ အချိန်နှင့် အခြေအနေကိုလိုက်၍ ဆောင်ရွက်ခဲ့တတ်ကြပါသည် ။
"အမှတ်တရ"
 ကျွန်မ ဓါတ်ပုံရိုက်ခဲပါတယ်။ ဒိုင်ယာယီလည်း ပုံမှန်မရေးဖြစ်တော့ပါဘူး။ အမှတ်တရလေးတွေကိုသိမ်းဆည်းချင်တဲ့ဝါသနာဟာ စွန့်စားလွန်းရာကျပါတယ်။
အရင်ကတော့ နေ့စဉ်မှတ်တမ်းရေးရတာဟာ ကျွန်မရဲ့ နေ့တဓူဝ လုပ်ငန်းပေါ့။ ကျောင်းကပြန်ရောက်ပြီဆိုတာနဲ့ (တစ်နေကုန်) မျှော်နေမိတဲ့ နာရီဝက်ကလေးထဲမှာ ကျွန်မကိုယ်ကျွန်မ နှစ်ပစ်လိုက်ခဲ့တယ်။ တစ်နေ့တာဖြစ်ပျက်ခဲ့တာတွေ ခံစားမိတာတွေ စိတ်မှတ်မှာထင်ကျန်ရစ်တာတွေကို ကျွန်မရဲ့အပြာရောင် သားရေဖုံးစာအုပ်လေးထဲမှာမပျင်းမရိ မှတ်တမ်းတင်နေတတ်တယ်။ စင်စစ်မတော့ ကျွန်မအနေနဲ့ စိတ်လှုပ်ရှားမှုကိုစကားလုံးတွေနဲ့ ရင်ဖွင့်နေစရာမလိုလှပါဘူး။
ကွဲပြားခြင်းတွေထဲက ဆင်တူသော တထပ်ထဲကျမှု
လူမှုရှုခင်း - ခရီးသွားဆောင်းပါး
Wednesday, 20 April 2011
ခက်မာ
ဧပြီ ၂၁၊ ၂၀၁၁
ကျမရဲ့ ခရီးသွားဖော်သူငယ်ချင်း ဆာရာယေဗိုက ကဗျာဆရာမ နဲ့ ဂျာနယ်လစ် အဒစ်ဆာ (Adisa Basic) က ကျမကို မေးတယ်။ “အမေရိကားမှာ ဘယ်လိုအရာတွေက မင်းရဲ့မိခင်မြေကို လွမ်းအောင် အလုပ်နိုင်ဆုံးလဲ” တဲ့။ ကျမက ချက်ခြင်းပဲ တုံ့ပြန်မိပါတယ်။ “မြင်သမျှအရာ အားလုံးပါပဲ” လို့။
တရုတ်နှင့်အန္ဒိယ မြန်မာပြည်ကို ဘာကြောင့်လိုအပ်နေတာလဲ
ကျွန်တော့်အနေနဲ့ အခုလုပ်တဲ့ ရေဝေတောတောင်ပွဲမှာပြောတာ ပညာရှင်မဟုတ်ပါဘူး။ ကျွန်တော် စာတော့ရေးတယ်၊ စာရေးသူဆိုတော့ လမ်းပေါ်က လူပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာရှိလဲ ဆိုတော့ ခံစားမှုတွေ ရှိတယ်။ နောက်ပြီး ကျွန်တော်တို့မှာ တွေးခေါ်မှုတွေရှိတယ်။ အဲဒီနှစ်ခုအပြင် နောက်တစ်ခုကတော့ သမိုင်းတွေးခေါ်ခြင်းပေါ့။ ကျွန်တော်တို့ အတိတ်က ဘာလဲ။ ပစ္စုပ္ပန်က ဘာလဲပေါ့။ အဲဒါနဲ့ပဲ ကျွန်တော်တို့ပြောမယ့် အရာတွေဟာ ဆက်စပ်နေတယ်။
"လစ်ဘရယ်ဒီမိုကရေစီ မိတ်ဆက် "
ကျော် သူ ဟ န် ၊ ဧ မ င်း ယ ဉ်
လစ်ဘရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီကြား ဘာတွေကွာခြားသလဲ။ ဘယ်လိုအားသာ/အား နည်းချက်တွေ ရှိသလဲ စသဖြင့် ပြည်သူများ စိတ်ဝင်စားသည့် အခြေခံကျသော အချက်များကိုမူ ပါတီခေါင်းဆောင်များ ကိုယ်တိုင် ဖော်ထုတ်ဖြေဆိုခြင်း မတွေ့ရပါ။ ထိုကြောင့် မဲဆန္ဒရှင်ဖြစ်လာမည့် နိုင်ငံသားများအနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာတစ်ခုမှာ ဝေ၀ါးနေဆဲ ဖြစ်လျက်ရှိသည်ကို သတိပြုမိစရာဖြစ်လာပါ သည်။ ထို့ကြောင့် လစ်ဘရယ်ဒီမိုကရေစီနှင့် ပတ်သက်သော အကြောင်းအချက်များကို မိတ်ဆက်တင်ပြ အပ်ပါသည်။ 
"ဒီမိုကရေစီနဲ့ အစ္စလာမ်မစ်ကမ္ဘာ"
[By Ye Thurein Min ]
၁၉၉ဝနှစ်ကာလတွေမှာ ဒီမိုက ရေစီလှိုင်း တစ်ကမ္ဘာလုံးကို ရိုက်ခတ် တော့ အာဏာပိုင်မင်းတွေ အုပ်ချုပ် နေတဲ့ အစ္စလာမ်မစ် ကမ္ဘာကြီးက မလှုပ်မရှား ငြိမ်သက်နေခဲ့ ပါတယ်။ဒါကြောင့် ကမ္ဘာ့ပညာကျော်တွေက အံ့အားသင့်ခဲ့ကြပြီး အဲဒီဒေသကြီးက ခြွင်းချက် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က စတင်ခဲ့ပြီး အခုထိလည်း ဖြစ်ပေါ်နေဆဲဖြစ်တဲ့ အာရပ်ကမ္ဘာတစ်လွှား ပြောင်းလဲမှုတွေက အစ္စလာမ်မစ် ကမ္ဘာလည်း ခြွင်းချက်မဟုတ်ဘူး ဆိုတာကို ဖော်ပြလိုက်သလို လမ်း ပေါ်နိုင်ငံရေးခေတ်ကုန်ပြီဆိုတဲ့ ထင် ကြေးတွေကိုပါ ပြက်ရယ်ပြုလိုက် သလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုဆိုလို့ အခုအာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေ တဲ့အပြောင်းအလဲ တွေဟာ ချက်ချင်း ပဒေသာ ပင်ပေါက်မယ်၊ အကောင်း တွေချည်းဖြစ်လာမယ်၊ အကုန် ကောင်းမွန်သွားမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့လွတ် လပ်ခွင့်ဆိုတာ ဘယ်လိုဒေသမျိုးမှာ မဆို၊ ဘယ်လူမျိုးမှာ မဆြို>ွခင်းချက် မရှိဘူး။ ဘယ်သူနဲ့တော့မအပ်စပ် ဘူး၊ ဘယ်ဒေသမှာတော့ မဖြစ်နိုင် ဘူးဆိုတာမရှိတဲ့ လောကဝှမ်းလုံး ဆိုင်ရာတရား ဖြစ်နေလို့ပါပဲ။ ဒီ အခြေခံသဘောကို အမေရိကန်နိုင်ငံ ရေးသိပ္ပံပညာရှင် လာရီဒိုင်းမွန်းက သူ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာထုတ်ဝေတဲ့ The Sprit Of Democracy စာအုပ် ထဲမှာထုတ်ဖော်ဆွေးနွေးထားပါတယ်။ လာရီဒိုင်းမွန်းက အစ္စလာမ်မစ်ဟာ ဒီမိုကရေစီ တန်ဖိုးတွေအတွက် အဟန့်အတား ဖြစ်မဖြစ်ကို အဓိကထား ဆွေးနွေးတင်ပြထားပါတယ်။
ပညာရေးသည် နိုင်ငံရေးဖြစ်သည်
by Kyaw Thu Han on Friday, 15 April 2011 at 17:25
ကျွန်တော်သတင်းစာတွေ၊ ဂျာနယ်တွေမှာ မပြီးဆုံးနိုင်သေးတဲ့ စစ်ပွဲအကြောင်းတွေ၊ အသေခံဗုံးခွဲမှု သတင်းတွေ၊ AIDS ရောဂါဟာ ခုချိန်ထိ ထိန်းချုပ်လို့မရနိုင်သေးပဲ နိုင်ငံအများအပြားမှာ ကူးစက်ပျံ့နှံ့ နေတာတွေကို ဖတ်ရှုမိရင်း လူတွေဟာ ဒီပြဿနာတွေကို အမှန်တကယ်ပဲ မဖြေရှင်းနိုင်တော့ဘူးလား လို့တွေးမိပါတယ်။
တကယ်တော့ နိုင်ငံ့ခေါင်းဆောင်တွေ ၊ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသူတွေနဲ့ ပရဟိတ အလုပ်တွေကို အားကြိုးမာန်တက်ဆောင်ရွက်နေကြသူတွေ အများအပြား ရှိနေကြပါလျှက်နဲ့ ဘာကြောင့်ဒီပြဿနာတွေ ဟာ လျော့နည်းမသွားတဲ့အပြင် တိုးပွားနေရတာလဲလို့ တွေးကြည့်မိပါတယ်။ လူတွေဟာ အသိပညာ မပြည့်ဝကြသေးလို့ ဒီပြဿနာတွေရှိကြတာလားလို့ တွေးမိပါတယ်။
Thursday, April 21, 2011
အမေရိကန်-တရုတ်၊ ဗမာနှင့်ထိုင်း လေတပ်
[By Mizzima မဇ္ဈိမ ]
(ဆောင်းပါး) 
ဘိုဘိုကျော်ငြိမ်း| ကြာသပတေးနေ့၊ ဧပြီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၃ မိနစ်
ကမ္ဘာမှာ ၅ ဆက်မြောက် စစ်လေယာဉ် 5th generation fighter ခေတ် ရောက်လာပါပြီ။ လောလောဆယ် အမေရိကန်ထုတ် F22 (Falcon) ပဲ စစ်မှုထမ်းနိုင်တဲ့ အဆင့်၊ ထုတ်လုပ်နိုင်တဲ့ အဆင့် ရှိပါတယ်။ အမေရိကန် F35 နဲ့ ရုရှား (အိန္ဒိယ) တို့ ပူးပေါင်း ထုတ်လုပ်တဲ့ စူကွိုင်ယား တီ ၅ဝ Sukhoi T50 တို့ဟာ စမ်းသပ်မှု အဆင့်ပဲ ရှိပါသေးတယ်။ ထူးထူးခြားခြား စစ်လေယာဉ် ထုတ်လုပ်မှုမှာ ၁ဝ နှစ်ထက်မနည်း နောက်ကျနေသေးတဲ့ တရုတ်က ၂ဝ၁ဝ အကုန်လောက်မှာ ဂျေ ၂ဝ (J20) ပျံသန်းမှုကို အင်တာနက်ကတဆင့် ပျံ့နှံ့ခဲ့ရာ ကမ္ဘာမှာ ယောက်ယက်ခတ်ခဲ့ပါတယ်။
"သတင်းစာများသည် သမိုင်းကို ပြောနိုင်ခဲ့သည်"
ဘိုဘိုလန်းစင်
အင်္ဂါနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၁
(၁)
လူထုသတင်းစာ အနှစ် ၅ဝ ပြည့်အတွက် လူဟောင်းတွေ ဝိုင်းရေးပေးသည့် စာအုပ်မှာ စိစစ်ရေးက ထုတ်မဖြစ်အောင် ဖြတ်တောက် ခဲ့သည်။ အမရပူရ တောင်လေးလုံး ကျောင်းတွင် ဆွမ်းကျွေးလေး လုပ်ရုံမျှနှင့် ပီးသွားခဲ့သည်။ ၆၅ နှစ် ပြည့်ချိန်တွင်တော့ အမှတ်တရ ရေးမည့် တိုက်ရှင် ဒေါ်အမာလည်း မရှိတော့။ လန်ဒန်တွင် ဝင်ဒီလောရုံက သူ့အဖေ အက်ဒွပ်လောရုံ အကြောင်း စာအုပ် ရေးနေသည် ဆိုတော့ ဗမာပြည်မှာ မီဒီယာတွေ အကြောင်း သေချာ မှတ်တမ်း တင်တာ နဲသေးသည်ဟုသာ မချင့်မရဲ ဖြစ်ရသည်။ ရန်ကုန် သတင်းစာတိုက်ရှင် မြို့မမောင် အကြောင်း သူ့သမီး မလှမြင့်ရေးသည်က တအုပ်၊ ဒေါ်အမာ၏ ဦးလှအတ္ထုပ္ပတ္တိက တအုပ်သာ လောလော ဆယ်ဆယ် ထွက်ထားသည်။ ဟိုရှေးက ဒေါ်မမလေး၏ သူလိုလူ၊ ဦးသောင်း၏ ဗမာ့ခေတ်မှ ကြေးမုံသို့၊ ချစ်ကြည်ရေး ကြည်ညွန့်၏ သူရိယ မြန်မာ့အလင်းနှင့် သမိုင်းဝင် မြန်မာ့ နိုင်ငံရေး၊ ဦးကျော်ငြိမ်း၏ နှစ်၃ဝ မြန်မာ့အသံ၊ အထောက်တော် လှအောင်၏ သတင်းဂျာနယ် စသည်တို့လောက်သာ ထွက်ဖူးသည်။
Tuesday, April 19, 2011
Mark zucker burg အကြောင်း တစ်စေ့တစ်စောင်း
မက်ခ်ဇက်ကာဘာ့ဂ်ျ
မက်ခ် အက်လိယတ် ဇက်ကာဘာ့ဂ်ျ ကို ၁၉၈၄ မေလ ၁၄ ရက်မှာ မွေးဖွားခဲ့သည်။ သူ့ကို ကွန်ပျူတာသိပ္ပံပညာရှင်၊ ဆော့ဖ်ဝဲရေးသားသူ၊ ပရဟိတ ဒါနရှင်၊ စွန့်ဦး စီးပွားရေးသမားတစ်ယောက် အဖြစ် သာမက သူဖန်တီးခဲ့သသော လူမှုရေးကွန်ယက်ဆိုဒ် Facebook ဖေ့စ်ဘွက်ခ်၏ ဥက္ကဋ္ဌ အဖြစ်နှင့် အမှုဆောင်အရာရှိ အဖြစ်ပါ လူသိများခဲ့ပါသည်။ Facebook ကို ၂၀၀၄ မှ...ာ ဇက်ခ်ကာဘာ့ဂ်ျ နှင့် အတန်းဖော် သူငယ်ချင်းများဖြစ်ကြသော Dustin Moskovitz ဒက်စတင် မော်စကိုဗစ်၊ Eduard0 Saverin အက်ဒွာဒို ဆေ့ဗရင်း၊ နှင့် Chris Hughes ခရစ် ဟယူးစ်တို့က Harvard ဟားဗက်စ် တက္ကသိုလ်တွင် တက်ရောက်နေစဉ် ပူးတွဲတည်ထောင်ခဲ့ပါသည်။ Facebook သည် လူမှုရေးကွန်ယက်ဆိုဒ် အဖြစ် တစ်ကမ္ဘာလုံးမှာ ရှိသော လူများကြားမှာ ရေပန်းစား နာမည်ကြီးခဲ့ပါသည်။ ၂၀၁၀ တွင် ဇက်ကာဘာ့ဂ်ျသည် တိုင်းမ်မဂ္ဂဇင်း၏ သြဇာအရှိဆုံးသောသူ အဖြစ် အရွေးခံခဲ့ရပြီး နှစ်ချုပ် မျက်နှာဖုံးရှင် အဖြစ်ဖော်ပြခံခဲ့ရသည်။ Forbes မဂ္ဂဇင်းမှာ ဇက်ခ်ကာဘာ့ဂ်ျသည် ၃၂၁ ယောက်မြောက် အမေရိကန်တွင် အချမ်းသာဆုံးသောလူတစ်ယောက်အဖြစ် ပါဝင်လာပြီး သူ့ပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်းပေါင်း တစ်ထောင့်ငါးရာကျော် ရှိခဲ့သည်။ ၂၄ ရက် အောက်တိုဘာ ၂၀၀၇ မှာ Facebook က အစုရှယ်ယာ ၁.၆ ရာခိုင်နှုန်းကို Microsoft မိုက်ခ်ခရိုဆော့ဖ်အား အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၄၀ ဖြင့် ရောင်းချခဲ့ပြီး Microsoft က Google နှင့် အပြိုင်ဝယ်ခဲ့ရပါသည်။ နောက်ပိုင်းမှာ Facebook ဈေးကွက်တန်ဖိုးသည် ဒေါ်လာ တစ်ဆယ့်ငါး ဘီလီယံ ကျော်သွားပါပြီ။
စာရင်းအင်းပညာ
စာရင်းအင်း ပညာ
စာရင်းအင်း ပညာ (statistics) သည် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပါယ်ဖော်ထုတ်ခြင်း (explanation) နှင် ရှင်းလင်း တင်ပြခြင်း (presentation) တို့ဖြစ်သည်။
Contents
1 နိဒါန်း
2 သမိုင်းကြောင်း
3 အဓိပ္ပါယ်ဖွင့်ဆိုချက်
4 အဆင့်များ
5 စာရင်းအင်းအမျိုးအစားသတ်မှတ်ချက်
6 ရည်ညွှန်းကိုးကား
စီမံခန့်ခွဲခြင်းပညာ
Labels:
စီမံခန့်ခွဲခြင်း
စီမံခြင်းနဲ့ ခန့်ခွဲခြင်း စကားနှစ်လုံးကို ပေါင်းပြီး `စီမံခန့်ခွဲခြင်း´ဆိုပြီး စကားလုံး တစ်လုံးတည်းအဖြစ် သုံးစွဲ ကြပါတယ်။ စီမံခန့်ခွဲခြင်းလို့ ဆိုလိုက်တာနဲ့ ထိရောက်မှုလည်း ရှိပါတယ်။ တိကျ ပြတ်သားမှုလည်း ရှိတယ်။ လေးနက်ထိရှတဲ့ အဓိပ္ပာယ်လည်းဆောင်တယ်။နှစ်လုံးပေါင်းတစ်လုံးဆိုပေမယ့်တစ်လုံးချင်းစီမှာလည်း ပြည့်စုံတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ စီမံခြင်းဆိုတာ အစီအမံ ပြုတယ်၊ စီစဉ် မွမ်းမံတယ်၊ ခန့်ခွဲ ခြင်းဆိုတာ တွက်ချက်ခန့်မှန်း ခွဲခြမ်း စိတ်ဖြာတယ်။ စီမံခန့်ခွဲတယ်ဆိုတော့ စီစဉ်၊ မွမ်းမံ၊ တွက်ချက်၊ ခန့်မှန်း၊ ခွဲခြမ်း၊ စိတ်ဖြာတယ်ဆိုတဲ့ အဓိပ္ပာယ် အသွယ်သွယ် ပူးပေါင်း ပါဝင်သွားပါတယ်။ ဒီတော့ စကားလုံးကိုက လေးနက်၊တည်ကြည်၊ ပီပြင်၊ ထင်ရှား ဖြစ်သွားပါတော့တယ်။ ဒါက `စီမံခန့်ခွဲခြင်း´ ကို မြန်မာစာ ခက်ဆစ်အဓိပ္ပာယ် အလိုအရခွဲခြမ်းစိတ်ဖြာစိစစ်လေ့လာသိခြင်း ဖြစ်ပါတယ်။
ရှိတ်စပီးယား ၀ီလီယံ ရှိတ်စပီးယား (အက်ဒ်ဝပ် ဒီ ဗေရာ)
William Shakespeare
Born ၁၅၅၀
ဗြိတိန်နိုင်ငံ Died ၁၆၀၄
Known for ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ ကဗျာလင်္ကာဆရာ
ဝီလီယံ ရှိတ်စပီးယား(William Shakespeare)(၁၅၅၀-၁၆၀၄)သည် ကမ္ဘာ့စာပေလောက ကိုလှုပ်ခတ်နိုးနိုင်ခဲ့သည့် နာမည်ကျော် ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ကဗျာလင်္ကာဆရာ ဖြစ်သည်။ကလောင်နာမည်တစ်ခုသာဖြစ်သည့်အတွက် ရှိတ်စပီးယားကို မည်သူမှမသိကြပေ။ သို့ဖြင့် မည်သူဖြစ်မည် ဟုအငြင်းပွားလာသည်မှာ ၂၀ရာစုလယ် အထိဖြစ်သည်။ နောက်ဆုံး အနီးစပ်ဆုံး မှန်းဆ၍ရသူမှာ ၁၇ဆက်မြှောက် အောက်စဖို့မြို့စား အက်ဒ်ဝပ် ဒီ ဗေရာ(Edward de Vere)ဖြစ်သည်ဟု ဆိုကြပါသည်။
ဗိုလ်ချုပ်ဆောင်ဆန်း၏ဇာတာ(ဆန်းစစ်ချက်)
အမှန် အားဖြင့် ဤဆောင်းပါးသည် ၂၀၀၉-ခုနှစ်၊ ဖေဖေါ်ဝါရီလ သူရဇ္ဖ မဂ္ဂဇင်းတွင် ဆရာ တင်နိုင်တိုး ရေးသားသော “ပြန်လည် ဆန်းစစ်သင့် သော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဇာတာ” ဆောင်းပါး ကိုဦးတည်၍ ပြန်လည် ရေး သားသော  နောက်ဆက်တွဲ ဆောင်းပါး ဖြစ်ပါ၏။
Sunday, April 17, 2011
ဒီမိုကရေစီ
"မဲခွဲဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီ၏ အဓိက လမ်းစဉ်ဖြစ်သည်။
ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး၊ မပြတ်သားဆုံး နိုင်ငံရေးယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ်နိုင်ငံများသည် ၄င်းတို့ကို ၄င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် အားလုံးက ဖော်ပြလေ့ရှိသည်။ ၁၉၅၀ ခုနှစ်တွင် ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသော စရိုက်လက္ခဏာကို တွေ့ရှိရသည်။ နိုင်ငံရေးစနစ်အပြည့်အဝရှိကြောင်း ကြေငြာဖော်ပြကြသည့် တက်ရောက်သည့် နိုင်ငံပေါင်း (၅၀) ကျော်တို့က ၄င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး (တစ်ခါတရံတွင်မူ ၄င်းတို့နိုင်ငံ၌သာလျှင်) ရှိသည်ဟု အခိုင်အမာ ဆိုကြသည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။
ဟစ်တလာ အကြောင်းလေ့လာကြည့်ကြပါစို.
အားဒေါလ်ဖ် ဟစ်တလာ
Adolf Hitler
Born ၁၈၈၉ ဧပြီ ၂၀
ဩစတြီးယား Died ၁၉၄၅ ဧပြီ ၃၀
ဘာလင်၊ ဂျာမနီ Signature
| ကြင်ဖော် = Eva Braun နာမည်အပြည့်အစုံမှာ "အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။ သူ့ ကို ၁၈၈၉ ခု ဧပြီလ ၂၀ ရက်နေ့တွင် ယနေ့  သြစတြီးယားပြည်နယ်မြောက်ပိုင်း Braunau am Inn တွင် မွေးဖွားခဲ့သည်။ သူ၏မွေးရပ်မြေမှ ဂျာမဏီနိုင်ငံသို့ ကူးပြောင်းနေထိုင်ခဲ့ပြီး ဂျာမဏီနိုင်ငံရေးလှုပ်ရှားမှုမျာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသား ဆိုရှယ်လစ် အလုပ်သမားများ ပါတီ (NSDAP) ၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်မှစ၍ ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည် ၁၉၄၅ ခုနှစ်အထိ သူ့ ကိုယ်သူ "အမျိုးသားခေါင်ဆောင်" ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့  ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်းသိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့ တွင် သူနေထိုင်ရာ ဘာလင်မြို့ နန်းတော်တွင်း၌ သူ့ ကိုယ်သူပင်အဆုံးစီရင်ခဲ့သည်။
ကမ ၻာ့ အံ့ဖြယ္မ်ား
၁၆ ရာစုမှ Marten Heemskerk ဖေါ်ပြသော ရှေးဟောင်း ကမ္ဘာမှ အံ့ဖွယ် ခုနစ်ပါး
လူသားတို့ တည်ဆောက်ခဲ့သော အဆောက်အဦးများနှင့် သဘာဝအတိုင်း ထူးဆန်းသော နေရာဒေသများအား မှတ်တမ်း တင်ထားရန်အတွက် ခေတ်အဆက်ဆက်တွင် အမျိုးမျိုးသော ကမ္ဘာ့ အံ့ဖွယ် များကို ရွေးချယ်ပြုစုခဲ့ကြသည်။ ပထမဆုံးသော ထင်ရှားသည့်မှတ်တမ်းမှာ ရှေးဟောင်း ကမ္ဘာမှ အံ့ဖွယ် ခုနစ်ပါးဖြစ်၍ လူသားတို့ တည်ဆောက်ဖန်တီး ခဲ့ကြသော ဂန္တဝင် လက်ရာများ ဖြစ်သည်။ ထိုမှတ်တမ်းမှာ ရှေးဟောင်းဂရိတို့၏ ထူးဆန်းသော နေရာဒေသများ လမ်းညွှန်စာအုပ်မှ အခြေခံထားပြီး မှတ်တမ်းပါ ထူးဆန်းသော နေရာ ခုနစ်ခုမှာ မြေထဲပင်လယ် (Mediterranean sea) တစ်ဝိုက်တွင်သာရှိသည်။ ထိုခုနစ်ခုအား ဂရိတို့ ရွေးချယ်ခဲ့ကြခြင်းမှာ ဂမ္ဘီရဆန်သော အရာများအဖြစ် ယုံကြည်ခဲ့ကြ သောကြောင့် ဖြစ်သည်။ ရှေးဟောင်း အံ့ဖွယ် ခုနစ်ပါးအား အတုယူ၍ ပြုစုခဲ့ကြသော အခြား ထင်ရှားသည့် ကမ္ဘာ့ အံ့ဖွယ်ခုနစ်ပါး မှတ်တမ်းမှာ အလယ်ခေတ် အံ့ဖွယ်ခုနစ်ပါး မှတ်တမ်း နှင့် ခေတ်သစ်အံ့ဖွယ်ခုနစ် ပါး မှတ်တမ်းတို့ ဖြစ်ကြသည်။
Wednesday, April 13, 2011
ကဗျာ့သဘောနှင့် ကဗျာ့ရည်ရွယ်ချက်
by Aye Min on Wednesday, April 13, 2011 at 11:44pm
(၁၉၆၁ ခု၊ စာဆိုတော်နေ့၌ ပြောသောစာ)
    ကဗျာ့သဘောနှင့် ကဗျာ့ရည်ရွယ်ချက်တို့ကို သိလိုလျှင် ကဗျာဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်းအ တွက် အဖြေရှာဖို့လိုမည်ဟု ထင်ပါသည်။ တစ်ဖန် အဖြေရှာရာ၌ အဖြေရပြီဟု ပြော၍ရရုံမျှမဖြစ်စေဘဲ ကဗျာရေးလိုသူ အားလည်းကောင်း၊ ကဗျာလေ့လာ လိုသူအားလည်းကောင်း တကယ့် အထောက်အပံ့ပေးနိုင်သည်အထိ အဖြေရှာသင့် သည်ဟုလည်း ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ကဗျာဝါသနာရှင်ဦးရေသည် တစ်နေ့တခြား တိုးပွား နေသည်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။
အနာဂတ် နိုင်ငံတော်
အချိန်က ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း ဖြစ်၏။ အရာရာ သစ်လွင်သော နိုင်ငံတော် အဖြစ်သို့ ရောက်ရှိရန် အစိုးရ အသစ်များ ကြိုးစားအားထုတ်နေကြချိန် ဖြစ်သည်။ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြသလို ၊ ဆက်သွယ်ရေးနှင့် သတင်းကဏ္ဍများတွင်လည်း အချိန်နှင့်တပြေးညီ ဖြစ်အောင်လည်း ဆောင်ရွက်နေကြသည်။ ရေလှောင်တမံများမှ ထုတ်လုပ်သော လျှပ်စစ်ဓါတ်အားများဖြင့် နိုင်ငံအနှံ့ ထိန်ထိန်လင်း နေချိန်လည်း ဖြစ်သည်။
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အသစ်အတွက် ဌာနပေါင်းစုံမှ နေ့မအားညမအား ကြိုးစားနေကြချိန် အားလုံးထဲတွင် ထူးထူးခြားခြား နာမည်ထွက်လာသည်မှာ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်သည်။ နိုင်ငံရဲ့ အရင်းအမြစ်များကို ဖော်ထုတ်ပြီး မသမာမှုများ လာဘ်ပေးလာဘ်ယူမှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသဖြင့် သူ့လက်ချက်ကြောင့် ရာထူးမှ ဖယ်ရှားခံရသူများ၊ ရာထူးလျောကျသူများ အများအပြား ပေါ်ထွက်လာသဖြင့် ပြည်သူအများ ကျေနပ်ပီတိ ဖြစ်နေကြရသည်။ သူ့ထံ ချဉ်းကပ်ပြီး လာဘ်ပေးရန် ကြံစည်သော စီးပွားရေး သမားများကို ကိုယ်တိုင် သက်သေ လုပ်ပြီး ပြစ်ဒဏ်ကျခံစေသောကြောင့် မသမာသည့် စီးပွားရေးသမားများ မလှုပ်ဝံ့တော့ပေ။ ရိုးရိုးသားသား လုပ်ကိုင်သူများကတော့ နှစ်ထောင်းအားရဖြစ်ကာ နိုင်ငံဆိုတာ ဒါမျိုးဖြစ်ရမှာဟု အချင်းချင်း လက်ဝါးရိုက်ပြီး အားပါးတရရေရွတ် ကြသည်။
ကမ္ဘာအိုကြီးနှင့် ရိုင်းစိုင်းကပ်ပါးကောင်များ
(က)
ရမယ်ဆိုရင်
ကမ္ဘာကြီးကို
ခဏလောက်ပျော့ခိုင်ချင်တယ်
လောက်စာလုံးတဲ့ ရွံ့အရွယ်ပေါ့
ပြီးမှ
လိုတဲ့ပုံပြန်သွင်းမယ်လေ
ခုကမ္ဘာကြီးက အဖုအထစ်တွေများနေပြီ …
Monday, April 11, 2011
ထူးအိမ်သင် ကဗျာများ
မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...
အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။
Sunday, April 10, 2011
စင်ဒရယ်လားသည် စင်ဒရယ်လား ဖြစ်မြဲပါ
ရေးသူ- မြသန်းတင့်
ကျနော်မမေ့တဲ့လေထီးဗိုလ်အုန်းမောင်
ရေးသူ- ရဲဘော်ဖိုးသံချောင်း
အော်-မဲနယ်တောင်
ရေးသူ- ဖိုးသံ(လူထု)
ပြောသူသာ ပက်လက်လန်လိမ့်မယ်
ရေးသူ- လူထုစိန်ဝင်း
ပဲခူးနှင့် ဧရာဝတီတိုင်းမှာ ကလေးငယ်များ ထူးဆန်းစွာ ပျောက်ဆုံးနေ
Way Min Way Min 6:17am Apr 10
2011-04-06
ပဲခူးတို်င်း အနောက်ဖက်ခြမ်း လက်ပံတန်းမြို့နယ်၊ ခမုံတိုက်နယ်၊ သာရဝေါနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်တွေ မှာ အသက် ၅ နှစ်က ၁၂နှစ် အရွယ်ကလေးတွေ ပျောက်ဆုံးနေတယ်လို့ RFA က ကြားသိရပါတယ်။
ကျေးရွာနေ ကလေးနှစ်ဦးကို အမှိုက်များ ပွနေသည့် ရွာလမ်းပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။
ကလေးတွေကို ခေါ်ယူသွားသူတွေဟာ ဂိုဏ်းဖွဲ့ လှုပ်ရှားနေသူတွေ ဖြစ်နိင်တယ်လို့ ပဲခူးတိုင်း သာယာဝတီ မြို့ခံတဦးက အခုလိုပြောပါတယ်၊
ရှင်ကွဲ
ရေးသူ - နုနုရည် အင်းဝ
[ကျမရဲ့ မိတ်ဆွေ ရဲဘော်ကြီးရဲ့ ၆၀ပြည့် မွေးနေ့ အမှတ်တရ စာအုပ်အတွက် ၀တ္ထုလေးပါ။
အကြောင်းအမျိုးမျိုးတွေနဲ့ ရှင်ကွဲ ကွဲနေကြရတဲ့ သူတွေကိုကြည့်ပြီး စိတ်ထိခိုက် ခံစားမိရာကနေ ဒီဝတ္ထုလေးကို ရေးဖို့ အာရုံရတာပါ။
ကျမ ချစ်မိတ်ဆွေကြီး ခင်မျာမလဲ ချစ်လှတဲ့ တိုင်းပြည်နဲ့ရှင်ကွဲ ကွဲနေရတာ ကြာရှာပါပကောလား။
ကျမရဲ့ မွေးနေ့လက်ဆောင်လေးကို ကြိုက်တယ်ဆိုလို့ သိပ်ဝမ်းသာပါတယ်။
မာယာမှာလဲ သုံးလို့ရပါတယ်။
စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ
မနု
တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့ဝင်လိုက်တာနဲ့ အိမ်ရဲ့အနံ့ကို ကျွန်မရတယ်။ ဟိုး..... လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက်ချထားတဲ့ ကောလိပ်ကျောင်းသူဘ၀နဲ့ ပြန်လာတုန်းကလည်း သည်အနံ့ပါပဲ။ လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေးထဲမှာ နဖူးဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက်ငါးဆယ်ကျော် မိန်းမတယောက်။
Saturday, April 9, 2011
အောင်ဆန်း - သို့မဟုတ် - အရိုင်း
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျှက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထု အစိတ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြော၍နေ၏။ သို့သော် ပျက်ရယ်ခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီ တညွတ်တည်း တည်ရှိ၏။ အစိမ်းပုတ်ရောင် ကတ္တီပါ ကားကြီးသည် သူ့ကို နောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်မှ ခြယ်လှယ်ထားခြင်းမရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ၊ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာ ဆောင်၍ နေသည်။ သူသည် သည်စိမ်းညို့မှိုင်းသော ကားကြီး၏အရှေ့ စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြောနေသည်။ သူသည် ဗမာ့ပထဝီ မြေကြီးမှ ဗမာ့ ဝါဂွမ်းစစ်ဖြင့် ယက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်၊ မျက်နှာ အသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ အနွယ် လူရိုင်း မျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတယောက်၏ မျက်နှာနှင့်လည်း တူ၏။ တက္ကသိုလ် ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း တို့သည် သူ့တွင် လုံးဝ မခိုအောင်း၊ လမ်းပေါ်တွင် နေရာတကာ တေံ့မြင်နိုင်သော သာမန် ဆင်းရဲသား တဦးနှင့်သာ တူ၏။
ကြက်ဖ၊ ကြက်မ သရော်စာ
ဧပြီ ၅၊ ၂၀၁၁
ကားကြိတ်ခံရသည့် ကြက်အကြောင်း ဆွဲဆန့် ရေးသားချက်များ ဖြစ်သည်။ ဟာသ စာရေးဆရာ အကြည်တော်က ဖြစ်စဉ် ၃ ခု ခွဲပြီး လူ့စရိုက်ကို ပုံဖော် သရော်သည်။ သူ၏ ရေးသားချက်များကို ပြီးခဲ့သည့်နှစ်က အစပြုပြီး FaceBook, Gmail နှင့် ဘလော့စာမျက်နှာများမှတဆင့် အကြိမ်ကြိမ် ဖြန့်ဝေသဖြင့် ယခုအခါ အင်တာနက်တွင် ပျံ့နှံ့နေသည်။
တချို့က အနည်းငယ် ဖြည့်စွက်ရေးသားပြီးမှ ဖြန့်သည်ကို တွေ့ရလေသည်။
ပြောင်မြောက်သော သရော်ချက်များဖြစ်သောကြောင့် မိုးမခ ပရိသတ်များ ဖတ်ရှုနိုင်ရန် သို့မဟုတ် ထပ်မံဖတ်ရှုနိုင်ရန် ကူးယူ ဖော်ပြလိုက်သည်။
အတွေး ၁)
ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက်သွားသည်။
ကောလိပ်ဂျင်နေ၀င်း(မင်းသား)
ငယ်ဘဝ
ကောလိပ်ဂျင်နေဝင်းကို ၁၉၂၈-ခုနှစ်၊ အောက်တိုဘာ(၁) ရက်နေ့တွင် ဟင်္သာတမြို့၊ ညောင်ပင်သာရွာ၌ အဖ အငြိမ်းစားရဲဝန်ထောက် ဦးသက်ဖေ နှင့် အမိ ကျောင်းဆရာမ ဒေါ်တင်တို့မှ တစ်ဦးတည်းသောသားအဖြစ် မွေးဖွားခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။ အဘိုးအဘွားနှင့် ဘကြီးတို့လက်အောက်တွင် ကြီးပြင်းခဲ့ရသည်။ ဘ၀ပေး အခြေအနေအရ ဟင်္သာတမြို့တွင် လှည့်လည်၍ နွားနို့ရောင်းရင်း၊ သတင်းစာပို့ရင်း ဟင်္သာတမြို့ မစ္စတာကမ်းမင်း ဟိုက်စကူး ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၀ါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။
လုံချည်
မြန်မာ့တိုင်းရင်းသား ရိုးရာဝတ်စုံများ
၁၈၀၀ ခုနှစ်နောက်ပိုင်းကာလ တောင်ရှည်ပုဆိုးဝတ်ထားသော ဗမာယောက်ျားတစ်ဦးအား တွေ့ရပုံ
အမည် ပုဆိုး(သို့) လုံချည်
အသုံးပြုသောနိုင်ငံ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ
အခြားအမည်များ အမျိုးသားများအတွက်-ပုဆိုး၊လုံချည်၊ တောင်ရှည် (၁၈၀၀ ခုနှစ် ဝန်းကျင်ခန့်က)
အမျိုးသမီးများအတွက်- ထမီ၊လုံချည်
အသုံးပြုသော လူမျိုးများ ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယားနှင့် အခြား မြန်မာပြည်ဖွား တိုင်းရင်းသား မောင်နှမများ
လုံချည် ဝတ်ဆင်ထားသော ဗမာယောက်ျားတစ်ဦးပုံ
လုံချည် (ဗမာလို- လုံချည်၊ MLCTS: lum hkyany; အသံထွက် [lòuɴdʑì]) ဆိုသည်မှာ အဝတ်စဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်ကြသည်။ လုံချည်သည် ၂ မီတာ (၆ ၁/၂ ပေ) ခန့်ရှည်ပြီး ၈၀ စင်တီမီတာ (၂ ၁/၂ ပေ)ခန့် ကျယ်သည်။ အစကို ပုံမှန်အားဖြင့် ဆလင်ဒါပုံစံဖြစ်အောင် ကွင်းလုံး ချုပ်ထားသည်။ ၎င်းကို ခါးပတ်ဝန်းကျင်မှ ခြေမျက်စေ့ နားအထိဝတ်ဆင်သည်။ ၎င်းကို ခါးတွင် အစတစ်ခုပေါ် တစ်ခု ထပ်ခေါက်၍လိပ်ပြီး အထုံးမပါဘဲ ဝတ်ကြသည်။ တစ်ခါတစ်ရံ သက်သောင့်သက်သာရှိစေရန် ၎င်းကိုဒူးခေါင်းနားအထိ ရောက်အောင် ဝတ်ဆင်ကြသည်။
အလားတူ အဝတ်အထည်များကို အိန္ဒိယ၊ ဘင်္ဂလားဒေ့(ရှ်)၊ သီရိလင်္ကာ၊ မလေးကျွန်းဆွယ်နှင့် ယုဇ်ဒီဖောရာ (Juiz de Fora) တို့တွင် တွေ့နိုင်ပါသည်။
သတင်းယူလာသူကို ဘာကြောင့်ဖြစ်မှာလဲ Why shoot the messenger?
by Bo K Nyein on Sunday, April 10, 2011 at 9:23am
တခါတခါ ..နိုင်ငံရေးမှာ … တကယ့်အဖြစ်ကို မသိချင်ကြဖူး ..လို့ခံစားရတယ် …
အထူးသဖြင့် … ပကထိ အနေအထားဟာ … စိတ်ကူး ကမ္ဘာထဲ က အနေအထားနဲ့ အများကြီး ကွာဟနေရင် ..မသိတာပဲ ကောင်းတယ်လို့ ..ယူဆ .. နေကြ..လို့လား..မသိ…
စာရေးသူရဲ့ သုံးသပ်ချက်ဟာ .. တခြားသူတွေ နဲ့ … သိပ်မနီးစပ်တတ်….
တချို့ က ..ကောင်းတော့ကောင်းပါတယ် ..အစိုးရ .. ဖက်..ကို ဖက်လိုက်တယ်..ထင်ကောင်းထင် ကြလိမ့်မယ် ….
အများက … ရန်-ငါ-စည်း .. အမြင်..စွဲ ..နေပြီး ..အစိုးရ..ဆိုတာနဲ့ ... မကောင်းတာလေးပါမှ …
ကျေနပ်ကြတယ် …. ချဉ်-ငံ-စပ် လေးစားရမှ..တင်းတိန် ..သူတွေလိုပေါ့ ….မကောင်းတာလေးကြား ရမှ  ….လေချင်လေးလည်…ပြီ…ဟင်း..ဆို ..နေသာထိုင်သာ..ရှိသွားကြတယ် ….
မသိ..စိတ်မှာ … ကပ်ပါနေတတ်ကြတာကိုး….
ရှေ့ကလူကြီးတွေဆီက သင်ခန်းစာယူပါမှ
Thursday, June 3, 2010
မောင်ဝံသ
(၂၀၁၀ခုနှစ်၊ မေ ၂၀ ရက်နေ့ထုတ် Popular New ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။ ) ငါးထောင်တန် ကိုင်ကြည့်ရင်း
တစ်နေ့က ကျွန်တော်ရတဲ့စာမူခထဲမှာ ကျပ်ငါးထောင်တန် ငွေစက္ကူတစ်ချပ် ပါလာတယ်။ ငါးထောင်တန် ငွေစက္ကူကို ကိုင်ကြည့်ရင်း ‘‘တောင်ကျရေ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရ သော်ကြောင့်’’ လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း လေးချိုးကြီး တစ်ပုဒ် ရေးခဲ့သော သတိရမိသဗျာ။
၉၁ ဌာန အုပ်ချုပ်ရေးခေတ် ဗြိတိသျှလက်အောက်ခံ ဘ၀တုန်းက ၀န်ကြီးလစာဟာ ကျပ်ငါးထောင် တဲ့ဗျ။ အဲသည် ခေတ်က ရွှေတစ်ကျပ်သား ၁၅ ကျပ်ဆိုလား ရှိနေတဲ့အချိန်မှာ ဒိုင်အာခီ အစိုးရ၀န်ကြီးက လစာ ငါးထောင်ကျပ် ဆိုတော့ ၀န်ကြီး လစာက ရွှေ ၃ ပိဿာ ကျော်မက ရနေတာပဲ။ နိုင်ငံရေး သမားတွေ မက်မယ်ဆို မက်လောက် ပေတာပဲ။ (ဒီခေတ်မှာ ရွှေ ၃ ပိဿာလောက် မပြောနဲ့၊ လက်ကိုင်ဖုန်း ၁ လုံးလောက်နဲ့ကို သတ်ကြပုတ်ကြဖြစ်သူတွေ ဖြစ်ခဲ့တယ်လို့ ကြားဖူးတယ်ဗျ။ ။ စကားချပ်)
ပွင့်တဲ့ ပန်းတိုင်းလန်းစေချင်
*** ပွင့် တဲ့ ပန်းတိုင်း လန်းစေချင်***
အခု ချမ်းချမ်းပြောမဲ့ အကြောင်းအရာလေးက အတင်းအဖျင်း အနေနဲ့တစ်ဖက်မိန်းမသားကို...နှိမ်ချင်လို့  အထင်သေးလို့ မဟုတ်ဘူးနော်..
ယောကျာ်းလေးတွေကို.အထင်သေးလို့ လဲမဟုတ်ဘူး..ဖြစ်တတ်တဲ့ သဘောတွေကို..မိန်းကလေးတိုင်း..သိသင့်တယ်ထင်လို့ ..ဆင်ခြင်နိုင်အောင်လို့ ..
မျှဝေတာပါ..ပတ်ဝန်းကျင်က ပေးတဲ့ သင်ခန်းစာပေါ့...
ဘ၀ပျက်တဲ့ မိန်းကလေးဆိုတာလမ်းဘေးရောက်သွားမှ
ဘ၀ပျက်တာမဟုတ်ပါဘူး။လူမသိဘဲသိမ်ငယ်သွားတာ၊အမြဲ
အားငယ်သွားတာ၊စိုးတထိတ်ထိတ်ဖြစ်နေရတာတွေ ...ကိုယ့်ကိုယ် ကိုယုံကြည်မှုတွေ..နည်းပြီး..နောင်တတရားနဲ့ ရင်မှာပူလောင်နေတာဘ၀ပျက်မတက်ပါဘဲ၊
ဒါက ဘ၀ကိုတန်ဖိုးထားခဲ့ရင်ပေါ့..
တန်ဖိုးမထားတဲ့ မိန်းကလေးအတွက်တော့..ဒီကိစ္စတွေက..ထူးဆန်းလိမ့်မယ်မထင်ဘူး...
သရဲများနှင့်တခြားပုံပြင်တိုများ
ကြောက်တတ်ရင်တော့ မဖတ်ပါနဲ့ဗျာ။
ဟန်နီထွန်း နှင့် ဘဲသရဲ
လွန်ခဲ့တဲ့ ၄နှစ်က ဟန်နီထွန်းက ဘဲတစ်ကောင်ကိုမွေးတယ်။ ဘဲက နောက်တစ်နှစ်မှာဆုံးရော။ နောက်တစ်ရက်တျတော့ ဘဲကသရဲဖြစ်သွားတယ်။ ဟန်နီထွန်းက အဲဒီ ဘဲလည်း တွေ့ကော ထွက်ပြေးသွားတယ်။ "သမီး။ ဘာဖြစ်တာလဲ"ဟန်နီထွန်းရဲ့ အဖေကမေးတယ်။ "သမီးကတော့ ဘဲသရဲ တွေ့တယ်။"ဟန်နီထွန်းပြောတယ်။ ဟန်နီထွန်းနဲ့ သူမရဲ့ အဖေကတော့ စိတ်တိုတိုနဲ့ ဘဲသရဲကို သတ်လိုက်တယ်။
ကျနော် ခွဲထွက်ရေးသမား
ကျနော် ခွဲထွက်ရေးသမား
မျက်မှောက် မြန်မာ့နိုင်ငံရေး ပြဿနာတွင် ခွဲထွက်ရေးပြဿနာသည် အဓိကအချက်အနေဖြင့် ပါဝင် နေသည်။ တချို့က ခွဲထွက်ခြင်း၏ အကျိုးအပြစ်များကို စနစ်တကျ ခွဲခြမ်းစိပ်ဖြာပြီးမှ ခွဲ မထွက်သင့်ဟု ယူဆသူများလည်း ရှိကြသည်။ တချို့လည်း ဘာပဲဖြစ်ဖြစ် ခွဲမထွက်သင့်ဟု အမြင်ရှိကြသည်။ တချို့လည်း ဘာပဲဖြစ်ဖြစ် ခွဲထွက်မှ ဖြစ်မယ်ဟု အမြင် ရှိကြသည်။ တချို့လည်း တိုင်းရင်းသားများအား ရာသက်ပန် လက်အောက်ခံအဖြစ် ထားလိုပြီး ခွဲထွက်ရေးကို ခွင့်မပြု လိုသူများ ရှိကြသည်။ တချို့လည်း ပေါင်းနေသောအားဖြင့် အမျိုးသား အခွင့်အရေးများ ဆုံးရှုံးသည် အကျိုးမရှိမည့် အတူ ခွဲထွက်လိုကြသည်။ ခွဲထွက်ရေးကို ခွင့်မပြုဆိုသူများ၏ နောက်ကွယ်တွင် ပယောဂ မျိုးစုံ ပါလာသည်။ ခွဲထွက်ခွင့်ကို တားမြစ်လိုလျှင် အကျိုးတူ ဖြစ်ဖို့လိုသည်။ အကျိုးမတူလျှင် အကျိုးရှိသူကသာ ခွဲထွက်ခွင့်ကို ဆန့်ကျင်မည် ဖြစ်သည်။ အကျိုးယုတ်သူများ၏ ဆန္ဒကား ခွဲထွက်ရန် အမြဲတန်းကြိုးပမ်း နေမည်ဖြစ်သည်။ လိုရင်းအားဖြင့် ခွဲထွက် လိုသောပြဿနာသည် အကျိုးတူ မတူ ဆိုသည့် ပြဿနာပင် ဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် ခွဲထွက်ရေးကို ပြောဖို့အတွက် ကြောက်နေကြသည်။ ဗမာအများစုကလဲ ကြောက်နေ ကြသည်။ ဗမာမဟုတ်သော တခြား အမျိုးသားများကလဲ ကြောက်နေကြသည်။ သူတို့ ကြောက်နေ ကြသည်မှာ အထက်ပါ အကြောင်း အမျိုးမျိုး ရှိနိုင်သည်။ တချို့အကြောင်းပြချက်မှာ ခွဲထွက်ရေးသည် မျက်မှောက်ကမ္ဘာတွင် ခေတ်ကုန် သွားပြီ မည်သည့် နိုင်ငံမှ မထောက်ခံ။ ထို့ကြောင့် ခွဲထွက်ရေးကို မပြောသင့်ဟု ဆိုကြသည်။ ပြောသောအားဖြင့် အာဏာရ ရန်သူ၏ အမြတ်ထုတ်မှုကိုသာ ခံသွားရမည်ဟု ဆိုကြသည်။ အာဏာရ အဆက်ဆက်သည် ခွဲထွက်ရေး သမားများအဖြစ် အမြဲတမ်း စွပ်စွဲလာသူများ ဖြစ်သည်။ ဤသည်ကို ချေပရန် အတွက် ခွဲထွက်ရေး စကားကို မပြောသင့်ဟု ဆိုကြသည်။  ဤသည်ပင်လျှင် အမှန်တရားကို မျက်ကွယ်ပြုခြင်း ဖြစ်သည်။ ဤပြဿနာသည် ကြောက်နေ၍ ပြီးသွားမည့် ပြသနာမဟုတ်။ ခေါင်းရှောင်နေ၍ ပြေလည်သွားမည့် ပြဿနာမဟုတ်။ ဖုန်းကွယ်ထား၍ ရမည့် ပြဿနာလည်း မဟုတ်သည်ကို သတိပြုသင့်သည်။
ခွဲထွက်ရေး၏ အမှန်တရားသည် မည်သူမျှ ပါယ်ဖျက်၍ မရသော လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေး (Basic Rights) ဖြစ်သည်။ ခွင့်ပြုချက်ကို လက်ဖြန့် တောင်းစရာ မလိုသည့် အခွင့်အရေး ဖြစ်သည်။ တဖက်တွင် သမိုင်းတလျှောက်လုံး သီးခြားစီ နေထိုင် လာခဲ့ကြခြင်းလည်း ဖြစ်သည်။ အမှန်တရားကို ငြင်းပါယ်နေသမျှ၊ ဟန်ဆောင် နေသမျှ၊ မျက်ကွယ်ပြုနေသမျှ ကာပတ်လုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက် ဖွံ့ဖြိုးရေးနှင့် အလှမ်း ဝေးနေမည်သာ ဖြစ်သည်။ အာဏာရ အဆက်ဆက်သည် ခွဲထွက်ရေးကို အင်အားသုံး တားမြစ် လာခဲ့ကြသည်။ တနည်းအားဖြင့် စည်းရုံးရေးကို အင်အားသုံး တည်ဆောက် လာခဲ့ကြခြင်း ဖြစ်သည်။ ပဒေသရဇ်ခေတ် အဆက်ဆက်ကို အားကျ နေကြသူများ ဖြစ်သည်။ ၀ံသာနု လွန်ကဲသူ ဗမာများကလည်း အားပေး ထောက်ခံလာကြသည်။ ၀ံသာနုစိတ်ဓါတ် ဆိုသည်မှာ လူမျိုးတိုင်းအတွက် ကောင်းသော လက္ခဏာရပ် တခုဖြစ်သည်။ သို့သော် လိုအပ်သည်ထက် ကျော်လွန်လျှင် အမုန်းပွါးမှုကိုသာ ရစေ တတ်ပါသည်။ မြန်မာနိုင်ငံသည် အမုန်းပွါးမှု သာမက ပဋိပက္ခသံသရာ ရှည်ကြာနေသော နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကိုယ့်လူမျိုးကို ကိုယ်ချစ်လျှင် တရားခံဖြစ်သည်။
ဤသို့ဆိုလျှင် ကျနော်လည်း ခွဲထွက်ရေးသမားပင် ဖြစ်သည်။ ကျနော့ ခွဲထွက်ရေးက သူများနှင့် တူချင်မှ တူမည်။ ရခိုင်တို့သည် အတိတ်သမိုင်း တလျှောက် သီးခြားနေလာသူများ ဖြစ်ခြင်း၊ ခွဲထွက်ခွင့်သည် လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်ခြင်း၊ ပူးတွဲနေလာသော ရာစုတ၀က်ကျော် သက်တမ်းအတွင်း အကျိုးဖြစ်ထွန်းမှုဟူ၍ ပြစရာမရှိခြင်း။ ထို့ကြောင့် ပူးတွဲ နေသောအားဖြင့် အကျိုးယုတ်မဲ့အတူ သီးခြားနေလိုခြင်း၊ သီးခြား နေသောအားဖြင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်ရခြင်း၊ သူတပါး၏ ခေါင်းပုံဖြတ် ချယ်လှယ်မှုအောက်မှ လွတ်ကင်းသွားခြင်း။ အနိမ့်ဆုံးအားဖြင့် လူမျိုးခြား လက်အောက်ခံ ကျွန်အဖြစ်ဖြင့် ချမ်းသာခြင်းထက် လွတ်လပ်စွာ ဆင်းရဲလိုခြင်း၊ လိုရင်းအားဖြင့် လူမျိုးပေါင်စုံ၏ အဓိက တောင်းဆိုချက် ဖြစ်သော စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို ဗိုလ်ချုပ်အောင်ဆန်းမှ အပ လက္ခံသူမပေါ်သေးခြင်း၊ လူမျိုးခြားတို့၏ လက်အောက်ခံ သူ့ကျွန်ဘ၀တွင်လည်း နေရသေးသည်။ ခေါင်းပုံဖြတ်မှုလည်း ခံရသေးသည်ဆိုလျှင် ထိုထက် လူဖြစ်ရှုံးခြင်း မရှိဟုယူဆခြင်း တို့ကြောင့် ကျနော်သည် သီးခြားနေလိုခြင်း (၀ါ) ခွဲထွက်လိုခြင်း ဖြစ်ပါသည်။
မိမိတို့ လက်ခံသော ညီညွတ်ရေးဆိုသည်မှာ တဖက်သတ် တည်ဆောက်၍မရ၊ အင်အားသုံး တည်ဆောက်၍ မရ၊ သခင်နှင့် ကျွန်ပုံစံ တည်ဆောက်၍ မရ၊ အလုပ်ရှင်နှင့် လုပ်သားပုံစံ တည်ဆောက်၍ မရ။။ ထိုသို့ တည်ဆောက်ခြင်း၏ ရလဒ်မှာ သံသယကိုသာ ရမည်။ အာဃာတကိုသာ ရမည်။ ပဋ္ဋိပက္ခကိုသာ ရမည်ဖြစ်သည်။ ညီညွတ်ရေး ဆိုသည်မှာ အကျိုးတူ တည်ဆောက်ရသည်မျိုး ဖြစ်သည်။ အပြန်အလှန် နားလည်မှုဖြင့် တည်ဆောက် ရသည်မျိုး ဖြစ်သည်။ ညီညွတ်ဖို့ လိုအပ်သည်ကို လူ့ကျင့်ဝတ်အရ သဘောပေါက် လက်ခံဖို့ လိုအပ်သည်။ ထိုသို့ တည်ဆောက်နိုင်မှ သာလျှင် စည်းနှောင်အား ပိုကောင်းမည် ဖြစ်သည်။ မျက်မှောက် နိုင်ငံတော်သည် စတုတ္တ မြန်မာနိုင်ငံတော် ဖြစ်သည်။ ပဒေသရဇ် တည်ဆောက်ပုံကို ပုံတူကူးချနေလျှင် တတိယ မြန်မာနိုင်ငံတော် ပြိုကွဲခဲ့သလို စတုတ္တ နိုင်ငံတော်လည်း တနေ့တွင် ပြိုကွဲမည်မှာ မုချပင် ဖြစ်သည်။ မပြိုကွဲသမျှ ကာလပတ်လုံး သွေးမတိတ် ရောဂါမှာ ဆက်လက်ပြီး ကြီးထွားနေမည် ဖြစ်ပါသည်။ (၂၀) ရာစုကုန်ပိုင်းသည် ကမ္ဘာလုံး ဆိုင်ရာတွင် အမျိုးသားနိုင်ငံများ ပြန်လည် စန်းပွင့်ချိန် ဖြစ်သည်။ ဆိုဗီယက်၊ ယူဂိုဆလားဗီးယား၊ ချက်ကိုစလိုဗက်ဂီးယား၊ အီသီယိုပီးယား၊ အင်ဒိုနီးရှားတို့မှ မွေးဖွါး ပေးလိုက်သော နိုင်ငံသစ် နှစ်ဆယ်ကျော်ခန့် ကုသမဂ္ဂတွင် တိုးလာခဲ့သည်။
အင်အားသုံး တည်ဆောက်လာသောကြောင့် ရာစုတ၀က် ကျော်သွားပြီဖြစ်သည်။ ဖွံ့ဖြိုးဖို့အစား ချွှတ်ခြုံ ကျသွားသည်။ တည်ငြိမ်မှု ရဖို့အစား လူမျိုးရေး အာဃာတများ တိုးပွါးလာသည်။ အကျိုးဆက် ရလဒ်အဖြစ် ပဋ္ဋိပက္ခသံသရာ ရှည်ကြာလာသည်။ သွေးမတိတ်သော ဒဏ်ရာကြီးသာ ဖြစ်လာသည်။ (၁၉၈၄) ခုနှစ်က  သောင်းကျန်းသူများအား နောက်လေးနှစ်အတွင်း အမြစ် ပြတ်စေရမယ်ဟု ဗိုလ်ခင်ညွန့် ကြုံးဝါးခဲ့သည်။ ယင်းမတိုင်မှီကလည်း ဗိုလ်နေ၀င်းက ကြိမ်ဖန်များစွာ ကြုံးဝါးခဲ့ဖူးသည်။ ကမ္ဘာတွင် နမူနာ ယူကြမည်ဆိုလျှင် အနာဂါတ်ပြည်ထောင်စုသို့ ဦးတည်လှုပ်ရှားမှုများလည်း အင်အားကောင်းသည်ထက် ကောင်းလာသည်။ ယင်းတို့မှာ ဥရောပသမဂ္ဂ၊ (CIS) နိုင်ငံများတို့ ဖြစ်သည်။ ပထမကမ္ဘာစစ် မတိုင်မှီက ဥရောပကို အင်ပါယာ ပိုင်ဆိုင်မှုနှင့် ဖွဲ့စည်းခဲ့သည်။ ပထမကမ္ဘာစစ်ပြီးနောက် အင်ပါယာများ ပြိုကွဲသွားပြီး အမျိုးသား နိုင်ငံများ ပေါ်ထွက်လာကြသည်။ နှစ်ဆယ်ရာစုကုန်ပိုင်းတွင် ကုသမဂ္ဂအဖွဲ့ဝင် နိင်ငံပေါင်း နှစ်ရာကျော်ထိ တိုးတက်သွားသည်။ ဆန္ဒကို မျက်ကွယ်ပြုပြီး အင်အားသုံး စည်းရုံးဖွဲ့စည်းခဲ့သော ဆိုဗီ ယက်ပြည်ထောင်စု တခုတည်းကပင်လျှင် အမျိုးသားနိုင်ငံပေါင်း တဆယ်ကျော် မွေးထုတ် ပေးခဲ့သည်။
ဗမာနှင့် တခြား လူမျိုးများအကြား တည်ရှိလာသော သံသယများ၊ အာဃာတများ၊ ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးသည် စစ်ဝါဒ ဖျက်သိမ်းရေးအဖြစ် ထားသင့်သည်။ ဗိုလ်နေ၀င်း အာဏာသိမ်းစက ဗမာဝံသာနုအများစုက ထောက်ခံခဲ့ကြ ဖူးသည်။ (၈၈) တွင် ကိုယ့်အလှည့် ရောက်တော့မှ သဘောပေါက် သွားကြသည်။ မျက်မှောက်တိုက်ပွဲကို ဗမာ ၀ံသာနု အစွဲသန်သူများနှင့် တခြား လူမျိုးရေး အစွဲသန်သူများ၏ တိုက်ပွဲအဖြစ် အဓိပ္ပါယ်ဖေါ်ကြသည်။ ဗမာပြည်သမိုင်းတွင် တည်ငြိမ်မှု၊ သင့်မြတ်မှုနှင့် ငြိမ်းချမ်းမှုဆိုမှာ ဘယ်တုန်းကမှ မရှိခဲ့။ ထို့ကြောင့် ဖက်ဒရယ်ကို လက်ခံသော ဗမာခေါင်းဆောင်များကို ဗိုလ်အောင်ဆန်းက ခြိမ်းခြောက်နေသည်။ လိုရင်းအားဖြင့်ဆိုလျှင် အတိတ်သမိုင်း၏ ပုံစံအတိုင်း သီးခြားစီ ပြန်နေကြခြင်းကသာ အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့်  ဖွံ့ဖြိုးတိုးတက်မှုများ၏ စိတ်ကူးယဉ်ဘ၀ကို ကျော်လွားနိုင်မည်ဟု မျှော်လင့်ပါသည်။ ယနေ့ကာလ ဗမာနိုင်ငံတွင် ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဘောရစ်စ်ယယ်ဆင်လို ပုဂ္ဂိုလ်တဦး အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါကြောင်း။ ဤသို့ဖြင့် ခွဲထွက်ရေးသမားကို စောဒကတက်မည်ဆိုလျှင် လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှု အခြေခံဖြင့်သာ စဉ်းစားရမည် ဖြစ်ပါကြောင်း။       ။
စံရွှေခိုင်
Way Min Way Min 11:59pm Apr 9
မျက်မှောက် မြန်မာ့နိုင်ငံရေး ပြဿနာတွင် ခွဲထွက်ရေးပြဿနာသည် အဓိကအချက်အနေဖြင့် ပါဝင် နေသည်။ တချို့က ခွဲထွက်ခြင်း၏ အကျိုးအပြစ်များကို စနစ်တကျ ခွဲခြမ်းစိပ်ဖြာပြီးမှ ခွဲ မထွက်သင့်ဟု ယူဆသူများလည်း ရှိကြသည်။ တချို့လည်း ဘာပဲဖြစ်ဖြစ် ခွဲမထွက်သင့်ဟု အမြင်ရှိကြသည်။ တချို့လည်း ဘာပဲဖြစ်ဖြစ် ခွဲထွက်မှ ဖြစ်မယ်ဟု အမြင် ရှိကြသည်။ တချို့လည်း တိုင်းရင်းသားများအား ရာသက်ပန် လက်အောက်ခံအဖြစ် ထားလိုပြီး ခွဲထွက်ရေးကို ခွင့်မပြု လိုသူများ ရှိကြသည်။ တချို့လည်း ပေါင်းနေသောအားဖြင့် အမျိုးသား အခွင့်အရေးများ ဆုံးရှုံးသည် အကျိုးမရှိမည့် အတူ ခွဲထွက်လိုကြသည်။ ခွဲထွက်ရေးကို ခွင့်မပြုဆိုသူများ၏ နောက်ကွယ်တွင် ပယောဂ မျိုးစုံ ပါလာသည်။ ခွဲထွက်ခွင့်ကို တားမြစ်လိုလျှင် အကျိုးတူ ဖြစ်ဖို့လိုသည်။ အကျိုးမတူလျှင် အကျိုးရှိသူကသာ ခွဲထွက်ခွင့်ကို ဆန့်ကျင်မည် ဖြစ်သည်။ အကျိုးယုတ်သူများ၏ ဆန္ဒကား ခွဲထွက်ရန် အမြဲတန်းကြိုးပမ်း နေမည်ဖြစ်သည်။ လိုရင်းအားဖြင့် ခွဲထွက် လိုသောပြဿနာသည် အကျိုးတူ မတူ ဆိုသည့် ပြဿနာပင် ဖြစ်သည်။
ဆရာပါရဂူ ကွယ်လွန်
ကိုပေါက် | စနေနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ သျှန်တိနိကေတန် စာကြည့်တိုက်ကြီးအား တည်ထောင်ခဲ့သူ စာရေးဆရာကြီး ပါရဂူသည် စနေနေ့ နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
မကွယ်လွန်မီရက်သတပတ်အလို ဧပြီလ၃ရက်နေ့ကရိုက်ကူးထားသောပုံဖြစ်ပြီး ဆရာပါရဂူသက်ရှိထင်ရှားရှိစဉ် နောက်ဆုံးရိုက်ကူးခဲ့သောပုံ ဖြစ်ဖွယ်ရှိသည်။ ဓာတ်ပုံ-မဇ္ဈိမ
ဆရာကြီး၏ ရုပ်အလောင်းအား ရေဝေးသုဿန် အအေးတိုက်တွင် ၃ ရက်ကြာ ထားရှိဦးမှာဖြစ်ပြီး တနင်္လာနေ့တွင် သင်္ဂြိုဟ်မည်ဟု သိရှိရသည်။
"ပုဂံခေတ်အကြောင်းသိကောင်းစရာ"
ပုဂံခေတ် (အေဒီ ၁၀၄၄ - ၁၀၈၇)
ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားတို့ရောက်လာပြီးနောက်တွင် တစစနှင့် အင်အားအကြီးဆုံး အနေအထားသို့ရောက်ချိန်ဖြစ်သကဲ့သို့ ယနေ့မြန်မာနိုင်ငံနီးပါးမျှရှိသည့် ပိုင်နက်ကို လည်းသိမ်းပိုက် အုပ်ချုပ်နိုင်ခဲ့ပြီး ပျူ တို့နောက်တွင် ပထမ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်ခြင်းဖြစ်သည်။
ဆရာ့ကို လွမ်းတဲ့စာ
တနင်္ဂနွေနေ့, 05 ဒီဇင်ဘာလ 2010 00:43
စာသားရေးသား >>  ဂျူး  
ဂျူး
ဆရာမြသန်းတင့် ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ အချိန်မှာ မြတ်စွာ ဘုရားကိုတ, မိရင်း ပထမဆုံး ဖြစ်ပေါ်လာ တဲ့စိတ်က နှမြောတသ စိတ်ပါ။
မြန်မာနိုင်ငံရဲ့ စာပေလောကမှာ အင်မတန်ကြီးမားတဲ့ နစ်နာဆုံးရှုံး မှုကြီးတခု ဖြစ်ပေါ် သွားခဲ့ပြန်ပြီ။ ဟောဒီ နေရာကနေ ဆရာ ရုတ်တရက် လစ်လပ် ကွယ်ပျောက် သွားလို့ ကျန်ရစ်ခဲ့မယ့် ကွက်လပ်တခုကို ကျွန်မတို့ ဘယ်သူ့ နာမည်နဲ့ အစားထိုးလို့ ရနိုင်မှာလဲ။ ဘယ်အရာမျိုးနဲ့များ အစားထိုးလို့ ရနိုင်မှာတဲ့လဲ။ အဲဒီ အသိမျိုး တုန်လှုပ်မှုမျိုးနဲ့ နှမြောတသ မိပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ စာပေကို တန်ဖိုးထား မြတ်နိုးကြတဲ့၊ စာပေနဲ့ ကိုယ့်ဘ၀ကို တည်ဆောက်ကိုယ် တည်ဆောက် မြှင့်တင်နေရတဲ့ ပြည်သူလူထုတရပ်လုံးနဲ့အတူ နှမြော တသရတဲ့ စိတ်ပါ။ ဒုတိယ ဖြစ်ပေါ်လာရတဲ့ စိတ်က ၀မ်းနည်း ကြေကွဲစိတ် ဖြစ်ပါတယ်။
"အကျဉ်းထောင်ထဲက စစ်ပြေး ကလေးတွေရဲ့ဘဝ"
လင်းသန့် Saturday, 26 March 2011 18:06 ဆောင်းပါး
(မြန်မာနိုင်ငံတွင် ကလေးစစ်သား ပြဿနာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါသည်။ နိုင်ငံတကာဖိအားပေးမှုများ ရှိနေသည့်တိုင် စစ်အစိုးရ တာဝန်ရှိသူများကိုယ်တိုင်က ကလေး
စစ်သား စုဆောင်းမှုများ ဆက်လက်ပြုလုပ်နေခြင်း၊ ပြည်တွင်းရှိ အကူအညီပေးရေး အဖွဲ့များကလည်း ထိရောက်စွာကူညီရန် အကန့်အသတ်ရှိနေခြင်းတို့ကြောင့် ကလေးစစ်သားအဖြစ် စုဆောင်းခံရသူများ၏ အခွင့်အရေးများ ဆုံးရှုံးနေရပါသည်။ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် အကျဉ်းချခံရသည့် စစ်ပြေး ကလေးစစ်သားများအကြောင်း ဖော်ပြလိုက်ပါသည်။)
child-soldier ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် တွေ့ရသော ကလေးစစ်သားတဦး (ဓာတ်ပုံ - Reuters)
သံချောင်းခေါက်သံ၊ တုန်းမောင်း ခေါက်သံနဲ့အတူ “အားလုံးကောင်းပါသည် ဆရာကြီး” ဆိုတဲ့ ဘာယာ (ညကင်းစောင့် အကျဉ်းသား) တွေရဲ့အော်သံ၊ စစ်ဖိနပ်သံ တရှပ်ရှပ် အသံတွေကြောင့် ကျနော် အိပ်မပျော်နိုင် ဖြစ်နေစဉ်မှာပဲ တရှုံ့ရှုံ့ ငိုကြွေးသံ တသံကို ကျနော် ကြားလိုက်ရတာပါ။
ခေါင်းထောင်ကြည့်တော့ ကျနော့်အခန်း မျက်စောင်းထိုး ပြစ်ဒဏ်ခန်းတခုရဲ့ သံတိုင်တံခါးဝမှာ သံတိုင်တွေကို လက်နှစ်ဘက်ပိုက်လို့၊ ခေါင်းကိုငုံ့ပြီး ငိုကြွေးနေတဲ့ ကလေးငယ် တယောက်ကို တွေ့လိုက်ရပါတယ်။ သူ့အသံက  တိတ်ဆိတ်ခြင်းကို တအိအိဖြိုခွဲနေသလို ဖြစ်နေတယ်။
မြေအောင်းပွေး
by UZa Wana on Saturday, April 9, 2011 at 9:53pm
mole (နာမ်)။       ၁။ ပွေးသတ္တဝါ။
၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။
(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာပင်လယ် ခြားလျက်ရှိတဲ့နယ်မြေဖြစ်ပါတယ်။ ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘား ပြည်ထဲနေမရတဲ့ အတိုက်အခံတွေ ဒီမိုကရေစီသမားတွေ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာလွတ်မြောက်ဒေသဖြစ်နေရုံတင်မက စားဝတ်နေရေးအတွက်ထွက်လာသူ ကျူးဘား ရွှေ့ပြောင်းအလုပ်သမားတွေအဖို့လဲ အရေးပါတဲ့ အားကိုးခိုနားရာဖြစ်နေပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ မြန်မာအတိုက်အခံမျိုးစုံအတွက် ဗဟိုချက်ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။
Friday, April 8, 2011
သစ္စာဖောက်ခံရတဲ့ တော်လှန်ရေး
Monday, 07 February 2011 03:53 ရဲမြင့်ကျော်
ယူလီယာ တင်မိုရှန်ကို
ကိုင်ရိုနဲ့ တူးနစ် က ဆန္ဒပြပွဲတွေကို နှင်းတွေပိန်းပိတ်နေတဲ့ ယူကရိန်းနိုင်ငံ ကေယူးမြို့ကနေ စိတ်အားတက်ကြွ ၀မ်းပန်းတသာနဲ့ ကျမ စောင့်ကြည့် ဖြစ်ပါတယ်။ အီဂျစ်နဲ့ တူနီရှား လူထုတွေ သူတို့အာဏာရှင်
အစိုးရတွေ ဖြုတ်ချဖို့ တောင်းဆိုတာဟာ မှန်ကန်ပြီး သူတို့အတွက် ဂုဏ်ယူစရာပါပဲ။
ဒါပေမဲ့  ယူကရိန်းရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးမှာ ဦးဆောင်ပါခဲ့သူတစ်ဦးအနေနဲ့ ပြောရရင်၊ အခု အီဂျစ်နဲ့ တူနီရှား ဆန္ဒပြသူတွေရဲ့ ဂုဏ်ယူမှုကို လက်တွေ့ကျမှုနဲ့ တွဲစပ်နိုင်ဖို့ ကျမ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ  အပြောင်းအလဲ လုပ်နိုင်တာဟာ တရားဥပဒေစိုးမိုးမှုနဲ့သွားမယ့် ဒီမိုကရေစီစနစ် ထူထောင်ဖို့အတွက် ပထမအဆင့်ပဲ ရှိလို့ပါ။ ဒါကို ကျမတို့နိုင်ငံ ယူကရိန်းက သက်သေပြနေပါတယ်။ ယူကရိန်းရဲ့ ပျော်ရွှင်ဝမ်းမြောက်ဖွယ် တော်လှန်းရေးဟာ မှေးမှိန်ကျသွားပြီး နဂိုဒုံရင်းဆီ ပြန်ဆိုက်သွားပါတယ်။ ကျမတို့ ဒီမိုကရေစီတော်လှန်ရေးဟာ သစ္စာဖောက်ခံရပြီး နောက်ကို ဘက်ပြန်သွားပါတယ်။
ရိုးတံနှင့် ပန်းပွင့်
ဒီနေ့ ကျွန်မရဲ့ ဧည့်ခန်းထဲမှာ စိုပြည်လျက်ရှိနေတယ်။ ဧည့်ခန်းရဲ့ စားပွဲပေါ်မှာ စားစရာတွေ အပြည့်ရှိနေသလို ရယ်မောပြောဆိုနေသံမှာ ပြန်စဉ်းစားရင် လွန်ခဲ့သော နှစ်များဆီက အတိုင်းပါပဲ။ ကျွန်မက ဧည့်ခန်းထဲက ဧည့်သည် မမများအတွက် အအေး၊ ကော်ဖီတွေဖျော်နေတယ်၊ အကြိုက်ကလည်း
တယောက်တမျိုး…၊ ကျောင်းကတည်းက သူငယ်ချင်းတွေမို့ အတွင်းသိ၊ ကျွန်မတို့ ခုလို ပြန်ဆုံနိုင်ဖို့
တော်တော်ကြိုးစားထားရတာ၊ ကျောင်းပြီးတော့ အလျှိုလျှို အိမ်ထောင်ကျကုန်ကြတယ်၊ အဲဒီကတည်းက
လေးယောက်လုံး တခါမှ မဆုံခဲ့၊ ဒီကြားထဲ သူ့အလုပ် ကိုယ့်အလုပ်နဲ့ မအားတာနဲ့ပဲ… ပြောင်းတဲ့လူက
ပြောင်းနဲ့ မတွေ့ကြတော့ဘူး၊ အရင်က တယောက်အကြောင်း တယောက် သိကြ ပေမဲ့ ခုချိန်မှာ
ပြောင်းလဲမှုတွေများစွာနဲ့ ဝေးနေကြရတယ်၊ ဒီနေ့တော့ ကျွန်မရဲ့ မှတ်မှတ်ရရ မွေးနေ့လည်း ဖြစ်တာမို့
မဖြစ် ဖြစ်အောင် ဆုံဖို့ တလလောက် ကြိုချိန်းခဲ့ရတယ်၊ ကျွန်မတို့ အားလုံး
ပျော်ရွှင်နေကြတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...