Thursday, March 31, 2011
(မသန်မစွမ်းသူများကဏ္ဍ) , အမျိုးသမီးရေးရာကဏ္ဍ
(မသန်မစွမ်းသူများကဏ္ဍ)
နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦးကြီးဟာ အင်မတန်ခန့်ညားပြီး စနစ်ကျနတဲ့အကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်အမတ် ဦးခင်ရွှေ ရေဒီယိုတခုမှာ ပြောသွားတာကြားရတယ်။ အမြင်အရ လည်း အတော်လည်းကြီး ကျယ် ခန်းနားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကတောင် မနာလိုဖြစ်ရလောက်အောင် ကြီးကျယ်အောင် ဆောက်ထားတဲ့ လွှတ်တော်လို့ ဆိုနိုင်တယ်။ ဒါတင်မကပါဘူး။ နေပြည်တော်မြို့တော်သစ်မှာ တခုလုံး၊ ၀န်ကြီးဌာနရုံးတွေ၊ ပန်းခြံဥယျာဉ် တွေ၊ ရေကန်ရေပန်းတွေ၊ ဂေါက်ကွင်းဆိုလည်း ၂-ခု စသဖြင့် ငွေကုန် ကြေးကျအမြောက်အများ အကုန်ခံပြီး ဆောက်ထား တာ မြန်မာ့ရုပ်မြင်သံကြားမှာ နေ့တိုင်းလိုလိုတွေ့ နေရတယ်။
ဒါပေမယ့် ဧရာဝတီမဂ္ဂဇင်းမှာ ကိုထက်အောင်က ရေးခဲ့ဖူးတယ်။ နေပြည်တော်ဆိုတာ "အတုအယောင်မြို့၊ အသက်ဝိဉာဉ် ကင်းမဲ့နေတဲ့မြို့၊ လူမှုရေးအရ တုံ့ပြန်ဆက်သွယ်မှု ကင်းပနေတဲ့မြို့" (Synthetic, soulless and (town) desperately devoid of social interaction) ဆိုပြီး ရေးခဲ့ဖူးတယ်။ အခု ဇန်န၀ါရီလ ၃၁ ရက်နေ့က လွှတ်တော်စတော့ ကျနော် စပ်စပ်စုစု သိချင်နေတဲ့ကိစ္စတခုရှိတယ်။
သမားတော်ဆရာလေး မဟာမွတ်၏ ကိုယ်ရေးရာဇဝင်အကျဉ်းနှင့် တိုင်းရင်းမြန်မာဆေး သမိုင်းဖြတ်သန်းမှု ဘဝတကွေ့မှတ်တမ်း
by Lu Bo on Thursday, March 31, 2011 at 5:49pm
အမည်                     - မဟာမွတ်
မွေးသက္ကရာဇ်             - ၁၉၅၇ ခုနှစ်
မိဘအမည်                - ဦးရာဇတ်၊ ဒေါ်ဟာဘီဇာ
မွေးချင်းမောင်နှမ         - ၁ဝယောက် (အကြီးဆုံး)
ကိုးကွယ်သည့်ဘာသာ   - အစ္စလာမ်
မွေးဖွားရာဒေသ          - ထုံးကြီးကျေးရွာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်း၊ မြန်မာနိုင်ငံ။
ငယ်စဉ်ဘဝ အားငယ်ရ ပညာရှာရာ အနည်းငယ်မျှ 
          မိဘညီအကို မောင်နှမများနှင့် အတူတကွနေထိုင်ရန် အခွင့်မသာ အဖိုးအဖွားနှင့်သာကြီးပြင်းခဲ့ရပြီး အသက်(၉)နှစ်သားအရွယ်တွင် အဖွား၏မျိုးနွယ်ဒေသဖြစ်သော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရစဉ် အခြေခံမူလတန်းပညာ (၃)တန်းအရောက် ကျောင်းဆက်မတက်တော့ဘဲ မွန်ပြည်နယ် ကျိုက်မရောမြို့မှ လူအများယုံကြည်ကိုးစားရာ ဆရာကြီး “မာပေါ်ရှား”၏နောက် တကောက် ကောက်လိုက်ပါရင်း လောကီပညာရပ်များကို အသက်(၁၄)နှစ်အချိန်မှစတင်၍ သင်ယူတက်မြောက်ခဲ့ပါ သည်။
သမ္မတသစ်ဦးသိန်းစိန် အစိုးရအဖွဲ့ကို မိန့်ခွန်းပြောကြား
by ဆန်း သစ် on Friday, April 1, 2011 at 1:25am
မတ် ၃၀ ရက်နေ့က ရာထူး လက်ခံခဲ့တဲ့ သမ္မတသစ် ဦးသိန်းစိန်က မတ် ၃၁ ရက် မနက်မှာ အစိုးရအဖွဲ့အစည်း အသီးသီးက အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မိန့်ခွန်းထဲက အရေးကြီးတဲ့ အချက်များကို အခုလို စုစည်း တင်ပြပေးလိုက်ပါတယ်။
သမ္မတနဲ့ ၀န်ကြီးများရဲ့လစာ
သမ္မတသစ်က နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက သမ္မတနဲ့ အစိုးရအဖွဲ့ဝင်များရဲ့ လစာကို သတ်မှတ် ပေးထားပြီး ဖြစ်ပေမယ့် နိုင်ငံတော်ရဲ့ ငွေကြေး အခြေအနေ၊ နိုင်ငံသားများရဲ့ အကျိုးကို ရှေ့ရှုပြီး လစာနှုန်းထား အသစ်များကို ခံစားခြင်း မပြုဘဲ ယခင်နယက လက်ထက်က သတ်မှတ်ထားတဲ့ လစာများအတိုင်းဘဲ ခံစားမယ်လို့ ကြေညာ သွားပါတယ်။ ယခင် လစာဟောင်းက သမ္မတ (နယက ဥက္ကဌ) ၁၂ သိန်း၊ ၀န်ကြီး ၆ သိန်း၊ ဒုဝန်ကြီး ၄ သိန်းဖြစ်ပြီး လစာနှုန်းသစ်က သမ္မတ သိန်းငါးဆယ်၊ ၀န်ကြီး သိန်းသုံးဆယ်၊ ဒုဝန်ကြီး သိန်း ၂၀ ဖြစ်ပါတယ်။
ရာဇဝင်ကိုပြန်ကြည့်ခြင်း ၇ လူမျိုးစုံစွာ ပြည်မြန်မာ
by ဘို Bo on Friday, April 1, 2011 at 3:11am
လွတ်လပ်တဲ့အာရှအသံ ကြာသပတေး မနက်
ဒီတပတ်မှာတော့ နမူနာအနေနဲ့ ကျနော်တို့ အရှေ့တိုင်းနဲ့အာဖရိကကျောင်းမှာ သင်တဲ့ မြန်မာသမိုင်းသင်ရိုးတွေအကြောင်း ပြောပါ့မယ်။ ဒီလို နယ်မြေဒေသလေ့လာရေးကျောင်းတွေကို ကိုလိုနီနိုင်ငံတွေက သူတို့အုပ်ချုပ်ရေးဝန်ထမ်းတွေ ဘာသာစကားနဲ့ ဒေသအကြောင်းလေ့လာဘို့ နောက် ကိုလိုနီအုပ်ချုပ်ရေးမှာ အကျိုးပြုဘို့ သုတေသနဌာနတွေအနေနဲ့ စတင်ခဲ့ကြတာပါ။ ပြင်သစ် ဂျာမနီ နယ်သာလန် အမေရိကန် ရုရှစတဲ့နိုင်ငံကြီးတွေမှာ ဒီလိုဌာနတွေ ရှိပါတယ်။ မြန်မာစာ မြန်မာမှုကိုလေ့လာတာတွေလဲ ဒီနိုင်ငံ ဒီဌာနတွေမှာ ရှိဆဲပါ။ အထူးသဖြင့် လန်ဒန်အရှေ့တိုင်းကျောင်းနဲ့ ယေးလ်တက္ကသိုလ်ဟာ မြန်မာဘာသာကို စနစ်တကျ သဒ္ဒဗေဒနည်းစနစ်ကို လေ့လာရာမှာ ကနဦးကျပါတယ်။ သမိုင်းဘာသာမှာလဲ လန်ဒန်ကျောင်းရဲ့အရှိန်ဟာ ဒေါက်တာသန်းထွန်းသြဇာကြီးတဲ့ မြန်မာပြည်သမိုင်းလောကမှာ ကျန်နေဆဲပါ။
တပ်ချုပ်ကြီး၏ အစိုးရအသစ် အတွက် အမှာစကား
ကျွန်ူပ်တို့ လက်ထက်တွင် ပြည်သူလူထု  ငတ်မွတ်ခေါင်းပါး စေရုံသာ မက အစာရေစာ ပြတ်လတ်ကာ မြန်မာလူမျိုးများအား အမြစ်ပြတ်ချေမှုန်းရန် အတွက် ကြိုးစားခဲ့သော်လည်း အစာငတ်၍ သေသူ အရေအတွက်မှာ လွန်စာ နည်းလွန်းလှ၍  များစွာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည် ။ သို့သော်လည်း ကျွန်ူပ်တို့ အစပျိုး ဆောင်ရွက်မှုကြောင့်  ပြည်သူလူထု ဆင်းရဲဒုက္ခ ရောက်နေရသည့် မြင်ကွင်းများမှာ များစွာ ပီတိ ဖြစ်စရာ ကောင်းလွန်းလှပါသည် ။  ဘယ်တော့မှ ငတ်၍ မသေပါဆိုသည့် မြန်မာနိုင်ငံသားများအား လက်တွေ့ သတ်သေ ပြနိုင်ဖို့ အတွက် ကျွန်ူပ် ကိုယ်စား တိုင်းပြည်ကို ပိုမို ပျက်စီးအောင် လုပ်ဆောင် ဖို့  ကျွန်ူပ်ကိုယ်တိုင် သေချာစီစစ် ရွေးချယ်ထားသည့် အစိုးရ အသစ်အနေဖြင့် ဆက်လက် အကောင်အထည်ဖော်  ကြိုးပမ်း ဆောင်ရွက်  ကြရန် ဦးသိန်းစိန် ခေါင်းဆောင်သော အရေခွံလဲ အစိုးရအား အထူးမှာ ကြားလိုပါသည် ။ တိုင်းပြည်ကို ဖျက်စီးသည့် နေရာ၌ ပြိုင်စံရှားသည့်ကျွန်ူပ်၏ လုပ်ရပ်များကို အတုယူ နမူနာထားပြီး အလုံးစုံ ပျက်သုဉ်းသည် အထိ ဆက်လက် လုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါသည် ။
စစ်ဦးဘီလူး ယက္ခဗျူဟာ အိုဘယ့်ကျမ်းလာ
(ရေးသားရခြင်း ရည်ရွယ်ချက်။ ။စစ်ဦးဘီလူး ယက္ခဗျူဟာစာအသုံး ဘလော့ဂါတစ်ယောက် သုံးသည်ကို သတိထားမိသဖြင့် ယင်းအသုံးနှင့်ပတ်သတ်ပြီး အကျယ်အားဖော်ပြပါက နှောင်းလူတို့ အကျိုးများမည်ဟု ယူဆမိသည့်အတွက် တတ်အားသမျှ ကြိုးစားတင်ပြလိုက်ရသည်။အမှားရှိပါက ပညာရှင်များ ပြုပြင်သုတ်သင်ဝေဖန်နိုင်ပါသည်)
စစ်ဦးဘီလူး ယက္ခဗျူဟာတွင် ပါရှိသည့် စစ်ဦးဆိုသည်မှာ စစ်ဖျား၊စစ်လျင်ဟုလည်း ခေါ်ဆိုပြီး “စစ်ဦးခေါင်း”ဟူ၍လည်း ၀ိဂြိဟ်ပြုကြသေးသည်။ဗိုလ်ချုပ်(ဖခင်အောင်ဆန်း)က စစ်ဦးခေါင်းနှင့်ပတ်သတ်ပြီး “စစ်ဦးခေါင်း(သို့)စစ်ဖျားစစ်လျင်မှာ ကင်းထောက်ရှေ့ပြေးတပ်သဖွယ်ပင်ဖြစ်သည်။ယခုအခါတွင် ထိုစစ်လျင်စစ်ဖျားနေရာကို လေတပ်ဖြင့်လည်းကောင်း၊ယန္တယား Tank အပေါ့စားတပ်ဖြင့် လည်းကောင်း စေလွှတ်ပေမည်။သို့သော် သဘောမှာ အတူတူအလိုပင်ဖြစ်ပေသည်”ဟု ဗိုလ်ချုပ်၏ သေနင်္ဂဗျူဟာကျမ်း ဥယောဇဉ်တွင် ဖော်ပြထားသည်။
'' အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊.
'' အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ် ကို ရရပါလို၏ အရှင်ဘုရား'' ဟူသော သြကာသ ကန်တော့ချိုး၏ နောက်ဆုံးအပိုဒ် ဆုတောင်းခန်း သည်....ယခုလအတွင်း ကပ်ဘေးတွေ မြင်ခဲ့ရတော့  ကျွန်တော့် ခေါင်းထဲရောက်လာသည်။
ငလျင်ဘေးများ
ဂျပန်မှာ သမိုင်းတစ်လျှောက် အပြင်းဆုံး ငလျင်ကြီး လှုပ်သွားခဲ့သည်။ အင်အားက ၉ ။ (၈ ဒသမ ၉ ကနေ ၉ လို့ ပြောင်းသတ်မှတ်လိုက်ခြင်း ဖြစ်သည်)။  လောလောလတ်လတ် နယူးဇီလန်မှာလည်း ငလျင်က လှုပ်ထားသေးသည်။ လွန်ခဲ့သောလအနည်းငယ်က ဟေတီမှာ ငလျှင်အကြီးအကျယ်လှုပ်ခဲ့ကာ အသေအပျောက်များခဲ့သည်။
၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု
ကျွန်တော်တို့ မှတ်မိနေသေးသော ဆူနာမီ။ (ကျွန်တော်တို့နယ်ဘက်က ကိုယ်တွေ့ကြုံခဲ့ရသော လယ်သမားကြီး တစ်ယောက်ကတော့ စူဠာမဏိလှိုင်းကြီးဟု ခေါ်သည်)။ သူတို့ကျော်လွှား ဖို့ ပြင်ဆင်ထားခဲ့ပြီဟု ယုံကြည်မိသည်။
စူပါမွန်းခြောက်လှန့်မှု
စူပါမွန်း(လ သည် ကမ္ဘာနှင့်အနီးဆုံး အကွာအဝေးသို့ရောက်ရှိလာခြင်း) ကလည်း တစ်ခေတ် ဆန်းသွားသေးသည်။ သဘာဝဘေး အန္တရာယ်ကြီးတစ်ခု ကမ္ဘာနှင့်လနီး ဖြစ်စဉ်ကြောင့် ဖြစ်တော့မည် ဆိုသော ကောလာဟလတို့က တိုက်ဆိုင်သွားခဲ့သည်။ မဆိုင်ရေးချမဆိုင်ဟု ပညာရှင် တို့က ငြင်းသည်။ ဖြစ်သွားတာ တော့ မတတ်နိုင်။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ လူတို့ကို ပိုမို ထိတ်လန့်စေသည်။ ဆန်ဒိုင်းငလျင် မလှုပ်မီ နှစ်ရက်အလိုလောက် ကတည်းက စူပါမွန်းကြောင့် ဘာမှမဖြစ်နိုင်ကြောင်း ပညာရှင်များပြောသည့် သတင်းကို ရေးထားသည်။ သို့ပေမဲ့ မြင်လိုက်ရပြီ။ တိုက်ဆိုင်သွားပြီဟု။ 
နျူဘေး
နည်း ပညာထိပ်တန်းဖြစ်သော ငလျင်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်သော ဂျပန်တွင် လှုပ်တာကြောင့် အသေအပျောက်နည်းမည်ဟု မျှော်လင့်မိသော်လည်း ကြမ္မာဆိုးကတစ်ဖက်က လှည့်ဝင်လာသည်။ နျူဓာတ်ပေါင်းဖို ပြဿနာ ဖြစ်သည်။ နည်းပညာမြင့်သော ငလျင်ကာကွယ်မှုကောင်းသော နိုင်ငံကျတော့ ဓာတ်ပေါင်းဖိုက ပေါက်ရပြန်သည်။ ဓာတ်ရောင်ခြည် ဖြာထွက်မှု အန္တရာယ်ကို စိုးရိမ်လာရပြန်သည်။ အစာတွေ၊ ရေတွေမှာ ဓာတ်ရောင်ခြည်သင့်မှု ပြဿနာက ဆက်ရှိနေသည်။ သို့ပေမဲ့ နိုင်ငံတွင်း ပြဿနာမျှသာ ရှိသေးသည်။
သည်ကြားထဲ အက်စစ်မိုး ကောလာဟလက ပျံ့လိုက်သေးသည်။ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ မြန်မာ။ ဘင်္ဂလားဒေ့ရှ်တောင် ပါလိုက်သေးသည်။ အက်စစ်မိုးနှင့် ဓာတ်ရောင်ခြည်ဖြာထွက်မှု ဘာမှမဆိုင်ကြောင်း အိမ်နီးချင်း အစိုးရများက ရှင်းကြပါ သည်။ ဒီကာလနှင့်မှ တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုက အေးလိုက်သေးသည်။ မိုးကရွာသည်။ ပြီးတော့လည်း ပြန်ပူပြန်သည်။
ဂျပန်ငလျင်သတင်းတွေနဲ့ လုံးပန်းနေတုန်းမှာပဲ မိတ်ဆွေတစ်ယောက်ပေးသော ၂၀၁၂ ကားကို အခုမှ ကြည့်မိသည်။ ဒီမှာရုံတင်သွားတာတောင် ကြာပြီ ဖြစ်ပေမဲ့ အကြောင်းမတိုက်ဆိုင်တော့ မကြည့်ဖြစ်ခဲ့သည့်ကား ဖြစ်သည်။ အခုမှ အကြောင်း တိုက်ဆိုင်တာလို့လည်း မဆိုရဲ။ ဒီကားထဲမှာလည်း ငလျင် က စတာဖြစ်သည်။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာကို ရိုက်ပြတာမျိုး ဖြစ်သည်။ မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန် အဆုံးသတ်သည့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်နိုင်သည် ဆိုသော အယူအဆကို အခြေပြုထားတာ ဖြစ်သည်။ ကြည့်ကောင်းအောင် ရိုက်ပြသော ဘာယာနကရသကို ခံစားမိစေသော ဟောလီးဝုဒ် ဇာတ်တစ်ပုဒ်မျှသာဟု အကောင်းဘက်က လှည့်တွေးသည်။
စစ်ဘေး
ဓာတ်ရောင်ခြည်ဖြာထွက်မှု အကြောင်း သတင်းတွေနှင့် နပန်းလုံးနေစဉ် လစ်ဗျားက ထိပ်တန်း ပြန်ရောက်လာသည်။ ကုလလုံခြုံရေး ကောင်စီက မပျံသန်းရဇုန် သတ်မှတ်လိုက်ပြီ။ ပြင်သစ်တိုက်လေယာဉ်တွေ လစ်ဗျားပြည်သူတွေကို ကာကွယ်ဖို့ ရောက်လာကြပြီ။ ဒီတစ်ခါကျတော့ အမေရိကန်က နောက်ကျသည်။ နပိုလီယံနှင့် အရပ်ပုတာချင်းတူသော ဆာကော်ဇီက အိုဘားမားထက် လက်သွက်ခြေသွက် ရှိသွားသည်။ သို့ပေမဲ့ နောက်ဆုံးတော့ အမေရိကန်က အမေရိကန်ပဲ ဖြစ်သည်။ အမေရိကန် ဦးဆောင်သော နေတိုးတပ်တွေက တာဝန်ယူလိုက်ရပြီ။ ကိုယ့်လေယာဉ်ကိုမောင်းပြီး ပျံတက်လာလို့ရသော ကိစ္စမဟုတ်။ ပေါင်းလုပ်ဖို့လိုသည့်ကိစ္စ ဖြစ်နေသည်။ ကဒါဖီက ဒီအချိန်အထိ မာတုန်း ဖြစ်သည်။ မြို့တော်ကို ထိန်းချုပ် ထားနိုင်ဆဲဖြစ်သည်။ မြေမနင်းစစ်ပွဲကို ဘယ်လိုတိုက်ကြမှာတုန်းဆိုတာက စဉ်းစားစရာ ဖြစ်သည်။
အစ္စရေးနှင့် ပါလက်စတိုင်း ကလည်း တစ်စခန်းထပြန်သည်။ ရော့ကတ်တွေက အစ္စရေးမြေပေါ် ကျလာသည်။ အစ္စရေးတိုက်လေယာဉ်တွေ ဂါဇာကမ်းမြောင်ကို ပြန်ရောက်လာသည်။ ချကြပြန်ပြီ။ ရစ်ဇက်ရာဘင်လည်း မရှိရှာတော့။ ယာဆာ အာရာဖတ်လည်း မရှိရှာတော့။ ငြိမ်းချမ်းရေးကရော။
ရှမ်းပြည်ငလျှင်
ဆန်ဒိုင်းငလျင်က ခေါင်းထဲရှိနေတုန်း ငလျင်ထပ်လှုပ်သည်။ ဒီတစ်ခါက မြန်မာနိုင်ငံထဲမှာ။ အင်အားက ၇။ (နောက်တော့ ၆ ဒသမ ၈ ဟု ပြန်ပြင်ပါသည်)။ ရှမ်းပြည်နယ်သားတွေအတွက် စိုးရိမ်မိသည်။ လူပေါင်း တစ်ရာကျော်သေဆုံးသည်ဟုဆိုသည် ။ ကယ်ဆယ်ရေးတွေတော့ သွားကုန်ကြပြီတဲ့။
ဒါဟာ ဒုက္ခတဲ့လား
ယခုလတစ်လလုံးက အဆိုးမြင်မယ်ဆို မြင်စရာတွေချည်း ဖြစ်သည်။ စိတ်ပျက် စိုးထိတ်စရာတွေက များလှသည်။ စိတ်ပျက်ဝမ်းနည်းနေသူများလည်းရှိမည်။ သို့မဟုတ် ဒီလို ဖြစ်နေခြင်းသည်ပင် လောက မဟုတ်ပါလောဟု ဆင်ခြင်နေသူများလည်းရှိမည်။ ဒါတွေကို ဖြစ်ပြီး ပျက်တဲ့ သဘာဝတွေပဲ ဟု သံဝေဂ ယူနေသူများလည်း ရှိနေပေမည်။
မငြိမ်မသက်နှင့်အာရပ်က ပြန်စကြည့်သည်။ အာရပ်ကမ္ဘာသည် အပြောင်းအလဲ ကာလကို ဖြတ်သန်းနေခြင်းသာ ဖြစ်မည်။
ငလျင်။ ဆူနာမီ။ စူပါမွန်းတွေ ကရော။ ဂျပန်သည် ပြာပုံထဲက ပြန်လည်ရှင်သန်လာသော ဖီးနစ်ငှက် ဖြစ်သည်။  အဏုမြူဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ဖူးသော တစ်နိုင်ငံ တည်းသော တိုင်းပြည်ဖြစ်သည်။ ဒီ အကျပ်အတည်းကိုလည်း သူတို့ ကျော်လွှားနိုင်ကြမည်တော့ထင်ပါရဲ့။
ကပ္ပကောလာဟလကရော။ ကမ္ဘာပျက်မည်ဆိုသည်က ဟိုးရှေးပဝေသဏီထဲက ကြောက်ခဲ့သည့် ကိစ္စဖြစ်သည်။ ကမ္ဘာကြီးသည် အခုထိ သက်ရှိတို့ရှင်သန်ဖို့ သင့်တော်လောက်အောင် ကောင်းနေသေးသည်။ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း ၀ိုင်တူးကေ ဘာညာနှင့် ပြီးတော့လည်း ဘာမှမဖြစ်။ ငလျင်တွေလှုပ်တာ စိပ်လာသည် ဆိုတာကရော။ ဒါကလည်း မှတ်တမ်းတင်နိုင်သမျှအရ ပြောရတာ ဖြစ်သည်။ လူသားတို့သည် ရှင်ကျန်ရစ်နိုင်သူများ ဖြစ်ခြင်းကြောင့်သာ ယခုလို သတ္တ၀ါတွေထဲ မှာ ထိပ်ဆုံးက ရှိနေတာ ဖြစ်သည်။
ကိုယ့်အမြင်နဲ့ကိုယ်
ဘေးဆိုးတွေကတော့ရှိနေဦးမည်။ ဘေးဆိုးများကို ကြောက်လန့်နေသူများလည်းရှိမည်။ ဘေးဆိုးများကို ရဲရဲရင်ဆိုင်လျှက် ကပ်ဆိုးသင့်သူတွေကို ၀ိုင်းဝန်းကူညီကြသူများလည်းရှိနေမည်။ ကိုယ့်တစ်ဖို့ထဲ ကြည့်နေသူတွေလည်း ကမ္ဘာတည်သရွေ့ ရှိနေမည် ဖြစ်သလို ကိုယ်ကျိုးစွန့်သူတွေကလည်း ရှိနေမည်။ သေဆုံးသွားသူများအတွက် ဆုတောင်းနေသူများလည်းရှိမည်။ သေဆုံးသွားသူများအတွက် ဖြေမဆည်နိုင်သူများလည်းရှိမည်။
ရာဂန္တရကပ် (ရောဂါဆိုးဖြင့် အထူး နှိပ်စက်တတ်သော ကပ်) သတ္တန္တရကပ်၊ (ဓားလှံ သေနတ် စသော လက်နက်တို့ဖြင့် သတ်သော ကပ်)၊ ဒုဗ္ဘိက္ခန္တရကပ်(အစားအစာ ငတ်မွတ်ခေါင်းပါးသောကပ်) ဆိုသော ကပ်သုံးပါးမှ ကမ္ဘာသူ ကမ္ဘာသားများအတွက် အန္တရယ် ကင်းရှင်းရေး မေတ္တာပို့ နေသူများလည်း ရှိနေပေမည်။ ဒါတွေကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လုပ်ကာ တရားနားလည်နေပြီ ထင်နေသူများလည်း ရှိနေပေမည်။ ဒုက္ခ ပြဿနာများ အတွက် ကံတရားကို အပြစ်ဖို့နေသူများလည်း ရှိနေပေမည်။ ဒုက္ခ ပြဿနာများအတွက် ဘုရားသခင်ကို အသနားခံ ဆုတောင်းနေသူများရှိနေမည်။
လမ်းအစစ်
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့၊ တကယ့်ချမ်းသာအစစ်၊ တည်မြဲရာအစစ် (နိရောဓသစ္စာ) ကို ရရှိ ရောက်ရှိ သိနားလည်ဖို့ တကယ့် သင်္ခါရတရား ဒုက္ခအစစ်(သင်္ခါရ ဒုက္ခ - ဒုက္ခသစ္စာ) ကို မမေ့ဖို့ နှလုံးသွင်း  သတိရနေဖို့ ဗုဒ္ဓက ''၀ယ ဓမ္မာ သင်္ခါရ အပ္ပမာဒေန သမ္မာဒေထ'' နည်းလမ်းပေးခဲ့လေသည်။
ဒါပေမယ့် ကျွန်ုပ်တို့ ..... ''ကိုယ်နားလည်သောဒုက္ခများ''(သင်္ခါရ ဒုက္ခ...ဒုက္ခသစ္စာ)အဖြစ် ထင်မှတ် နေလေသည်။
ဗုဒ္ဓက ဒုက္ခ ဟု နားလည် ရာ တွင် အဆင့် (၃) မျိုးခွဲပြခဲ့သေည်။
၁) ဒုက္ခ ဒုက္ခ 
(ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး ဒုက္ခများ၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု ဒုက္ခများ စသည့်ဖြင့် ကျွန်ုပ်တို့ နားလည်နေသော ဒုက္ခ များဖြစ်လေသည်။)  သဲအင်းဂူဆရာတော်ကြီးများကတော့ ကလေးကအစ လူတိုင်း သိနားလည်သော ဒုက္ခမျိုးဖြစ်သည် ဟု ဟောထားလေသည်။
၂) ၀ိပရိဏာမ ဒုက္ခ
(အထက်ပါ ဒုက္ခ ဒုက္ခများ မဖြစ်ပေါ်စေဖို့အတွက် မိမိကိုယ်ခန္ဓာနှင့်တကွ မိမိလက်လှမ်းမီသလောက် ကြိုတင်ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ပြုပြင်ထိန်းသိမ်းနေရသော maintenance ဒုက္ခ များဖြစ်လေသည်) နံပါတ်တစ်ဒုက္ခမျိုးထက် ပိုမိုသိနားလည်ဖို့ လိုအပ်သော ဒုက္ခမျိုးဖြစ်လေသည်။)
မိုးကုတ်ဆရာတော်ကြီးမှ အ၀တ်ဝတ်နေရ ခြင်း ၊ အစားစားနေရခြင်းသည်ပင်လျှင် ပတ်တီးစီးနေရခြင်း၊ ဆေးသောက်နေရခြင်း ဟု ဟောကြားထားသည်။ 
၃) သင်္ခါရ ဒုက္ခ  
(တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု ....မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းသော မမြဲမှု-ပျက်စီးနေမှု) ဖြစ်သည်။
ဒုက္ခဆင်းရဲအပေါင်းမှာ အမှန်တကယ် လွတ်ကင်းရေး အတွက် ......သိရှိ နားလည်ဖို့ မမေ့ဖို့ အရေးကြီးဆုံးဖြစ်ပြီး၊ မှန်ကန်စွာလမ်းညွှန်နိုင်သော ကလျာဏမိတ္တ၏အကူအညီဖြင့် နားလည်ဖို့ ကြိုးစားအားထုတ်မှသာ နားလည်နိုင်သော ဒုက္ခမျိုးဖြစ်သည်။ အထက်ဖော်ပြပါ နံပါတ်(၁) နှင့် (၂) ဒုက္ခနှစ်မျိုးမှ လွတ်ကင်းရာ(ဒုက္ခအားလုံးမှလွတ်ကင
်းရာ) ကို ရောက်ရှိ သိရှိဖို့အတွက် ဗုဒ္ဓ မမေ့ဖို့ - နှလုံးသွင်းဖို့ နည်းပေးမှာကြားခဲ့သည့် ဒုက္ခ အမျိုးအစားဖြစ်လေသည်။
သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိ
ထို သင်္ခါရ ဒုက္ခတွင် မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်သော စွမ်းအင်သတ္တိရှိလေသည်။
ထို စွမ်းရည်သတ္တိသည် ပထမဒုက္ခ နှင့် ဒုတိယဒုက္ခ (ဒုက္ခ ဒုက္ခ နှင့် ၀ိပရိဏာမ ဒုက္ခ) များကို အဟုတ်ထင်အောင်၊ အတည်ယူအောင်၊ ကြောက်လန့်နေအောင် ဖန်တီးပြုလုပ်နေလေသည်။ 
တနည်းအားဖြင့် ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး စသည့် ဒုက္ခများကိုလည်းကောင်း၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု စသည့်ဒုက္ခများကိုလည်းကောင်း တကယ့် ဒုက္ခအစစ် အဖြစ် အထင်မှားအောင် မပြောင်းမလဲ တသမတ်တည်း လှည့်စားပြုလုပ်နေလေသည်။
လက်မခံနိုင် နားမလည် နိုင်င်သေးသရွေ့
အဆိုပါ သင်္ခါရဒုက္ခ နှင့် သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိကို
ကျွန်ုပ်တို့သည် ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး စသည့် ဒုက္ခများကိုလည်းကောင်း၊ ...... နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု စသည့်ဒုက္ခများကိုလည်းကောင်း .... တကယ့်ဒုက္ခများ အဖြစ် အတည်ယူလျှက်ေ
ကျွန်ုပ်တို့၏ ''အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား'' ဟူသော သြကာသကန်တော့ချိုးသည်လည်း ဘယ်တော့မှ အဆုံးသတ်မည် မဟုတ်တော့ပေ။ 
အသေမဦးခင် ...ဥာဏ်ဦးဖို့ ဆိုသည်မှာလည်း အပြောသက်သက်သာလျှင် ဖြစ်ချေတော့မည်။
(မှတ်ချက်။  ။အီးလဲဗင်း ဂျာနယ်မှ  ဇေဝင်းနောင်   ၏ မတ်လဆုတောင်း ဆောင်းပါး နှင့် တကွ မိုးကုတ်ဆရာတော်၊ သဲအင်းဂူဆရာတော်၊ သန်လျှင်သဘာဝရိပ်သာမှ ဆူနာမီဆရာတော် ဦးဥတ္တမသာရ တို့၏ ဟောကြားမှုများကို ကိုးကားဖော်ပြပါသည်။)
Khin Win 10:09pm Mar 31
'' အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ် ကို ရရပါလို၏ အရှင်ဘုရား'' ဟူသော သြကာသ ကန်တော့ချိုး၏ နောက်ဆုံးအပိုဒ် ဆုတောင်းခန်း သည်....ယခုလအတွင်း ကပ်ဘေးတွေ မြင်ခဲ့ရတော့ ကျွန်တော့် ခေါင်းထဲရောက်လာသည်။
လူငယ်တန်ဖိုးလား
“လူငယ်တန်ဖိုး” အကြောင်း ရေးပေးပါဆိုတော့ အတော်ဝန်လေးနေတယ်။ ရေးစရာ ပြောစရာမရှိလို့ မဟုတ်ပါဘူး။ ရေးစရာ ပြောစရာတွေ များနေလို့ပါ။
“လူငယ်” ဆိုတာ ဘယ်အသက်အရွယ်ကို ပြောတာလဲ? ဆိုတဲ့ ပြောရိုးပြောစဉ်စကားနဲ့ စရမယ် ထင်ပါတယ်။ ဟောပြောပွဲတွေမှာလဲ မေးလေ့ရှိတယ်။ ပရိသတ်ကတော့ ထုံးစံအတိုင်း သတ်မှတ်ချက်တွေကို ပြောကြတယ်။ ပြီးတော့ ကိုယ့်ရဲ့အဖြေကို ပြောပြဖြစ်တယ်။ “အသက်(၈၀)အောက်ကို ဆိုလိုတာ”ဆိုတော့ သူတို့က ရီကြတယ်။ ကိုယ်က အသက်(၅၀) နဲ့ (၆၀) ကြား ရောက်နေပေမယ့် အသက် (၇၀) ကျော်တွေ တန်းစီနေတဲ့နေရာမှာ ငယ်သေးလို့ဆိုပြီး ငြင်းပယ်ခံရတာတွေက အများသား။ ဒါပေမယ့်လဲ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ပြောရရင် ကိုယ်လုပ်ခွင့်ရတာတွေ အများကြီးပဲ။
"အပျိုစစ်စစ်ကိုမှကြိုက်တဲ့ကိုကိုများအတွက် ဘယ်သူကအပျိုစစ်စစ်လဲ"
[By Thu Thu Lay ]
ကျွန်မနဲ့သူကချစ်သူတွေပါ....
လက်ဖက်ရည်ကြိုက်တတ်တဲ့
ကျွန်မဟာဆိုင်မှာပူပူလေးထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါသူပြောလေ့ရှိတာကတော့
"မင်းကွာ...အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့ ။
Wednesday, March 30, 2011
ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။
ကြွေလွင့်သွားသော စံပယ်ဖြူတစ်ပွင့်...
ဘာအံ တက္ကသိုလ်ရဲ့  တက္ကသိုလ်ဖွင့်စ ရက်လေးတစ်ရက်မှာ ကိုယ်သွားရမဲ့ လက်တွေ့ ခန်းက ဘယ်နေရာမှန်းကို မသိတဲ့ အူတူတူ အတတ ရုပ်လေးထွက်နေတဲ့ ကောင်မလေးတစ်ယောက်က ဘေးဘီကို ငေးမောရှာဖွေနေမိသည်..။ တစ်ယောက်ယောက်ကို လှမ်းမေးရအောင်လဲ အားလုံးက သူ့ အဖွဲ့ လေးနဲ့ သူ စကားဖောင်ဖွဲ့ နေကြတဲ့ ရွယ်တူတွေကြား တစ်ယောက်ထဲ မဝံ့ မရဲ အားငယ်စွာနှင့် မေးဖို့ ရန် မရဲဝံ့လှတာကြောင့် လျှောက်နေတဲ့ ခြေလှမ်းအတိုင်းသာ လျှောက်နေမိ၏...ဘေးဘီဝဲယာ ငေးကြည့်နေရင်းပဲ ကံ့ကော်ပင်အောက်က ထိုင်ခုံမှာ တစ်ယောက်ထဲ ထိုင်နေသူတယ်ယောက်ကို တွေ့ မိတာကြောင့် ဝမ်းသာအားရနှင့် ထိုသူကိုပဲ မေးမြန်းရန် ဆုံးဖြတ်လိုက်ပြီး ပါဝါတစ်ထောင်ကျော်လုလုနီးပါးဖြစ်နေတဲ့ ကိုယ့်ရဲ့  ပုလင်းဖင်လောက် ထူထဲနေသော မျက်မှန်ကို ပင့်တင်ရင်း သူမရှိရာသို့  ခြေလှမ်းကို ပြင်ဆင်လိုက်၏..။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနှင့်ကျမ၏ ကိုယ်တွေ့  မှတ်တမ်းဒိုင်ယာယီ အပိုင်း ( ၃ )
by Robina Lwin on Tuesday, March 29, 2011 at 4:35pm
          မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အစောပိုင်းကာလနှင့်ပက်သက်သောကျမ၏၊ ကိုယ်တွေ့ မှတ်တမ်း ဒိုင်ယာယီ အပိုင်း ( ၁ ) နှင့် အပိုင်း( ၂ ) ကိုရေးသားခဲ့ပြီးနောက်၊ ယခု အပိုင် (၃ ) ကို ဆက်လက်တင်ပြခြင်းဖြစ်ပါသည် ။ အပိုင်း (၃ )ပြီးပါက ရပ်နားလိုက်မည်ဖြစ်ပါသည်။
          အစောပိုင်းကျောင်းသားများထွက်လာခါစက ၊ ရှုပ်ရှက်ခက်နေသောအခြေအနေများနှင့်၊ (မကဒတ) ဗဟိုကော်မတီ ဖွဲ့ စည်းပြီးစ အခြေအနေများတွင် စံနစ်တကျ မလုပ်ဆောင်နိုင်ကြသေးသော်လည်း၊ နောက်ပိုင်းတွင် တဖြည်းဖြည်းဗဟိုကော်မတီနှင့် စခန်းများအားလုံး ညှိနှိုင်း လုပ်ဆောင်မှုကြောင့်၊ ကျစ်လစ်ခိုင်မာသောအဖွဲ့ အစည်းတခု အသွင်ပြောင်းလဲ လုပ်ဆောင်နိုင်ပြီဖြစ်သောကြောင့်၊ နောက်ပိုင်းသမိုင်းမှတ်တမ်းများမှာလည်း ၊ (မကဒတ) ဗဟိုကော်မတီမှ စုဆောင်းတင်ပြထားသော ၊ မှတ်တမ်းများနှင့် ဆက်စပ်တူညီနေမည်သာ ဖြစ်သည်။
အစိုးရသစ်ကို အရှိအတိုင်း NLD လက်ခံ
by Voa Burmese on Wednesday, March 30, 2011 at 9:32am
အခုလက်ရှိ အစိုးရသစ် ဖွဲ့စည်းလိုက်တဲ့အပေါ် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေကရော ဘယ်လို တုံ့ပြန် ပြောဆိုကြသလဲဆိုတာ နော်ရှိုးက တင်ပြပေးထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို အစကတည်းကနေ တောက်လျှောက် သပိတ်မှောက်လာတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခု ဒီရွေးကောက်ပွဲကနေပဲ ပေါ်ပေါက်လာတဲ့၊ ဒီနေ့ကြေညာတဲ့ အစိုးရသစ်ပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာ သိရအောင် မေးကြည့်တော့ ဦးဉာဏ်ဝင်းက အခုလိုပဲ တိုတိုတုတ်တုတ် ဖြေကြားခဲ့ပါတယ်။
ဦးသန့်
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၁
လွန်ခဲ့သောနှစ်ပေါင်း ၄ဝ ကျော်က ကမ္ဘာ ကြီးကိုတတိယစစ်ကြီးဖြစ်မည့်ဘေး မှ ကယ်တင်နိုင်ခဲ့သူမှာ မြန်မာနိုင်ငံ တောမြို့လေးတမြို့တွင် သာမန်ကျောင်းဆရာလေးတယောက်ဖြစ်ခဲ့ဖူးသူဟုဆိုလျှင် ကြားရသူ အပေါင်း အံ့သြပေလိမ့်မည်။ ထိုသို့ ကမ္ဘာကြီးကို စစ်မီးလျှံ အန္တရာယ်က ကယ်တင်ခဲ့သောပုဂ္ဂိုလ်မှာ အခြားသူမဟုတ် မြန်မာ့သားကောင်းရတနာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ဆိုသူပင်ဖြစ်သည်။
မိုးရာသီတွင် ဖြစ်ပွားတတ်သော အရေပြားမှိုရောဂါများ
by ဆေးလောက on Friday, March 25, 2011 at 10:19pm
“မှိုက မစိုမခြောက် အခြေအနေကို သဘောကျတယ်။ မိုးတွင်းကျတော့ မိုးရွာတဲ့အချိန်မှာ မိုးရေစိုမယ်၊ မရွာတဲ့အချိန်တွေကျတော့ ချွေးတွေနဲ့ဆိုတော့ အရေပြားကို နှူးသလိုဖြစ်ပြီး ဒီလို မိုးတွင်းအချိန်မှာ အဖြစ်များတတ်ပါတယ်”
ဘာလဲ stock, stock market ဆိုတာ ?
by Chan Myae on Wednesday, March 30, 2011 at 12:50am
Filed Under  Capital Market, Education, Stock
ငယ်ငယ်လေးတည်းက စာရေးသူ ဒီမေးခွန်းကို မေးဖူးပါတယ်။ stock ဆိုတာဘာလဲ။ ဘာလုပ်လို့ရသလဲ။ stock နဲ့စီးပွားရေးနဲ့ ဘယ်လိုပတ်သက်လို့ သူ့ကြောင်းပြောနေရတာလဲ စသဖြင့်ပါ။ စာပုဒ်လေးကို ရေးရတဲ့ အကြောင်းအရင်း ကတော့ စာရေးသူလိုပဲ သိချင်တဲ့သူတွေအတွက် ရည်စူးပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလဲ အကျယ်တ၀င့် ရေးသွားမှာပါ။
"တစ်နေ့နေ့ဆိုတဲ့ အချိန်မှာ .
[By Ko Myoe]
ပြီးအောင်ဖတ်စေချင်ပါတယ်
ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့်
မိသားစုဝင်နည်းနည်းနဲ့။
အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်။
ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
အဉ္ဇလီမောင်မောင်
“မြူးကြွတဲ့ တေးသံပျံလွင့်လို့နေ … ကူးပြောင်းစ တန်ခူးလေမှာ … တယောက်တလှည့်မို လှမ်းကာ ဖျန်းပက်ကြစဉ် … ပိတောက်ဖူး လေးတွေ ပန်ဆင်ထားသူရေ …” ဆိုတဲ့ စာသားလေးကို တွေ့လိုက်ရတော့ ဘာလိုလိုနဲ့ မကြာခင် သင်္ကြန်ကျတော့မယ် ဆိုတာ သတိထားမိတယ်။
ချစ်စရာကောင်းတဲ့ ပန်းပိတောက်နဲ့ မြူးကြွကြွ ရိုးရာသင်္ကြန်ကို လှပတဲ့ ရာသီဘွဲ့လေးဖြစ်အောင် ဖွဲ့ဆိုခဲ့တဲ့ ကိုမောင်မောင်ကတော့ သူချစ်တဲ့ဂီတ လောကကြီးကို စွန့်ခွာသွားတာ ၁၆ နှစ်ရှိပါပြီ။ သေသောသူ ကြာရင်မေ့ဆိုပေမယ့်လည်း သူဖန်တီးခဲ့တဲ့ ဂီတအပေါ်မှာ ယစ်မူးခဲ့ရတဲ့သူတွေ၊ မြတ်နိုးခဲ့ရတဲ့ သူတွေကတော့ မမေ့နိုင်သေးပါဘူး။
သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၁ )
ကျနော်ဒီဘာသာရေးစာတွေဘဲ တင်လို့တမျိုးတော့မထင်စေချင်ဘူး။ ကျနော့်ဘာသာသာသနာအတွက် အုပ်တချပ်သဲတပွင့်မဟုတ်ရင်တောင် ဖုန်မှုန့်လေး
တမှုန်လောက် အကျိုးပြုနိုင်ရင်ကျနော်ကျေနပ်ပါပြီ။ကျနော်တင်တဲ့ပို့စ်လေးတွေဖတ်ပြီး ဒီဆိုဒ်လေးထဲကမိသားစုဝင်များ
ရင်ထဲမှာ တခုခုကျန်ခဲ့ ရခဲ့မယ်ဆိုရင်ကျနော် ရှာဖွေတင်ရကြိုးနပ်ပါပြီဗျာ။
(ဂါဒီးယန်း ဦးစိန်ဝင်း နှင့် ဒေါက်တာ ဦးနေ၀င်း မေး၍ အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ဖြေသည်။)
"စကားတစ်ခွန်းက ဘဝတစ်ခုကို ပြောင်းလဲစေသည်"
[By Alex Aung Lin]
ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၅ နှစ်သား ကလေးငယ်ကို ရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။
ကလေးငယ်က ပူစီဖောင်းက ကြိုးသေးလေးကိုကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ဆွခုန်ဆွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း လွတ်သွားခဲ့တယ်။
ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ်တက်သွားတဲ့ ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။
ကမ္ဘာ့ပညာရှင်များ၏ ဗုဒ္ဓဘာသာအပေါ်အမြင်
 -အရှုံးမရှိသောဒဿန
"စကြာဝဠာတစ်ခုလုံး ကိုးကွယ်မည့်ဘာသာ"
     နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည့် ဘာသာတစ်ရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ထိုဘာသာတစ်ရားသည် တစ်ယူသန်ဝါဒ၊တရားသေ၀ါဒများကိုလည်း ရှောင်လွဲနိုင်လိမ့်မည်။သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့် ထိုဘာ  သာတရားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္မါယ်ပြည့်ဝသည့် ပေါင်းစည်းညိညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။
ကာမေသုက ကုမရပါ
အရှင်းဘုရား ( ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ )ရဲ့ အပြစ်ဖြစ်
ပုံကို အကျယ်တ၀င့် ရှင်းပြပေးပါလို့  ရိုသေစွာလျှောက်ထားအပ်တယ်အရှင်ဘုရား...
                                    (PHU နှင့် ရင်လွဲသူ)
ကာမေသုမိစ္ဆာစာရာ အစဖြာတဲ့ သီလသိက္ခာပုဒ်လေးကို ရှင်းမပြသေးခင် စာရေး သူ မုံရွာမှာနေစဉ်က ကြုံတွေ့ခဲ့ဖူးတဲ့ အဖြစ်ကလေးတစ်ခုကိုဖောက်သည်ချပါဦးမယ်၊ မုံရွာမှာ စာရေးသူနဲ့ သိကျွမ်းတဲ့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရှိပါတယ်၊ ကျောင်း အုပ်ကြီးက မုံရွာနဲ့နီးတဲ့ ၀ဒါန်းဆိုတဲ့ရွာလေးက တွဲဘက်အထက်တန်းကျောင်းမှာ တာ ၀န်ကျပါတယ်၊ကျောင်းအုပ်ကြီးနေတာကတော့ မုံရွာမြို့ကအလယ်ရပ်မှာပါ၊ အလည်ရပ် ဆိုတာ မုံရွာမြို့ရဲ့ မြို့လည်ခေါင်အချက်အချာကြတဲ့နေရာလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ကျောင်းအုပ်ကြီးနေရတာက ချောင်ကြကြ လမ်းကြားလေးက၀င်သွားရတဲ့နေရာလေး မှာပါ၊ နောက်ပြီး နေရာတကလည်း ကိုယ်ပိုင်အိမ်ဆိုပေမဲ့ ဆွေမျိုးတွေရဲ့ဝင်းထဲမှာ ကပ် ပြီးနေရတာပါ၊ သူ့အိမ်ကြည့်တော့လည်း တဲသာသာလေးဖြစ်နေပါတယ်၊
"လက်ကိုင်ဖုန်း ယဉ်ကျေးမှု"
လက်ကိုင်ဖုန်းဆိုလို့ ''လက်က မကိုင်လို့ ခြေနဲ့ကိုင်ရမှာလားကွ''လို့တော့ မပြောကြပါနဲ့။ HANDPHONE ကို တိုက်ရိုက် မြန်မာမှု ပြုလိုက်တာပါ။ တချို့ ဘိုလိုရေးတဲ့ လိပ်စာကဒ်ကြားတွေမှာ MOBILE ဆိုထည့်တာလည်း
တွေ့ဖူးပါတယ်။ ခေါင်း စဉ်ကို မြန်မာဆန်ဆန် ရေးချင်လို့ လက်ကိုင်ဖုန်းလို့ ရေးမိတာပါ။ အမှန်တော့ ဖုန်းဆိုတာ မွေးစားတာကြာလို့ သားသမီးအရင်းလို ဖြစ်နေတဲ့ အင်္ဂလိပ် စကားလုံးပါပဲ။ ရှိပါစေတော့။ ဟိုမှာဒီမှာ လွယ်လွယ်ကူကူး ရေးကြတဲ့ မျက်စိထဲအမြင်များနေပြီဖြစ်တဲ့ ဟန်းဖုန်း စကားလုံးနဲ့ပဲ ခရီးဆက်ပါရစေ။
G mail တွင် ပို့ပြီးသား မေးလ်များကို ပြန်ဖျက်နိုင်ပြီ
Google သုတေသန Lab မှ G-Mail အသုံးပြုသူများ၎င်းတို့ ပို့ထားသည့် Mail များကို
ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်းပေးလိုက်ကြောင်း သိရှိရသည်။
Undo Send ဟုအမည် ပေးထားသော အဆိုပါ Featureကြောင့် အမှားပါသော Mail
များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။မူလက
G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ်
နိုင်ချေ။ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့်
ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail
ထဲရှိ မိမိပို့ထားသော Mailကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
Tuesday, March 29, 2011
စည်းလုံးခြင်းသည် …
(၁)
ပုံပြင်ထဲက အဖိုးအိုက
ထင်းစည်းတစည်းနဲ့ သာဓက ပြ …
(၂)
ခုခါ လက်တွေ့မတော့
ဖွင့်ပွဲတွေမှာ သုံးသုံးနေကျ
လေဗူဘောင်း တွဲတွေ ….
ကုန်စိမ်းဈေးက
ကန်စွန်းရွက် စည်းတွေ….
နှမ်းဖြူးထားတဲ့
မုန့်လေပွေ ထပ်တွေ ….
Face Book မှ သိလိုက်ရသော သဘာဝဘေးအန္တရာယ်ကို ဂျပန်တွေ ဘယ်လိုရင်ဆိုင်သလဲ
by May Thingyan Hein on Monday, March 21, 2011 at 9:32pm
ကျွန်မ facebook သုံးတိုင်း အချိန်ကုန်တယ်လို့ ကျွန်မခင်ပွန်းသည်က အပြစ်တင်လေ့ရှိသည်။ အရင် အင်တာနက် သုံးချင်ရင် အင်တာနက်ကဖေး ပြေးခဲ့ရပေမဲ့ ခုလို Elite ကုမ္ပဏီက ငါးသိန်းတန် မိုဘိုင်းဖုန်းနှင့် အင်တာနက် သုံးစွဲနိုင်အောင် ၀န်ဆောင်မှုပေးတော့လည်း ကျွန်မမှာ ၀မ်းမြောက်စွာဖြင့်ပင်  EVDO 3G  MODEN ၀ယ်သုံးခဲ့သည်။ သုံးစက အင်တာနက် လိုင်းကောင်းသောကြောင့် ကိုယ့်အသိတွေကိုတောင် ငါးသိန်းဖုန်းနဲ့ အင်တာနက်သုံးကောင်းကြောင်း ကုမ္ပဏီကို အခမဲ့ ကြော်ငြာပေးခဲ့မိသေးသည်။ ခုတော့လည်း ကျွန်မမှာ အဲလို တွေ ကြော်ညာမိတဲ့အတွက် အပြစ်ရှိသူလို ခံစားနေရသေးသည်။
"သင်ခန်းစာ အထပ်ထပ်အောက်က ကွက်လပ်များဆဲတော်လှန်ရေး”".
[By Minwunna Aung]
မြန်မာနိုင်ငံရဲ့ ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေး သမိုင်းဖြစ်စဉ် တွေမှာ အားနည်းချက်အားကောင်းချက်၊ အမှား အမှန် စတာတွေနဲ့ပတ်သက်ပြီး သင်ခန်းစာတွေထုတ်ယူခဲ့ကြ၊ ပြုပြင် ပြောင်းလဲခဲ့ကြ၊ အသစ်တည်ထွင် ကြံဆခဲ့ကြသလို ညီညွတ်ရေးပြိုကွဲခဲ့ကြ၊ ပြန်လည်တည်ဆောက်ညီညွတ်ခဲ့ကြတဲ့ ဖြစ် စဉ်တွေကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ သမိုင်းခေတ်ကို ကိုယ်တိုင်ဖြတ်သန်းခဲ့သူတွေ၊ ကိုယ်တိုင်မဖြတ် သန်းခဲ့ရပေမယ့် လေ့လာစူးစမ်းစိတ်ဝင်စားရင်း လွတ်လပ်ရေးရပြီးကာလနောက်ပိုင်း နိုင်ငံရေးတိုက်ပွဲတွေ တော်လှန်ရေး တွေ လူထုအုံကြွမှုတွေမှာ ပါဝင်ဖြတ်သန်းခဲ့ကြ၊ ဖြတ်သန်းနေကြဆဲ သူတွေအများကြီးရှိကြပါတယ်။
"လူတော်များကို ငတ်မွတ်ခြင်း".
လွင်အံ့
လူတွေကို အတန်းအစားခွဲခြားမယ်ဆိုရင် ရွှေလိုလူ၊ ငွေလိုလူနဲ့ ကြေးနီလိုလူတွေရယ်လို့ ပိုင်းခြားနိုင်တဲ့အကြောင်း ဒဿနဆရာကြီး ပလေတိုက မိန့်ဆိုဖူးသည်။ အီတာလျံဘောဂ ဗေဒပညာရှင် ဗီလ်ဖရီနိုပါရီတိုကမူ တိုးတက် ဖြစ်ထွန်းမှုအများစု၏ အကြောင်းရင်းခံမှာ အ နည်းငယ်မျှသာ မရှိမဖြစ်လူတချို့ကြောင့်ဟု ငြင်းခုံအဆိုပြုခဲ့ဖူးသည်။ ဒီလိုအယူအဆများက ယနေ့ခေတ်လူအများစုကြီးကြားမှာ ပျံ့နှံ့နေ သည် ထိုကဲ့သို့ခါင်းဆောင်သူလူတန်းစား သို့ တည်းမဟုတ် အနည်းငယ်မျှသော မရှိမဖြစ် လူများအား နိုင်ငံရေးသမားများက အန္တာရာယ် ကောင်စာရင်းသွင်းကြသည်။
ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်မူ ပို၍သိ သာသည် ကမ္ဘာပေါ်မှ အကောင်းတကာ့အ ကောင်းဆုံး ကုမ္ပဏီများသည် သူတို့ရရှိထားသော မရှိမဖြစ်လူအနည်းငယ်(The Vital Fews)ကို လွတ်ထွက်မသွားစေဖို့ ထိန်းထားသည်။ နောက်ထပ်တွေ့အောင်လည်း ထပ်ရှာကြသည်။ ထိုကဲ့သို့ လူမျိုးရလျှင် လစာရိက္ခာအထောက် အပံ့ မြိုးမြိုးမြက်မြက်ကလေးပေးထားပြီး၊ အပို ဆောင်းလေ့ကျင့်မှုများ၊ စွမ်းအင်ရှိသောအကြီး တန်းအရာရှိများဖြင့် ပျိုးထောင်ယူသည်၊ ပြီး တော့ အစွမ်းပြမှရမည့် တာဝန်များကို ပေး သည်။ မည်သို့ဆိုစေ စီးပွားရေးလုပ်ငန်းလော ကထဲမှာ ထိုသို့သော မရှိမဖြစ် လူအ နည်းငယ်သို့မဟုတ် ပါရမီပါလာသူ များကိုပို၍ စွဲလမ်းတောင့်တ လာခဲ့ကြသည်။
"ပန်းတိုင်ကိုမြင်ထားမှပန်းတိုင်ကိုသွားနိုင်မယ်".
ထက်ကျော်
ဆောင်းပါးခေါင်းစဉ်ကို မြင်တာနဲ့ သူ့ရဲ့ အတွင်းသဘောကို ခန့်မှန်းမိကြမှာပါ။ ဘယ် ကိစ္စမှာမဆို ဘယ်လုပ်ကိုင်ဆောင်ရွက်မှုမျိုးမဆို ပန်းတိုင်ဆိုတာ ရှိတတ်ပါတယ်။ အဲဒီပန်းတိုင်ကို ရည်ရွယ်ပြီး ကြိုးပမ်းလျှောက်လှမ်းရတာတွေ လည်း ရှိပါတယ်။ ဒါမှသာ အောင်မြင်ပြီး ဆန္ဒ ပြည့်ဝပေမပေါ့။
တစ်ခါတစ်ခါတော့ လူတွေဟာ ပန်းတိုင် ပျောက်နေတတ်တယ်။ ကိုယ့်ရဲ့ဆန္ဒအမှန်ပါ ဝေ ဝါးတိမ်မြုပ်နေတတ်တယ်။ ဒီတော့ ကိုယ်လျှောက် ချင်တဲ့လမ်းဟာ ပျောက်သွားတတ်သလို ကိုယ့် ရဲ့ပန်းတိုင်ဟာလည်း ဘာမှမန်းမသိတော့ဘဲ ရည်ရွယ်ချက်တွေ မဲ့သွားတတ်တာ အမှန်ပဲ။ ပန်းတိုင်ကိုမမြင်ဘဲ လျှောက်နေတာမျိုးဟာ မျက်ကန်းလမ်းလျှောက်တာမျိုးပဲ မဟုတ်လား။ ဦးတည်ချက်မရှိဘဲ ဘယ်ရောက်ရောက် ဘယ် ပေါက်ပေါက် သွားနေတာနဲ့ တူသွားလိမ့်မယ်။
" မှားယွင်းသော စီမံခန့်ခွဲမှု".
မှားယွင်းသော စီမံခန့်ခွဲမှုကို “Mismanagement”ဟု သိကြသည်။ တစ်ဦးချင်းစီမှသည် အဖွဲ့အစည်းများ အလယ်၊ နိုင်ငံအဆုံး အတော်ပင် အလေးအနက်ထားရမည့် အရာ၊ အရေးကြီးသော အဓိကအချက် ဖြစ်သည်။
စီမံခန့်ခွဲသူများသည် မူ ၀ါဒရေးဆွဲသူများ၊ မဟာဗျူဟာ ရုပ်လုံးဖော်ကြသူများ ဖြစ်သဖြင့် မူလကတည်းက မှားယွင်းမှု ရှိနေလျှင်၊ အကောင်အထည်ဖော်ရာ၌ မျှော်မှန်းထားသော ရည်မှန်းချက်သို့ မည်သည့်အခါမှ ရောက်ရှိမည် မဟုတ်ချေ။ ဦးဆောင်သူများသည် စီမံခန့်ခွဲသူများ ဖြစ်သည်။ လမ်းကြောင်းပေးသူများလည်း ဖြစ်၏။ အခြေအနေအမှန် တစ်ရပ်ကို ကောင်းစွာသိရှိ သုံးသပ်နိုင်မှု၊ ရေရှည် အကျိုးစီးပွား ရရှိနိုင်မှု၊ နောက်လိုက်များကို ပြုပြင်နိုင်မှု၊ မိမိမူဝါဒ၏ အကျိုးအပြစ်များကိုကောင်းစွာ ထဲထဲဝင်ဝင် သိရှိနိုင်မှု၊ ကမ္ဘာကြီး၏လားရာနှင့် အရာရာကို ခြုံငုံမြင်နိုင်မှု စသော အရည်အသွေးများရှိရန် လိုသည်။
"အားလုံးအတွက် ပညာရေး (၂)".
[By Kyi Win]
ဘ၀ရှေ့ခရီးကို ယုံကြည်မှု ပြည့်ပြည့်၀၀ အာမခံချက်ကောင်းကောင်း (security) ဆက်လက် လုပ်ဆောင်သွားရာမှာ ဘာတွေရွေးလို့ ဘာတွေပယ်မယ်၊ ဘာတွေ ဦးစားပေးရမယ် ဆိုတဲ့ အရေးကြီး ပြဿနာပုစ္ဆာတွေ ဖြေရှင်းစရာတွေ ရှိပါတယ်။ဒီလို ဖြစ်နေတဲ့ အခြေအနေတွေကို ပြတ်သား ကြည်လင်စွာ သရုပ်ဖော်ပြလိုက်တဲ့ (opinion survey) ကွင်းဆင်းလေ့လာချက်ရဲ့အစီရင်ခံစာတစ်ခု မကြာသေးခင်က ထွက်လာတယ်။ စိတ်ဝင်စားဖွယ်လဲကောင်း၊ လူတွေ (society)ရဲ့ အနာဂတ်ရဲ့ ရှေ့ပြေးပုံရိပ်တွေကို ရေးရေးမြင်လာအောင် လုပ်ပေးလိုက်တဲ့ ကားချပ်တစ်ခုလို့ ခေါ်နိုင်မယ် ထင်ပါတယ်။
ကွင်းဆင်းသုတေသနမှာပါတဲ့ တိုင်းပြည်တွေကတော့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်ပြည်တို့ ဖြစ်တယ်။
Monday, March 28, 2011
လူငယ့်အတွေး ငြိမ်းချမ်းရေး
by Myanmar Youth Network on Friday, October 22, 2010 at 1:15pm
‘ငြိမ်းချမ်းရေးကို အတင်းလုပ်ယူ၍မရ၊ အပြန်အလှန်နားလည်မှုဖြင့်သာ တည်ဆောက်နိုင်သည်’ ဟူ၍ ကမ္ဘာကျော်ရူပဗေဒပညာရှင်နှင့် အဏုမြူစွမ်းအင်ဖခင် အိုင်းစတိုင်းကဆိုခဲ့သည်။ ‘ကောင်းသောစစ်နှင့် မကောင်းသောငြိမ်းချမ်းရေးဟူသည် မရှိ’ ဟူသော ဆိုရိုးစကားလည်းရှိသည်။ စာရေးဆရာကြည်မင်းက “စစ်ကြောင့် တိုးတက်မှုတချို့ရှိတာ မငြင်းလိုပါဘူး။ ဒါပေမဲ့ စစ်ကြောင့်သာ တိုးတက်ရမယ်ဆိုရင်တော့ မတိုးတက်ချင်ပါဘူး။ ငြိမ်းချမ်းရေးဟာ အချိန်မရွေးပြိုကွဲနိုင်တယ်။” ဟု စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပသော လူငယ်နှင့် ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဟောပြောပွဲတွင် ထည့်သွင်းပြောဆိုသည်။
ဂျီတော့ခ်ထဲက သူ့ဝိညာဉ်
သူ့အကြောင်းကို ဒီခေါင်းစဉ်အောက်မှာ ရေးရတာ စိတ်ထဲ မကောင်းလှဘူး၊ ပြန်တွေးမိတိုင်းလဲ သိပ်ဝမ်းနည်းရပါတယ်။ ဒါပေမဲ့လဲ ဆက်စပ်နေတဲ့ အကြောင်းအရာမို့ ဒီခေါင်းစဉ်အောက်ပဲ ထည့်လိုက်တာကို သူသိရင် ခွင့်လွှတ်နိုင်မှာပါ။ သူက ကျမကို အမြဲ နားလည် ခွင့်လွှတ်ပေးခဲ့သူ တယောက်ပဲလေ။
တလောက ကိုဆိုဆီ (တည်ငြိမ်အေး) ဆီမှာ ကွန်မန့်သွားပေးရင်း ဂျီတော့ခ်ထဲမှာ သရဲခြောက်သလို ကြုံဖူးတယ်လို့ ပြောခဲ့မိတော့ ကိုဆိုဆီက အဲဒီအကြောင်း ရေးဖို့ ပြောပါတယ်။ ကျမလဲ ရေးမယ် ရေးမယ်နဲ့ စိတ်ကူးသာရှိပြီး ရေးဖို့ရာ လက်တွန့်နေမိတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအဖြစ်အပျက်ကို သရဲခြောက်တယ်လို့ ကျမအနေနဲ့ လက်မခံနိုင်လို့ပါပဲ။ ဒါဟာ ကျမနားမလည်တဲ့ နည်းပညာရဲ့ လျှို့ဝှက်ချက် တခုခုပဲ ဖြစ်မှာပါလို့ ကိုယ့်ဘာသာ သတ်မှတ်ခဲ့တယ်။
*ရည်မှန်းချက်နီးရင် သွေးချင်းနီးတာပဲ*
ဟိုတလောက ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီ ဒီလှိုင်းကြီး ကြုံတွေ့ခိုက်မှာ ဂျပန်ရောက် မြန်မာတွေချင်း ရိုင်းပင်း ကူညီကြပုံများကို ကြားရပြီး ၀မ်းမြောက်ဂုဏ်ယူမိတဲ့အကြောင်း ရေးခဲ့တယ်။ မရှေးမနှောင်းမှာပဲ မလေးရှားပြန်
လူငယ်တစ်ယောက်ရေးတဲ့ ကိုယ်တွေ့အဖြစ်အပျက် စာမူတွေကို အမှာစာရေးဖို့ ဖတ်ရင်းနဲ့ မြန်မာတွေချင်း အရေးကြီးတော့ သွေးနီးကြပုံအကြောင်းတွေ တွေးပြီး ကြည်နူးပီတိ ဖြစ်ရတယ်။
ပြည်တွင်းထုတ်စာစောင် အများအပြား ဆင်ဆာတင်စရာ မလို
by Voa Burmese on Monday, March 28, 2011 at 10:07pm
ဖြစ်ပေါ်လာမယ့် နိုင်ငံရေး စနစ်သစ်အရ စာပေစိစစ်ရေး မူဝါဒ အပြောင်းအလဲကြောင့် ဂျာနယ်၊ မဂ္ဂဇင်းနဲ့ လုံးချင်းစာအုပ်တချို့ စာပေစိစစ်ရေး တင်စရာမလိုဘဲ ထုတ်ဝေခွင့် ပေးသွားဖို့ မြန်မာအာဏာပိုင်တွေက စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း သတင်းအခြေခံ ထုတ်ဝေမှု မပါဝင်သလို ကန့်သတ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် နောက်ဆုံး မူဝါဒ အပြောင်းအလဲ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်နေသူတွေက သံသယ အမြင်တွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
အနုပညာ၊ သုတ၊ ရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေးကဏ္ဍ၊ ဂမ္ဘီရနဲ့ နည်းပညာဆိုင်ရာ မဂ္ဂဇင်းတွေဟာ ပြောင်းလဲတော့မယ့် မူဝါဒသစ်အရ စိစစ်ရေး တင်စရာ မလိုတော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို အကြောင်းကြားလာတာ ဖြစ်ပါတယ်။
ဆြာသူရဿဝါ၏ မော်ဒန်နည်းကျ အိုင်တီအင်တာနက် ရှေ့ဖြစ်ပြောဟောစာတမ်းကြီး
ဟာသများ (Jokes) at Myanmar network.
ကျွန်ုပ်သည်ကား ငယ်စဉ်အခါကတည်းက ဗေဒင်ပညာကို ဝါသနာပါသည့် အားလျော်စွာ ကမ္ဘာအရပ်ရပ်ရှိ နာမည်ကျော် ဝေဒပညာရှင်ကြီးများထံမှ လက္ခဏာ ခြေခဏာ ဟိုခဏာ ဒီခဏာ နိမိတ်ဟော ရှေ့ဖြစ် နောက်ဖြစ် မှစ၍ တားရော့ကဒ်ဟောနည်း၊ ခေါင်းပန်းလှန်ဟောနည်း၊ နံကြားထောက်ဟောနည်း အစရှိသည့် ဗေဒင်ဟောနည်း ပေါင်းစုံကို အွန်လိုင်းမှတဆင့် မေးလ်ပေးမေးလ်ယူ (Mail To Mail) စနစ်ဖြင့် သင်ကြားတတ်မြောက်ပြီး သကာလ ကျက်သရေမင်္ဂလာ သာမက စိန်ခြူးကြာညောင်အပေါင်းနှင့်ပါ ပြည့်စုံပြီး ထူးချွန်ထက်မြက် ဥာဏ်ရည်တက်သည့် အမျိုးကောင်းသားတစ်ဦး ဖြစ်သည်နှင့်အညီ မည်သူမှ စိတ်မကူးမိသေးသော အိုင်တီ၊ အင်တာနက် လောကအတွက် ရှေ့ဖြစ်ဟောစာတမ်းကြီးတစ်စောင်ကို ရေးသားဟောကြားပြုစု၍ 
နောင်ဖြစ်လာလတ္တံ့သော ရှေ့ဖြစ်ဇာတ်ကြောင်းများအား နောင်လာ နောက်သားတို့ ဖတ်ရှုလေ့လာနိုင်ရန် အလို့ငှာ နာမည်ကျော် နည်းပညာဂျာနယ်တစ်စောင်ဖြစ်သော Net Guide ဂျာနယ် မှတဆင့် “ဆြာသူရဿဝါ၏ မော်ဒန်နည်းကျ အိုင်တီ အင်တာနက် ရှေ့ဖြစ်ပြောဟောစာတမ်းကြီး” အမည်ဖြင့် အောက်ပါအတိုင်း ဒက်ဒက်ထိ ဟောပြောပေး လိုက်ရပေတော့လေသတည်း။
blog တွေ၊ wiki တွေ ကိုယ်ပိုင် ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ
အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင် ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက် များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ်လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ 
တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ်တွေ ပေါ်ထွက်လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင် သစ်တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိပါ တယ်။ blog တွေဟာ လမ်းကြောင်းတစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင်တွေ့ရှိချက်၊ ကိုယ်ပိုင်စွမ်းဆောင်ချက်တွေနဲ့အတူ အနုပညာတွေ၊ နည်းပညာ ဗဟုသုတတွေ၊ စီးပွားရေး၊ ပညာရေး အားလုံး အားလုံး လက်လှမ်းမီသလောက် ၀ါသနာအရင်းခံပြီး ဖြန့်ဝေနေကြတာဟာ အလွန်တရာ ၀မ်းသာမိပါတယ်။ 
ယာဉ်စည်းကမ်းလမ်းစည်းကမ်းရှိသလို၊ လူမှာလည်း လူ့စည်းကမ်းရှိသလို ဘလောဂ့်တွေမှာလည်း ဘလောဂ့်စည်းကမ်းဆိုတာ ရှိပါတယ်။ ဘလောဂ့်ဂါတစ်ယောက်ဟာ ကိုယ်ဖန်တီးတဲ့ အနုပညာအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရပါတယ်။
မှန်ကန်တဲ့သတင်း၊ မှန်ကန်တဲ့လုပ်ဆောင်ချက်၊ မှန်ကန်တဲ့အကြောင်းအရာ ဒါတွေဟာ တိကျမှန်ကန် မှုရှိမှသာ ကိုယ့်ဘလောဂ့်မှာတင်ပြကြခြင်း ဖြစ်ပါတယ်။ ငါသာစေ သူနာစေဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ခင်း မျိုးက ရေရှည်မှာ တည်မြဲမှု မရှိရုံမျှမက ဘလောဂ့်ဂါ အများကိုလည်း ယုံကြည်မှု ကင်းမဲ့စေတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဘလောဂ့်ဂါတိုင်း နားလည်လက်ခံသဘောပေါက်ကြပါတယ်။ 
ကိုယ့်အမြင် သူ့အမြင် ဖလှယ်ခြင်းဟာလည်း ကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ အောင်မြင်တိုးတက်မယ့် တက်လှမ်းတွေ ဖြစ်ပါတယ်။ ပြင်ပ ဘလောဂ့်ဂါများ နေရာအနှံ့အပြားမှာ များပြားနေတာကို တွေ့ရှိခြင်း အားဖြင့် ကိုယ့်နိုင်ငံသားတွေလည်း ဒီလို မီဒီယာအသစ်တွေ အများအပြား တိုးတက်စေချင်တာ အမှန်ပါ။ ဘလောဂ့်ဂါအချင်းချင်း ရိုင်းပင်းကူညီပြီး ပြည်ပ မီဒီယာသမားတွေ ကိုယ့်ဝန်းကျင်းအတွင်း မ၀င်လာနိုင်အောင် အားလုံးကြိုးစားကြစေချင်ပါတယ်။
ပြည်ပနိုင်ငံသား ဘလောဂ့်တွေကို လေ့လာမိသလောက် ဘလောဂ့်ဂါတွေရဲ့ ၃၅ ရာခိုင်နှုန်းကသာ ဘလောဂ့်တင်ခြင်းကို ဂျာနယ်လစ်ဇင်ရဲ့ ပုံစံသစ်တစ်မျိုးအဖြစ် ရှုမြင်ကြပြီး ကျန် ၆၅ ရာခိုင်နှုန်းနီးပါးကတော့ ယင်းသို့ မယူဆပါဘူးလို့ ဆိုပါတယ်။ အဲ နောက်ပြီး မိမိတို့ဟာ တစ်ခါတစ်ရံမှာဖြစ်စေ၊ မကြာခဏဖြစ်စေ မိမိတို့သတင်းမှာ ဖော်ပြမယ့် အချက်အလက်တွေရဲ့ မှန်ကန်မှုနဲ့ပတ်သက်ပြီး စစ်ဆေးအတည်ပြုဖို့အတွက် အချိန်ပိုပေးပြီး လုပ်ကြတယ်လို့ ဆိုသူ အရေအတွက်ကတော့ ၅၆ ရာခိုင်နှုန်းမျှသာ ရှိပါတယ်။ 
ဒီတော့ ဘလောဂ့်ဆိုတာနဲ့ တစ်ခုထဲသော အကြောင်းအရာကို မမြင်စေချင်ပါဘူး။ ကိုယ့်ရေးသားချက်ကို ကိုယ်တာဝန်ယူရပါမယ်။ ဘလောဂ့်ဂါ တော်တော်များများ အင်း ပြောရရင်တော့ ၇၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ သတင်းတွေကို အွန်လိုင်းတင်ရာမှာ သူတို့ရဲ့ အမည်ဝှက်ကိုသာ ဖော်ပြကြပါတယ်။
ဘလောဂ့်ဂါတွေဟာ သတင်းရေးရာမှာ သူတို့ရဲ့ အမည်မှန်ကို မဖော်ပြတဲ့အတွက် တကယ်လို့ သတင်းမှားတွေ ပေးခဲ့ရင်လည်း သူတို့ကို ခြေရာခံနိုင်မှာ မဟုတ်ပါဘူး။ ထိုအဖြစ်တွေကြောင့် တချို့ ဘလောဂ့်ဂါတွေ မှားယွင်းတဲ့ ကောလဟလသတင်းတွေကို ဖြန့်ဝေလာမိတဲ့အခါ ကျန်ဘလောဂ့်ဂါများကိုပါ ထိခိုက်နစ်နာစေမှု ဖြစ်ပွားနိုင်ပါတယ်။ 
ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အထင်မှား အမြင်မှားမှုတွေလည်း ဖြစ်လာနိုင်စရာ ရှိလာပါမယ်။ ဘာပဲပြောပြော နည်းပညာတွေ တိုးတက်ပြန့်ပွားလာတာနဲ့အမျှ လူကြီး လူငယ် လူရွယ်တွေအားလုံး နည်းပညာ ဗဟုသုတအမြင်တွေ နေရာတိုင်းမှာ ရရှိလာနိုင်မယ်ဆိုရင်၊ နားလည်မှုတွေ မှန်ကန်လာနိုင်မယ်ဆိုရင် ဘလောဂ့်တွေ ဘယ်လောက်အရေးပါလာမလဲ။ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေး အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရတော့ပါဘူး။ 
ဘလောဂ့်တွေဟာ ကျွန်မတို့နိုင်ငံသားတွေရဲ့ အခြေခံ အဆောက်အအုံကို ဖျက်ဆီးပစ်နေတယ်ဆိုတဲ့ တွေးထင်ချက်ဟာ ယေဘုယျအားဖြင့် ခိုင်လုံမှု မရှိဘဲ အယူအဆသဘောသက်သက်သာ ဖြစ်ပါတယ်။ ဘလောဂ့်တွေကြောင့် ငုံ့လျှိုးနေတဲ့ အနုပညာ၊ ကိုယ်တိုင်ဖန်တီးနိုင်မှု စွမ်းရည်၊ လူတိုင်း အရည်အချင်းရှိပါတယ်ဆိုတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ပညာတတ်ဝန်းကျင်တွေ အရာအားလုံး တိုးတက်များပြားလာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်းလုံး အောင်မြင်ဖြစ်ထွန်းမယ့် လူငယ်လူရွယ်တွေ မွေးထုတ်လာနိုင်ခဲ့ပြီး တိုးတက်အောင်မြင်သော လုပ်ဆောင်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကို ရင်ဘောင်တန်းလာနိုင်မယ်လို့ ကျွန်မ မြင်မိပါတော့တယ်။
အခုအချိန်အတွက် မေးရမယ့် မေးခွန်းကတော့ ကျွန်မတို့အနေနဲ့ အများပြည်သူဆိုင်ရာ လူသား အားလုံးအတွက် နည်းပညာတွေ၊ ပညာဗဟုသုတ ဖလှယ်မှုတွေ ကိုယ်စွမ်းရှိသလောက် ဘယ်လို ဖြန့်ဝေသွားမလဲဆိုတာပါပဲ။
(manawphyulay)
Khin Win 10:05pm Mar 28
အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင် ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက် များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ်လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။
မိန်းခလေးတွေ အတွက် အထူးဆောင်းပါး
အခုခေတ်နိုင်ငံတိုင်းလိုလိုမှာအရွယ်မရောက်သေးတဲ့ကလေးငယ်နဲ့ အမျိုးသမီးတွေ.
အတင်းအဓမ္မအကြမ်းဖက်ခံရမှုတွေပိုများလာပါပြီ။
အကြမ်းဖက်ခံရမှုရဲ့ ၇၁ရာခိုင်နုန်းဟာ..အသက်၈နှစ်ကနေ.၂၅အရွယ်ဖြစ်ပါတယ်..
အဓိက..ကတော့အရွယ်မရောက်သေးတဲ့ ကျောင်းသူလေးတွေ.ပါ ပြစ်မှုကျုးလွန်ကြတာကတော့.
သူငယ်ချင်းအပေါင်းအသင်းနဲ့ တွဲနေတဲ့ ချစ်သူတွေပါတဲ့ ..ကိုယ်မထင်မှတ်ထားတဲ့ သူတွေပဲ အများဆုံးဒုက္ခပေးကြတာပါတဲ့ .
ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားအားလုံးသိသင့်လိုက်နာသင့်သောအချက်များ
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအမျိုးအစား(၁)။ ။ တရားမ၀င်အလုပ်လုပ်ကိုင်နေသောမြန်မာအလုပ်သမားများအနေဖြင့်ယခု ၁၈-၃-၂၀၁၁ မှ ၂၅-၆-၂၀၁၁ ခုနှစ်အတွင်းသတိထားပြီးနေထိုင်ကြပါရန်..ထိုင်းရဲတပ်ဖွဲ.၊ ထိုင်း လူဝင်မှု.ကြီးကြပ်ရေး အဖွဲ.များမှ ဖမ်းဆီးအရေးယူမည့်သတင်းများ ခိုင်လုံစွာရရှိထားပါတယ်...ဒါကြောင့် တရားမ၀င်အလုပ်သမားများအနေနဲ.အလုပ်ခွင်အတွင်းမှာ အထူးသတိပြုစေချင်ပါတယ်...အပြင်သွားခြင်း၊ဈေးသွားခြင်း၊အလှူ မင်္ဂလာ များသွားရောက်ခြင်းများသတိပြုရန်...မိမိနှင့်မသိသော ထိုင်းလူမျိုးများအားနီးစပ်စွာမနေထိုင်ရန်..သတိပေးအပ်ပါတယ်။
password တွေရဲ့အဓိပ္ပါယ်နဲ့ လုံခြုံအောင်ကာကွယ်နည်းများ
password တွေအကြောင်းပေါ့နော်ကျွန်တော်တင်ပေးထားတဲ့နည်းပညာအချို့ကို ဧဒင်ကပိတ်ထားပါတယ်။ အဲ့ဒီမှာ gloaden eye spy
soft ware နဲ့  သုံးနည်းတွေ သူများစတစ်ထဲက data တွေကိုခိုးယူမယ် Program ရေးနည်းတွေပါတယ်။ ဘာမှမဟုပ်တဲ့ ရှေ့လူသုံးသွားတဲ့password ကြည်တဲ့  software တွေပါသေးတယ် ထားလိုက်ပါတော့နောက် password ခိုးယူမဲ့နည်းတွေမတင်တော့ဘူး..
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ပစ္စည်းများ အလိုအလျောက် မီးလောင်မှု ခုနစ်ကြိမ်ခန့် ဖြစ်ပွား
by Myat Lay Ngon on Monday, March 28, 2011 at 10:54am
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီး ထန်းတပင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ပစ္စည်းများ အလိုအလျောက် မီးလောင်ကျွမ်းမှု ခုနစ်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များမှာ မတ်လ ၇ ရက်၊ ၈ ရက်၊ ၂၄ ရက်နှင့် ၂၆ ရက် နေ့များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။
ငလျင်ဒဏ်သင့် ပြည်သူတွေကို NLD ကူညီမည်
by Lu Cifer on Monday, March 28, 2011 at 7:37pm
ကူညီရေးအထောက်အပံ့အတွက် စောင့်ဆိုင်းနေသူများ (reuters)
ရှမ်းပြည်နယ်တောင်ပိုင်း တာလေမြို့က ငလျင် ဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းနဲ့ ပြည်နယ် ရုံးတွေကို ဒီကနေ့ ညွှန်ကြားလိုက်တဲ့အတွက် NLD ရှမ်းပြည်နယ် က မတ်လ ၂၈ ရက်နေ့မှာ စပြီး အကောင်အထည် ဖော်တော့မယ်လို့ သတင်းရရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ရှမ်းပြည်နယ် တာဝန်ခံတဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးက RFA ကို အခုလို ပြောပါတယ်။
လူမှုဖူလုံရေးပေါ်လစီနောက်ကွယ်မှ ငြီးတွားသံများ
                                                                                                              ( မောင်မောင်ဝမ်း )
အမေရိကံပြည်ထောင်စုမှာ နှစ်ကုန်ပြီးလို့ ဇန်န၀ါရီလလောက်ကနေ မတ်လကုန်လောက်ထိ ကာလဟာ လူတော်တော်များများအတွက် ရင်ခုန်နေရတဲ့အချိန်တွေဆို မမှားလောက်ပါဘူး၊ ဘာလို့လည်းဆိုတော့ ဒီအချိန်မှာ အလုပ်လုပ်နေတဲ့ လူတိုင်း အခွန်ငွေအတွက် တွက်ချက်ရပါတယ်၊ အစိုးရက တရားဝင်လိုင်စင်ချပေးထားတဲ့ အခွန်တွက်ချက်ရာ ပုဂ္ဂိုလိက ဌာနတွေမှာ သွားရောက်တွက်ချက်ရပါတယ်၊ မသွားလို့မရပါဘူး ၊  အမေရိကားမှာ အခွန်ရှောင်ခြင်း ဟာကြီးစွာသော ဥပဒေပါ၊ ( နိုင်ငံကိုက အခွန်အကောက်ပေါ်မှာ လုံးလုံးရပ်တည်နေရတဲ့ နိုင်ငံဆိုတော့ အခွန်ဟာ သိပ်ကိုအရေးကြီးတဲ့ကိစ္စပါ )။
ဝက်ရူးပြန်ရောဂါ (သို့) အတက်ရောဂါ နှင့်ရုတ်တရက်အသက်ရှူရပ်တန့်သွားခြင်း
အောက်ပါ ကျန်းမာရေးဆောင်းပါးကို ကျွန်တော် ခရီးထွက်နေချိန်မှာ လှမ်းအကူအညီတောင်းလို့ မလေးရှားနိုင်ငံက AMIST University မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ ဆရာဝန် ဒေါက်တာနန်းနီတျာက ကျေးဇူးပြုပြီး ရေးပေးခဲ့တာ ဖြစ်ပါတယ်။ mmDailyNews စာဖတ်ပရိသတ်များ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ စာသင်ခန်းတစ်ဖက် စာမေးပွဲ တစ်ဖက်နဲ့ လုံးဝမအားတဲ့ ကြားက ရေးပေးဖြစ်အောင် ရေးပေးခဲ့တဲ့ ဒေါက်တာနန်းနီတျာ (အမ မသဲ) ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
"လိင်၊ မုးယစ်ဆေး နဲ့ မော်စီတုန်း".
[By UZa Wana]
http://www.facebook.com/note.php?note_id=164213920298410
မော်စကိုတွင်တော့ စတာလင်ရဲ့ လူ သတ်မှုတွေကို နှစ်ပေါင်းများစွာ အချိန် ယူ တရားဝင် ဖော်ထုတ်ကြသည်။ ခရူးရှော့မှ ဂေါဘာချော့ဗ် အထိ သူ့နောက် ဆက်ခံတဲ့ ကွန်မြူနစ် ခေါင်းဆောင် အသီးသီးက စတာလင်ရဲ့ အမှားတွေကို
ပြန်ပြောကြသည်။ တရုတ် ကွန်မြူနစ်အစိုးရကတော့ ဒီလို နောင်တရ စကား ဘယ်တော့ မှ မပြော။ သမိုင်းဖြစ်ရပ်မှန်အပေါ် ရေငုံနှုတ်ပိတ် နေတတ်ပြီး ဝေဖန် ပြောဆိုမှုကိုလည်း သည်းမခံနိုင်သူများ ဖြစ်သည်။
မကြာခင်က တရုတ်နဲ့ ပတ်သက်တဲ့ စာအုပ်နှစ် ထွက်လာသည်။ Herrison E. Salisbury ရေးတဲ့ ‘မော်နဲ့ တိန့် ခေတ် တရုတ်ပြည်’ (The New Emperors: China in the Era of Mao and Deng) ဆိုတဲ့ စာအုပ်နဲ့ John Byron နဲ့ Robert Pack တို့ ပူးတွဲရေးတဲ့  ‘နဂါး ခြေသည်းလက်သည်းများ’ (The Claws of the Dragon) ဆိုတဲ့ စာအုပ်တို့ ဖြစ်သည်။
စာအုပ် နှစ်အုပ်ရဲ့ အသေးစိတ် ဖော်ပြချက်များအရ မော်စကိုမှာ ဖြစ်ခဲ့တဲ့ ပါတီတွင်း ပွင့်လင်းမြင်သာရေး ‘ဂလက်စ်နော့’ ပေါ်လစီမျိုး ပေကျင်းမှာ မလွှဲမရှောင်သာ ရောက်လာနေပြီဟု ဆိုသည်။ ထိုစာအုပ် နှစ်အုပ်က မော်စီတုန်းခေတ် ၀ရုန်း သုန်းကား အခြေအနေများ၊ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ရက်ရက်စက်စက် သတ်ဖြတ်မှုများ၊ ပါတီနဲ့ အစိုးရအဖွဲ့ရဲ့ အဂတိ လိုက်စားမှုများကို တွေ့ကြုံဖြတ်သန်းခဲ့သူများနဲ့ အသေးစိတ် မေးပြီး ရေးထားသည်။
စာရေးဆရာ Herrison E. Salisbury က နယူးယော့ခ်တိုင်း ပင်တိုင်ဆောင်းပါးရှင် ဖြစ်သလို၊ သမိုင်းဆရာ တစ်ဦးလည်း ဖြစ်သည်။ သူက မော် ကို ကွန်မြူနစ်ခေါင်းဆောင်ထက် ဧကရာဇ်ဘုရင် ဟု  သုံးနှုန်းသည်။ မော် က လယ်ယာမြေ တော်လှန်ရေးကနေ အာဏာရလာသူ။ တောင်သူ တော်လှန်ရေးသမား တစ်ယောက်မှာ တရုတ်ပြည်ကို အုပ်ချုပ်ဖို့ ခေတ်မှီ တိုးတက်အောင် လုပ်ဖို့ ပြင်ဆင်ထားတာမရှိခဲ့ဟု ဆိုသည်။
"ဝိုင်းစုခိုင်သိန်း နှင့် နိုင်ငံရေး ".
http://www.facebook.com/note.php?note_id=188052871239204
[By Myo Chit Myanma]
ခုတလော ဝိုင်းစုခိုင်သိန်း စကပ်တိုတို ( အဲ မှားလို့ ) စကပ်မပါဘဲ နဲ့ အပေါ်က လိပ်ပြာလိုခြုံထားတဲ့ ဇာပုဝါပါး လိုလို ဘာလိုလို ဘာမှန်း မသိတဲ့ ဒီဇိုင်းနဲ့ သီချင်းဆိုနေတဲ့ ပုံတွေ အင်တာနက်မှာ ပြန့်နှန့်နေပါတယ်။
အရင်းအမြစ်ကိုကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်းဘဲ အားကြိုးမာန်တက် ဖြန့်ဖြူးနေကြတာ နိုင်ငံရေးသမားလို့ အမည်ခံထားသူတွေ ကိုယ်တိုင်ဘဲ ဖြစ်နေပါတယ်။
နိုင်ငံရေး Site တစ်ခု နဲ့ ဒီလိုပုံတွေနဲ့ ဘယ်လို ပါတ်သက်ပါသလဲ ခင်ဗျာ...
ဝိုင်းစု ကလဲ ဝတ်တာ စားတာ မှာ ပုရိသ အာရုံဝင်စားမှု ရချင်တဲ့ စိတ်က လိုတာထက် နဲနဲ ပိုနေပါတယ်။
ကျွန်တော့် ညီမလေး အရင်းသာဆိုရင် ခုလောက်သာဆို ပက်ပက်စက်စက် အဆဲခံရလို့ စိတ်ကောက်နေလောက်ပါပြီ။
ကျွန်တော် သူနဲ့ ဒီ ကြားထဲ စကားပြောဖြစ်ခဲ့ရင် လဲ တကယ် လေးလေးနက်နက် ပြောလိုက်ပါ့မယ်။
ဒါပေမယ့် ဒီစာရေးတာက ဝိုင်းစုအတွက် မဟုတ်ပါဘူး။
*လူငယ်တို့ရဲ့မျှော်လင့်ချက်နဲ့လက်ရှိတပ်မတော်*
လူငယ်တွေဘာကြောင့် စစ်တပ်ထဲဝင်တယ်ဆိုတာနဲ့ ပတ်သက် ပြီး နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျနော်တို့ အခြေခံ စစ်ပညာသင်တန်း ပြီးတဲ့အခါ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာသည် အုပ်စု (အတိုကောက် “ပည” လို့ ခေါ်ပါတယ်) ဆိုင်ရာ အတန်း (၃) သင်တန်းမတက်ရခင် သက်ဆိုင်ရာတပ်တွေမှာ ခေတ္တတွဲ ဖက်နေရတယ်။ တနေ့မှာတော့ ကျနော်တို့အုပ်စုကို ဒုတပ်မှူး က ဟောခန်းတခုထဲမှာ ခေါ်ပြီးတွေ့တယ်။ အဲဒီ ဗိုလ်မှူးက ခပ် ပျော်ပျော်နေတတ်ပုံရတယ်။ ကျနော်တို့တတွေကို ညီအကိုလို ရင်းရင်းနှီးနှီးပဲ ခေါ်ပြောဆက်ဆံတယ်။
စစ်သည်တွေအားလုံး တစ်ယောက်စီထပြီး ကိုယ့်ကိုယ်ကိုမိတ် ဆက်ရတယ်။ ပြီးတော့ သူကတယောက်ချင်းကို ဘာအားက စားဝါသနာပါသလဲ။ ဘာဖြစ်လို့ စစ်တပ်ထဲ ၀င်တာလဲလို့မေး တယ်။
အားကစားကိစ္စမှာတော့ ကိုယ်သန်ရာသန်ရာ ဖြေကြပေမယ့် စစ်တပ်ထဲဝင်တဲ့ ရည်ရွယ်ချက်ကို ပြောတဲ့နေ ရာမှာတော့ အားလုံး တထေရာတည်းလိုပဲ “ကိုယ့်ဘ၀တိုးတက်မှုကိုဖြစ်စေ လိမ့်မယ်ထင်လို့ဝင်တာ” လို့ ဖြေကြတယ်။
" ယုံကြည်မှု တည်ဆောက်ခြင်း ခိုင်မာစေမှု အချက်(၄)ချက် ".
စီးပွားရေးလုပ်ငန်းဘဝမှာ ဘာစိတ်ပိုင်း ဆိုင်ရာ ဖြတ်လမ်းတွေမရှိပါ။ အခြေခံအနေနဲ့ လူသုံးမျိုးရှိတယ်။ မအောင်မြင်တဲ့သူ၊ ယာယီ အားဖြင့်အောင်မြင်တဲ့သူတွေနဲ့ အောင်မြင်မှု ရရှိလာပြီး ဆက်လက်အောင်မြင်မှုရရှိသူတွေ ဖြစ်တယ်၊ ခြားနားချက်ကတော့ အကျင့်စာရိတ္တ ဖြစ်တယ် Jon Huntsman ၊ ဥက္ကဋ္ဌ၊ Huntsman Chemical (၁) တော်တည့်ဖြောင့်မတ်မှန်ကန်မှု လူတွေက ယုံကြည်မှုတည်ဆောက်ရာ မှာ ပထမဦးဆုံး စဉ်းစားတဲ့အချက်ဖြစ်ပါတယ်။ Integrity ရဲ့အခြေခံကျတဲ့ ဆိုလိုချက်က ရိုး သားမှုဖြစ်ပေမယ့် အမှန်အားဖြင့် ဒါထက်မက ပိုမိုပါဝင်ပါတယ်။ ပေါင်းစည်းနိုင်စေမှု (Integratedness) ၊ ပြောတဲ့အတိုင်း လုပ်ဆောင်နိုင် မှု (Working The Talk) ၊ လုပ်ငန်းအဖွဲ့အစည်း တွေအတွင်းအပြင် နှစ်ခုစလုံးအလိုက်သင့်ဖြစ်စေ မှု (Congruence) ၊ တန်ဖိုးတွေယုံကြည်မှုတွေ နဲ့အညီ သတ္တိရှိစွာ လုပ်ဆောင်နိုင်စေမှုတွေရဲ့ အပေါင်းအစည်းက Integrity ဖြစ်ပါတယ်။ လူတွေငှားရမ်းပြီး လုပ်ငန်းတွေ ဆောင် ရွက်ရာမှာ ကျွန်တော်က အချက်သုံးချက်ကို ရှာပါတယ်။ ပထမတစ်ခုက တော်တည့်ဖြောင့် မတ်မှန်ကန်မှု (Integrity) ဖြစ်ပြီး ဒုတိယက ဥာဏ်ရည်စွမ်းအားထက်မြက်မှုနဲ့ တတိယအချက်က မြင့်မားတဲ့စွမ်းရည်အဆင့်ဖြစ်ပါတယ်။ သို့ပေမယ့် အကယ်၍ ပထမဦးဆုံးအချက်မရှိရင် တော့ အခြားနှစ်မျိုးက သင့်ကိုသတ်ပါလိမ့် မယ်။ Warren Buffett ၊ စီအီးအို၊ Berkshire Hathaway ကို အဓိပ္ပာယ်ဖွင့်ဆိုရာ မှာ အများစုက Honesty လို့ခေါ်တဲ့ ရိုးသား မှုလို့ပဲ သိထားကြပေမယ့် ရိုးသားမှုမှာ အမှန် ကို ပြောဆိုခြင်းသာမက မှန်ကန်တဲ့လုပ်ဆောင် မှုပါ ကျန်ရစ်စေမှာဖြစ်တယ်။ 
“ ရှေးဟောင်းပညာ ”
 ကျနော်က ရှေးလူကြီးတွေ ရှာဖွေတွေ့ ရှိ ၊ရေးထား သိမ်းထားခဲ့ တဲ့ ၊ ထဲထဲဝင်ဝင် ပညာရပ်တွေကို စိတ်ဝင်စားတယ်..လေးစားတယ်။ မအိမ်လွမ်းသူဆီမှာ ဆေးပညာရပ်တွေ ဖတ်ရင်းနဲ့ အတွေးပြန်ပေါ်လာတာ..။
ဒိလောက်ခေတ်မှီနေတဲ့ အိုင်တီခေတ်ကြီးမှာ ရှေးဟောင်းပညာကို စိတ်ဝင်စားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်တယ် ထင်မလားမသိဘူး။ ဒါပေမယ့် ပညာရပ်တိုင်းမှာ တန်ဘိုးဆိုတာရှိသလို၊ မြှုပ်ကွက်တွေလဲရှိတယ်..။ ကိုယ်အသုံးမပြုပေမယ့် အသုံးပြုတတ်တွေကြောင့် အသုံးပြုသူလဲ ခံစားခွင့်ရှိသလို တစ်ပါးသူအတွက်လဲ အကျိုးရှိခဲ့ တယ်ဆိုတာ သိခဲ့ ရတယ်။
ကျနော် နေထိုင်ခဲ့ တဲ့ပါတ်ဝန်းကျင်က တောနယ်လေးဆိုပေမယ့် ကျနော့်အတွက်တော့ လေ့လာစရာ ဆည်းပူးစရာတွေချည်းပါဘဲ..။ အလွှာစုံလူစုံပါ။
စာတွေဖတ်ရင်း၊ လူတွေနဲ့ ဆက်ဆံရင်းကနေ ရှေးဟောင်းပညာတွေကို စတင်ထိတွေ့ လာတဲ့အခါ စိတ်ဝင်စားလာတာပေါ့..။
Sunday, March 27, 2011
"လက်တွေ့ပညာရေးအခြေအနေနဲ့ Constitution".
Sunday, April 27, 2008
မြန်မာနိုင်ငံကို တရားမ၀င် အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း-၂၀၀၈ ထဲက ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မူကြမ်းလေးချက်ကို ပြီးခဲ့တဲ့ အပတ်တွေမှာ ပြောပြခဲ့ပြီးပါပြီ။ အဲဒီအချက်လေးချက်ထဲက အချက်သုံးချက်နဲ့ ပတ်သက် လို့လည်း ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ ဒီတပတ်မှာတော့ အချက်လေးချက်ထဲက နောက်ဆုံး တချက်ဖြစ်တဲ့ "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်"... ဆိုတဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။
အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်သော ယောက်ျား
    အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်တဲ့ ယောက်ကျားတွေထဲမှာ အောက်မှာ ဖော်ပြထားတဲ့ ယောက်ကျားအမျိုးအစားလည်း တစ်ပါး  အပါအ၀င်ပဲ ဖြစ်ပါတယ်။ လင်ဆိုး ၊ လင်ဖျင်း ၊ လင်ပျင်းစတဲ့ မပေါင်းထိုက်တဲ့ ယောက်ကျားတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်ပြီး ပျော်ရွှင်သာယာ တဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး ဖော်ပြလိုက်ရပါတယ်။
မွှေးရနံ့ရဲ့ လျှို့ဝှက်စွမ်းအား
ရေမွှေးဟာ ကမ္ဘာပေါ်မှာ ခေတ်အစားဆုံး ဖက်ရှင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရေမွှေးမနှစ်သက်သူ လူနည်းစုသာရှိခဲ့ပြီး အများစုကတော့ အမွှေးရနံ့ကိုကြိုက်သူတွေချည်းပါပဲ။ ရေမွှေးမသုံးတဲ့ အမျိုးသမီးမှာ အနာဂတ်ဆိုတာမရှိဘူးလို့ ကမ္ဘာကျော်ရေမွှေးကုမ္ပဏီက ရေမွှေး ပညာရှင်တစ်ဦးကပြောခဲ့ဖူးပါတယ်။ ဟိုးရှေးယခင် ဘုရင်တွေခေတ်ကတည်းက ... အမွှေးရနံ့တွေက ကမ္ဘာနဲ့တစ်ဝှမ်း နည်းပေါင်းစုံ နဲ့ ဖော်စပ်သုံးလာကြပါတယ်။ အဲဒီတုန်းကတော့ အမျိုးသားသုံး၊ အမျိုးသမီးသုံးရယ်လို့ မခွဲထားပါဘူး။ ဒီနောက်ပိုင်းမှာ အမျိုးသားသုံး သီးသန့်၊ အမျိုးသမီးသုံးရယ်လို့ မခွဲထားပါဘူး။ ဒီနောက်ပိုင်းမှာ အမျိုးသားသုံးသီးသန့်၊ အမျိုးသမီးသုံးသီးသန့်ခွဲပြီး ရနံ့တွေဖော် ထုတ်လာပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးမှာ အမျိုးသားရော၊ အမျိုးသမီးရော အတူသုံးလို့ရတဲ့ ရေမွှေးထွက်လာပါတယ်။ သင့်ချစ်သူ နဲ့ ရေမွှေးတစ်ပုလင်း အတူသုံးပြီး ရနံ့ဆင်တူသင်းပျံ့နေရတာ နှစ်ကိုယ့်တစ်စိတ်ဆိုတဲ့အသိနဲ့ ကြည်နူးရမှာသေချာတယ်ဆိုတဲ့ ကြော်ငြာအမိုက်စားနဲ့ပေါ့။
မရှုံးသော ခေါင်းဆောင်မှု
ဟားဘတ် စီးပွားရေးကျောင်းတော်မှာ မသင်ခဲ့ရလေသမျှ ဆိုသော စာအုပ် တစ်အုပ်ကို ဖတ်ခဲ့ရဖူးပါသည်။ ဟားဘတ် စီးပွားရေးကျောင်းတော်သည် ကမ္ဘာပေါ်တွင် အတော်ဆုံး ခေါင်းဆောင်များ၊ မန်နေဂျာများနှင့် စီးပွားရေးသမားများကို မွေးထုတ်ပေးရာ ကျောင်းတော်ကြီး တစ်ကျောင်းအဖြစ်လည်း ကြားဖူးထားပါသည်။ သို့တိုင် ဟားဘတ် စီးပွားရေးကျောင်းတော်သားများ ကိုယ်တိုင် မသင်အံခဲ့ရသော အရာများလည်း ရှိသေးပါလားဟု ထိုစဉ်က တွေးမိပါသည်။ ယခု ဆောင်းပါးတစ်ပုဒ်ကို ထပ်ဖတ်ရပြန်ပါပြီ။ ထိုဆောင်းပါး၏ ခေါင်းစဉ်ကတော့ “သင့်ဘဝကို ဘယ်လိုတိုင်းတာမည်လဲ (How Will You Measure Your Life)” ဟု ဖြစ်သည်။
နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ရန် ပညတ်တော် (၁၀) ပါး (Ten Rules For Being a Good Politician)
၁။မိမိကိုယ်ကို နှိမ့်ချပါ။
နေရာယူတတ်တိုင်း အာဏာရသည်မဟုတ်။ တစ်ဦးချင်းအနေနဲ့ သင့်မှာ မဖြစ်စလောက် အာဏာလေးပဲရှိတယ်ဆိုတာ နားလည်ထားပါ၊
အာဏာဆိုတာ စုပေါင်းလုပ်ရပ်ကနေ ထွက်ပေါ်လာခြင်းသာ ဖြစ်တယ်။
၂။အခြားသူများကိုကောင်းမွန်စွာဆက်ဆံပါ။
ပြည်သူတွေနှင့် မကင်းမကွာနေပါ။ နောင်အခါသူတို့ရဲ့ ထောက်ခံမူကို သင်လိုအပ်လာလိမ့်မယ်။
၃။မဟာဗျူဟာမြောက်စဉ်းစားပါ။
အာဏာ ဘယ်မှာရှိသလဲ။
အခြားသူတွေရဲ့ သဘောတူညီချက်ကို ငါ ဘယ်လို ရနိုင်မလဲ။
ငါ့ကို ဘယ်သူတွေကထောက်ခံမလဲ။
လူတိုင်းလူတိုင်းအနေနဲ့ တစ်ခုခုတော့ အကျိုးအမြတ်ရရှီသွားတဲ့အနေအထားကိုဖန်တီးပါ။
"ရိုးရာဓလေ့ အသိပညာ နှင့် သဘာဝ ဘေးအန္တရာယ် ".
ရိုးရာဓလေ့ အသိပညာသည် လူသားတိုင်းတွင် စွဲမြဲခိုင်မာစွာ လိုက်နာကျင့်သုံးနေသော ယုံကြည်မှု၊ လုပ်ကိုင်မှုတစ်မျိုးပင် ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး အစရှိသည့် နယ်ပယ်အသီးသီးတို့တွင် ဘိုးဘွားဘီဘင်မှစ၍ သားစဉ်မြေးဆက် အလေးထား လိုက်နာကျင့်သုံးခဲ့ကြသော ထုံးတမ်းစဉ်လာများ အဖြစ်လည်း တွေ့ရှိနိုင်ပါသည်။ နေ့စဉ် ကြုံတွေ့နေကြသော လူမှုဘဝနယ်ပယ်တွင် အလုပ်သစ်တစ်ခုကိုဖြစ်စေ မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်သော အလုပ်တစ်ခုကိုဖြစ်စေ ရုတ်တရက် လုပ်ကိုင်ရန် ကြုံတွေ့ခဲ့ရပါက စတင်လုပ်ကိုင်ရန် ချီတုံချတုံ ဖြစ်နေတတ်ပါသည်။ ထိုအချိန်တွင် အနီးအနားရှိ အတွေ့အကြုံ ရင့်ကျက်မှုရှိသူတစ်ဦးဦးက တို့ရဲ့ဓလေ့ထုံးစံအရ ဆိုရင်တော့ ဒီလိုလုပ်သင့်တယ်ဟု အကြံပေး တိုက်တွန်းလိုက်မည်ဆိုပါက ထိုအလုပ်ကို အလွယ်တကူပင် လုပ်ကိုင်ဖြစ်ကာ အောင်မြင်ပြီးမြောက် သွားလေ့ရှိသည်ဟု သိရပါသည်။ မြန်မာမှုနယ်ပယ်တွင် “ရှေးထုံးလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့်” ဟူသော စကားပုံသည် ရှေးထုံးစဉ်လာများကို အလေးထားရန် လိုအပ်ကြောင်း သတိပေး ဆုံးမစကား တစ်ခုအဖြစ် ထင်ရှားစွာ တွေ့ရှိရပါသည်။ ဤနေရာတွင် မိသားစုတစ်စုတွင် အတွေ့အကြုံများခြင်း ရိုးရာဓလေ့ အသိပညာကို သိနားလည်ခြင်းသည် ၄င်းမိသားစုအား ဘေးအန္တရာယ်မှ အကာအကွယ် ပေးနိုင်ခြင်းဟူသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
အတိုက်အခံ
ဦးဖိုးသာအောင်-27,3 2011-
“ အတိုက်အခံ ” ဟူသော ဝေါဟာရကို မည်သူသည် မည်သည့်အချိန်က မည်သို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် စတင်သုံးစွဲခဲ့သည်ဆိုတာကိုတော့ မသိပါ၊
ကြားဖူး ဖတ်ဖူးနေတာတော့ ကြာလှပါပြီ၊
နိုင်ငံရေး စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီးမှာ သုံးစွဲနေကြပါသည်၊
ယခု တင်ပြလိုသည်မှာ နိုင်ငံရေးအတိုက်အခံ ကိစ္စဖြစ်ပါသည်၊
ပြည်တွင်းပြည်ပ အတိုက်အခံများ ဆိုသည်ကိုလည်း ရေဒီယိုမှ နေ့စဉ်လိုလို ကြားရပါသည်၊
ဒါကြောင့် အာဏာရအစိုးရ၏ ပြုမူမှုများကို မတရားပါဟု ယူဆလျှင် ဖီဆန်ခြင်း၊ အံတုခြင်း၊ ဆန့်ကျင်ခြင်းတို့ကို နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို အတိုက်အခံဟု ခေါ်ပါသည်လို့ ရိုးသားရှင်းလင်းစွာ မှတ်ယူမိပါသည်။
"သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" တဲ့".
[By Lovely Man]
သခင်အောင်ဆန်း အတွေး၊ သခင်အောင်ဆန်း အရေး လူတွေကို ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီး တစ်ရပ်ပင်ဖြစ်၏။ ထိုတရားကား..လောကီ နိဗ္ဗာန် ကို နောက်ဆုံး ရည်မှန်းပေ၏။
ကမ္ဘာလောကဓါတ်ကို သူ့သဘာဝ သူ့မူ သူ့ကိန်းအလျှောက် သိလျှင်မူ မည်သူမျှ အာဏာရှင် မင်းလောင်းတို့ကို မျှော်နေမည်မဟုတ်။ ခေါင်းဆောင်ကောင်းကိုလည်း စောင့်စားနေမည် မဟုတ်။ မိမိဝတ္တရား အင်အားကိုသိလျှင် သိသည့်အလျှောက် လူတိုင်း ကြိုးစားကြမည်။ နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည်။ လူတိုင်းလုပ်မှ ဖြစ်မည်။ မင်းလောင်းမျှော်နေစရာ မဟုတ်၊ ဘယ်နေရာကမှ မင်းလောင်းပေါ်လာမည်မဟုတ်။
"မတူညီမှုများနှင့် ကခုန်ခြင်း".
[By Alex Aung Lin]
မတူညီမှုများ ဆိုတာကို စဉ်းစားမိတယ်။
လောကကြီးမှာ မတူညီမှုတွေက အများကြီးပါပဲ။
တူညီတယ်ဆိုတာ အတော်လေးကို ရှားပါးတယ်လို့ ထင်တယ်။ ရှိရော ရှိလို့လား။
ထားပါတော့ လူသားတွေရဲ့  မတူညီမှုတွေကို စဉ်းစားကြည့်ရအောင်။
ကျနော့်ရဲ့ ထာဝရ သူရဲကောင်း အဖေ
အဖေရေ........
အမေ့ဝမ်းက လွတ်မြောက်လို့  ကျနော် လူ့ဘ၀ကို  စတင်ရောက်တဲ့ အချိန် အတိတ်က ၀ဋ်ကြွေးတွေကြောင့်  မွေးရာပါ ရောဂါများနဲ့  ဒုက္ခတွေ ခံစားနေရတဲ့ အချိန်မှာ အဖေဘယ်လို ခံစားရသလည်း ဆိုတာ အမေ့ပြန်ပြောပြလို့ သိရတဲ့ အချိန် အဖေ့မေတ္တာနဲ့ အဖေ့ကျေးဇူးကို ဆပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မလွန်ဆန်နိုင်တဲ့ သေခြင်းတရားက အဖေနဲ့ ကျနော့်ကို ခွဲသွားလိုက်ကြပြီ ။ ဘယ်ဆရာဝန်က မှ လက်မခံတော့တဲ့ ကျနော့်ကို အဖေပုခုံးပေါ်မှာ ထမ်းပြီး ရှိသမျှ စည်းစိမ် ကုန်ချင်ကုန်စမ်းကွာ ငါ့သားအတွက် ဆို အရာရာ တိုင်းပေးဆပ်ရဲတယ် ဆိုတဲ့ စကားကို လက်ကိုင်ထားပြီး  ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက မိတ်ဆွေများနဲ့  တတ်ကျွမ်းနားလည်ပါတယ်တဲ့ ဆရာဝန်တွေကို စကားကို  ဥပက္ခာ ပြုထားတဲ့အဖေ့ရဲ့ စိတ်ထဲမှာ ကျနော်ကို ဘယ်လောက် တန်ဖိုးထားခဲ့သလည်း ဆိုတာ သားသိရတဲ့ အချိန်မှာ အရမ်းကို ခံစားရပါတယ် အဖေရယ် ။
"တော်လှန်ရေးနေ့သမိုင်းမှန် မျိုးဆက်သစ်စစ်အရာရှိတွေ အကြား အသိအမြင်နည်း".
[By Voa Burmese]
မြန်မာမြေပေါ်က ဖက်ဆစ်စနစ်ကို တပ်မတော်၊ ပြည်သူ၊ နိုင်ငံရေးအင်အားစုတွေ တစုတစည်းတည်း တော်လှန်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခုနောက်ပိုင်းအခေါ် တပ်မတော်နေ့ရဲ့ သမိုင်းနောက်ခံကို လက်ရှိတပ်တွင်း အရာရှိအရာခံတွေအကြားမှာ သိရှိနားလည်သူ အလွန်နည်းသွားတယ်လို့ တပ်မတော် အရာရှိဟောင်းတဦးက ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ တပ်မတော်အတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာနဲ့ လက်ရှိတပ်တွင်းမှာရော ဒါကို ဘောပေါက်နားလည်သူ ရှိသေးရဲ့လား ဆိုတာတွေကိုတော့ တပ်မတော် အရာရှိဟောင်းတွေနဲ့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ရာသီမလာခင် ဖြစ်ချင်တာတွေ Premenstrual syndrome (PMS)
[By Kyawnaing Latt] Mar 24, 2011 at 8:47 AM
ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ လစဉ်လတိုင်း ရာသီလာခါနီး ရက်တွေတိုင်းမှာ အချို့သော မိန်းကလေးတွေရဲ့ စိတ်တွေက အရမ်းကို ထိခိုက်ခံစားလွယ်ပြီး၊ ဘာမှမဟုတ်တဲ့ အကြောင်းအရာလေး ပေါ်မှာတောင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အဲလို ရက်မျိုး နီးပြီဆိုရင် စိတ်ခံစားမှု အရမ်း Sensitive ဖြစ်ပါတယ်။ အကြောင်းအရာ သေးသေးလေးပေါ်မှာလည်း ဒေါသအကြီးကြီး ထွက်နေတတ်ပါတယ်။ ဘာမှ မဟုတ်တာလေးနဲ့လည်း ရင်ထဲမှာ ဝမ်းနည်း ထိခိုက်လွယ်ပါတယ်။
ထိပ်ကပ်(ခပ်)နာ ဆိုတာ
ဘလော့ဂ်ဂါ မိတ်ဆွေတဦးမှ သူခံစားရတာလေး သက်သာအောင် ဘယ်လိုနေရမလဲ မေးလာ တာနဲ့ အားလုံးလည်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး ရရှိစေရန် ဒီပို့စ်လေးကို ရေး သားလိုက်ပါတယ်။
ထိပ်ကပ်(ခပ်)နာဆိုတာ ဘာဖြစ်တာလဲ
ထိပ်ကပ်(ခပ်)နာ ဆိုတာ လူ့ဦးခေါင်းခွံရိုး အတွင်းမှာရှိနေတဲ့ လေအိတ်ငယ် လေးများ ယောင် ယမ်းခြင်းဖြစ်ပါတယ်။
လေအိတ်ငယ်လေးတွေဆိုတာ ဘယ်နေရာမှာရှိတာလဲ
လူ့ရဲ့ဦးခေါင်းခွံရိုး အတွင်း မျက်ခုံးရိုးတ၀ိုက်၊ ပါးနှင့် မေးရိုးတ၀ိုက် နှင့် နှာခေါင်းရိုးတ၀ိုက်တွင် အခေါင်းပေါက် ပါသော လေအိတ်ငယ်လေးတွေ ပါရှိပါတယ်။ ယင်း လေအိတ်ငယ် လေးများကို ဆေးပညာ အခေါ်အရ sinus ဟုခေါ်ပါတယ်။
သူမပြောသော အချစ်အကြောင်း (မောင်)
by Thet Wai on Sunday, March 27, 2011 at 2:18pm
ကျွန်မ မောင့်ကို စတွေ့သော အချိန်မှာ ကြည်နူးလွမ်းမောဖွယ်ရာ မိုးစက် မိုးမှုန်များ ဖြိုးဖြိုးဖျောက်ဖျောက် ကျနေသော အချိန်လည်းမဟုတ်၊ နှင်းပွင့်ဖြူဖြူတွေ တဖွဲဖွဲ ကျနေသော အချိန်လည်း မဟုတ်ပါ။ ခြောက်သွေ့ပြီး ပူလောင်အိုက်စပ်လှသော နွေနေ့လည်ခင်း တခုမှာ… ပြီးတော့ လူနှစ်ယောက် ရှောင်လို့ လွတ်ရုံသာ ရှိသော ကန်ထရိုက်တိုက်ခန်းတခု၏ ခပ်ကျဉ်းကျဉ်း မှောင်ပြပြ လှေခါးထစ်များတွင် ဖြစ်သည်။ ကျွန်မက မောင်ရှိရာ ကျူရှင်ကို ကျောင်းသူအသစ်အဖြစ် အလာ၊ မောင်က ဆရာမ အလစ်ကို ချောင်းပြီး ကျူရှင်မှ အပြေး…။ ကျွန်မ မောင့်ကို စတွေ့လိုက်သော အချိန်မှာ မောင့်မျက်နှာပေါ်က နေကာမျက်မှန်ကြောင့် မောင့်မျက်လုံးတွေကို မမြင်ရသော်လည်း နှုတ်ခမ်းက လက်ကနဲ တောက်ပသွားသော မောင့်အပြုံးကို ကျွန်မ မြင်လိုက်ရသည်။ နွေအပူနှင့် စာမေးပွဲ အပူများအပေါ် ထပ်ဆင့်ဖိစီးသော အပူတခု ရင်ထဲကို ရောက်လာသည်ဟု ကျွန်မ သိလိုက်သည်။ ပြီးတော့ ထိုအရာသည် ကျွန်မ မျှော်လင့်မထားခဲ့သော အချစ် ဖြစ်နေလေသည်။ ထိုနေ့က ကျူရှင်ကို မောင်ပြန်လာလိမ့်နိုး မျှော်လင့်ရင်း မျှော်လင့်ရင်း ဆရာမ စာသင်နေတာကို အာရုံစိုက်မရ ဖြစ်နေခဲ့သည်။ သို့သော် မောင် ပြန်မလာပါ။ အမှန်ဆိုလျှင် ကျောင်းပြေးတတ်၊ ကျူရှင်ပြေးတတ်သောသူများကို ကျွန်မ မုန်းပါသည်။ သို့သော် အချစ်သည် မျက်နှာလိုက်တတ်သည်လေ။
ဖောင်ဒေးရှင်းတည်ထောင်လိုသော ပရဟိတသမားများ အလေးထားစဉ်းစားရမည့်အချက်များ
ဘီလ်ဂိတ်၊ ဝါရင်ဘက်ဖက် ကဲ့သို့ ကြွယ်ဝသော ပရဟိတသမားများသည် ၄င်းတို့ ငွေကြေးထည့်ဝင်သယ်ပိုးပေးခဲ့သော ပရဟိတလုပ်ငန်းများမှ မလိုလားအပ်သောရလဒ်များ ပေါ်ပေါက်လာမည်ကို နှစ်သက်ကြမည် မဟုတ်ချေ။သို့သော် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော အဖွဲ့အစည်းများအတွက် ချက်လက်မှတ်များရေးပေးရုံနှင့် ပရဟိတသမားများ မျှော်လင့်နေသည့် ကြီးကျယ်သောအပြောင်းအလဲများ ပေါ်ပေါက်လာမည်မဟုတ်ချေ။
Saturday, March 26, 2011
အရွယ် မရောက်တရောက် လူငယ်ပြဿနာ
“လူငယ့်ပြဿနာ လူကြီး မရှင်းသာ” ဆိုပြီး ဆရာကြီး ဒေါက်တာသန်းထွန်း ရေးခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ် (အိန္ဒိယ ချစ်ကြည်ရေးခရီး - ဆောင်းပါးများ စာအုပ် ပါ) ကို သတိရတယ်။  ဆရာကြီးက ပညာရှင်လည်း ပညာရှင်၊  နိုင်ငံတကာခရီးတွေလည်း  သွားခဲ့လေသူ ဆိုတော့  အကြောင်းအရာတစ်ခုကို ချက်ကျ လက်ကျနဲ့ စုံစုံလင်လင် ရေးသားသွားနိုင်တယ်။
ကျွန်တော်ကလည်း တောင်ဖတ်မြောက်ဖတ် ဖတ်တဲ့သူ ဆိုတော့  ကြားရ၊ မှတ်ရ၊ အသိအမြင် တိုးတယ်လို့ ပြောလို့ရတယ်။  အဓိကက လူငယ်ပြဿနာဆိုတာ ဘာလဲလို့ သေချာ စေ့ငုလေ့လာ၊ စစ်တမ်းထုတ်နိုင်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူး ထင်တယ်။ ဆိုလိုတာက ပညာရပ်ဆိုင်ရာအတွင်းက ပညာတတ် လူတစ်စုအနေနဲ့ သုတေသန လုပ်မယ်ဆိုရင်တောင် အလုံးစုံကို ခြုံငုံမိဖို့၊ ယေဘုယျကျတဲ့ အဖြေတစ်ခု ရဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်။ ကျွန်တော့်အတွက်ဆို ပိုပြီးတော့တောင် မအပ်စပ်လှဘူး မဟုတ်လား။
"ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ".
ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကိုလည်း
ကိုးကွယ်နေကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက်
နှစ်မျိုးရှိသည်ဟု ဆိုသည်။ ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသော
ကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊
အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြနိုင်ဖွယ်ရှိသည်။
ရဟန်းနှင့် စီးကရက်"
.
[By Dhamma Ganga]
'Men always remember ladies because of romance only''“အမျိုးသားတွေဟာ အမျိုးသမီးတွေကို အချစ်တစ်ခုတည်းကြောင့်သာ သတိရတတ်ကြသတဲ့ဘုရား။ ”
မာဘိုရိုစီကရက်တစ်လိပ်ကို မီးညှိဆက်ကပ်ရင်း တက္ကသိုလ်ကျောင်းသားတစ်ယောက်က ရယ်ကျဲကျဲဖြင့် လျှောက်ထားဖူးလေသော စကားတစ်ခွန်းဖြစ်ပါသည် ။ အော် သူသည်လည်း ဆယ်ကျော်သက်ရွယ် ရှင်ငယ်ဘ၀မှ အစပြုကာ စာတိုပေစနှင့် ကဗျာဗေဒကို ဖတ်မှတ်၊ စီးကရက်ကို လက်ကြားညှပ်၊ အမြင်ကပ်ဖွယ် ကောင်းခဲ့ဖူးလေသည်ကော။ ပြန်တွေးကြည့်တော့ ''ဘယ်လိုမှ ကြည်ညိုဖွယ်ရာမမြင်၊ အသွင်ရိုင်းလှသည် '' ဟု ဆရာသခင်အဆူဆူတို့က အယူအမျိုးမျိုးပြ၊ ဆုံးမကြသော်လည်း
“အမေဘယ်လို ချော့သိပ်သိပ်၊ ငါအိပ်မှ ပျော်မည် ” ဂိုက်ဖမ်းကာ သင်္ကန်းတလွှားလွှား၊ဆေးလိပ်တကားကားဖြင့် လမ်းသလားခဲ့သူကြီးပေပ။
Friday, March 25, 2011
ခေတ်ပေါ် မြန်မာအီဒီယမ် စကားလုံးများ
by Chan Myae on Saturday, March 26, 2011 at 12:44pm
က
ကျွတ်တယ်= ကြောက်တယ်။ လန့်တယ်။
ကျွေးလိုက်ရ= ချလိုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။
ကြီးပေါ= ကြီးမှပေါသောသူ။
ကီးလိုက်ရ= ကုန်းတိုက် ပေးလိုက်ရ။ ချောက်တွန်း ပေးလိုက်ရ။
ကက= (အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကို ထိုသို့အခှေါခံရလျှင် ချစ်စနိုးနှင့် ညည ဟုခေါ်သလိုမျိုးဟု မထင်လိုက်ပါနှင့်။ ပါးလှည့်တီးထည့်လိုက်ပါ ။ (စကားချပ်)
သစ်ပင်စိုက်ကြ တိုင်းပြည်ရဲ့အလှ .
[By Network For Green Myanmar]
ချစ်စွာသော စာဖတ်သူများ ခင်မျာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ ကြပါစေ။ ဟိုးလွန်ခဲ့တဲ့ တစ်နှစ်က နာဂစ် အမည်တွင်တဲ့ လေမုန်းတိုင်းကြီး တစ်ခုဟာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသနဲ့ ရန်ကုန်တိုင်း တွံတေးကော့မှူး ကွမ်းခြံကုန်း စတဲ့ မြို့နယ် အချို့ကို တိုက်ခတ် ဖျက်ဆီးသွားတဲ့ အတွက် လူပေါင်း သောင်းနဲ့ချီပြီး သေကြ ပျက်စီးခဲ့ရပါတယ်။ လူနေအိမ်ခြေများ အပြင် ကျွဲနွား တိရစ္ဆာန်တွေလည်း ထောင်ပေါင်းများစွာ သေဆုံး ပျက်စီးခဲ့ကြရပါတယ်။ အေးဗျာ ဒီလို မုန်တိုင်းမျိုးဟာ ဒီဘက်ဒေသကို ယခုလို ဝေ့ဝဲပြီး ဝင်ရောက် မွှေနှောက် တိုက်ခတ်ခြင်းမျိုးဟာ သဘာဝရာသီဥတု ဖောက်ပြန်ပြောင်းလွဲ လာတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ဖြစ်ရိုးထုံးစံမရှိခဲ့တဲ့ အစဉ်အလာကို ဖောက်ဖျက်လာတာ။ ဒီနှစ်နဲ့မနှစ်က ဆိုရင်လည်း မြန်မာပြည်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒက်ရှ်စတဲ့နိုင်ငံတွေမှာ မေလအတွင်း ရာသီဥတုဟာ ယခင့်ယခင်နှစ် ကာလများထက် သိသိသာသာပူပြင်းခဲ့တာအားလုံးအသိပါပဲ။ ဆိုးလိုက်တာ။ အညာဒေသမှာဆိုရင် ပူလောင်လွန်းလှတဲ့ နွေရာသီဒဏ်ကြောင့် အသက်အရွယ်ကြီးရင့်သူ များတော်ပဲပြင်းထန်စွာခံစားခဲ့ကြရပါတယ်။ အချို့လည်း ရေချိုးမှားလို့ ရေဓာတ်ခမ်းလို့ မူလရှိတဲ့ရောဂါအခံနဲ့ သေဆုံးကွယ်လွန် သွားကြရပါတယ်။ ပူပြင်းတဲ့ဒဏ်ကို လူတွေအများ ကြီးခံခဲ့ကြရပါပြီ။
ကမ္ဘာပျက်နေ့ရက်ဆီသို့
by Breathing Linn on Friday, March 25, 2011 at 11:10pm
ကျွန်မရေးခဲ့ဖူးတဲ့ စာတော့ မဟုတ်ပါဘူးရှင်... အရှင်လတ်လတ်နဲ့ ပျောက်ဆုံးတော်မူနေတဲ့ ကျွန်မဘော်ဒါကြီး ကိုရင်နော်ရဲ့ စာလေးပါ..။ ဘယ်နေ့မှာ ဘာများဖြစ်လေမလဲ ရယ်လို့ ထိတ်လန့်မှုများစွာနဲ့ ရှင်သန်နေရတဲ့ ဟောဒီကမ္ဘာကြီးထဲမှာ နေ့ဒဓူဝဆိုသလို တုန်လှုပ်ဖွယ် သတင်းများစွာ ကြားရ ဖတ်ရ မြင်တွေ့နေရတာ အမှန်ပါ..။ ဒီ လိုမျိုး နေ့တွေတိုင်းကို ကြိုးစား ဖြတ်ကျော်နေရင်း ဒီ post လေးကို သတိရသွားလို့ ကျွန်မတို့ ဘလော့ကနေ ဆွဲထုတ်ယူလာ မျှဝေခြင်းပါ။ ဘာပဲ ဖြစ်ဖြစ်  post ကိုဖတ်အပြီး နည်းနည်းလေး ဖြစ်ဖြစ်တော့ ပြုံးစိစိ လုပ်နိုင်ကြပါစေ...ပေါ့နော်။  :P (ကျွန်မ သူငယ်ချင်း အပေအတူး ဒင်းကြီးအကြောင်း ကောင်းကောင်း သိနေပြီးသား အကိုတွေ အမတွေ မောင်ငယ် ညီမငယ်တွေ အများကြီးကိုတော့  ထွေထွေထူးထူး နံမည်ထည့် ရေးမထား တော့ပါဘူးနော်..)
(ခင်လေးငယ်)
ူလူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်
ကုသိုလ်နှင့်ဝယ်ရသောဈေးကြီး
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ၀မ်းစာရှာဖို့မဟုတ်၊ အိပ်ဖို့မဟုတ်၊ စားဖို့မဟုတ်၊ ကာမဂုဏ်ခံစားဖို့မဟုတ် ၊ ကုသိုလ်ပြုဖို့အတွက်သာ ဖြစ်သည်။ တိရစ္ဆာန်တွင် ၀မ်းစာရှာဖို့၊ အိပ်ဖို့၊ စားဖို့ နှင့် ကာမဂုဏ်ခံစားဖို့ အချက်လေးချက်ရှိ၏ ထို့အတူလူတွင်လည်း ထိုအချက်လေးချက်ရှိ၏။ ထိုအချက်လေးချက်တည်းသာရှိနေလျှင် လူသည် တိရစ္ဆာန်နှင့် ဘာမှ မထူး အတူတူသာဖြစ်၏။
လူသားသည် ကုသိုလ် (ပရဟိတ) အလုပ်ကိုလုပ်တတ်သည်။ တိရစ္ဆာန်ကားမလုပ်တတ်။ ထိုကုသိုလ် (ပရဟိတ) အလုပ်ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန် မြင့်မြတ်သွားခြင်းဖြစ်၏။ ၃၁ ဘုံတွင် လူ့ဘုံတစ်ဘုံတွင်သာ ကုသိုလ်လုပ်လို့ရသလော၊ မေးခဲ့ငြားအံ့။ မရနိုင်ဟုသာ ဖြေရပါလိမ့်မည်။ မရနိုင်ဟူသည် လူ့ဘုံကဲ့သို့ တင်းပြည့်ကျည်ပြည့် မရနိုင်ဟု ဆိုလိုခြင်းဖြစ်၏။
ဦးထွန်းလွင်၏ မိုးလေဝသ ဝဘ်ဆိုဒ် အတိုက်ခံရ
[by Mizzima မဇ္ဈိမ] ချင်းမိုင် (မဇ္ဈိမ) ။      ။
မြန်မာနိုင်ငံ၌ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သတင်းများကို အချိန်မီ တင်ပြပေးနေသည့် မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်၏ Myanmar Climate Change Watch (MCCW) အင်တာနက်စာမျက်နှာကို ဟက်ကာများက ဖောက်ထွင်းမှု ပြုသွားသည်။
      MCCW ဆိုဒ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်၍ Blink Hacker Group (BHG) မှ သတိပေးစာကို စာမျက်နှာပေါ်သို့ တင်ထားပုံ (Photo :: http://www.tunlwin.com/) MCCW ဆိုဒ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်သည့် Blink Hacker Group (BHG) က လျှို့ဝှက်စကားလုံးများအား စာသားသီးသန့်ဖြင့် မှတ်သားထားသောကြောင့် အသုံးပြုသူများ၏ လုံခြုံမှုကို ထိခိုက်သည်ဟုဆိုကာ MCCW ဝဘ်ဆိုဒ်တွင်းသို့ ယခုလ ၁၁ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပြီး ကြာသပတေးနေ့တွင် သတိပေးစာကို စာမျက်နှာပေါ်သို့ တင်ပို့ခြင်း ဖြစ်သည်။
မျက်ရည်မဲ့
Image and video hosting by TinyPic
မောင်ချိန်းဆိုထားသည့် ကော်ဖီဆိုင်ကိုရောက်တော့ မောင်ကမရောက်သေး။ ချောကလက်ရှိတ် အရင်မှာလိုက်သည်။
ဒီဆိုင်လေးက ကျွန်မ နှင့်မောင်တို့ စပြီးချစ်သူဖြစ်ခဲ့သည့်ဆိုင်လေး။ မောင်နှင့် အိမ်ထောင်ကျပြီး နောက်ပိုင်းလဲ ဒီမှာ မကြာခနလာထိုင်ဖြစ်ကြသေးသည်။ ဆိုင်အပြင်အဆင်လေးက သားနားသည်။ ဒီဆိုင်က ကာပူချီနိုကော်ဖီကို မောင် နှစ်သက်စွာ သောက်လေ့ရှိသည်။ တစ်ခါတစ်ရံ ကျွန်မတို့ ဒီဆိုင်လေးမှာဆုံကြပြီး သမ္မတရုံမှာ ရုပ်ရှင်တူတူကြည့်လေ့ရှိသည်။ သူငယ်ချင်းတွေ သိသွားလျှင် အချစ်ဟင်းအိုးပြန်နွှေးကြသည်ဟု စတတ်ကြသည်။
ကလေးများနှင့် ငွေကြေးစီမံခန့်ခွဲမှု
Image and video hosting by TinyPic
သင့်ရဲ ရင်သွေးငယ်လေးတွေ အောင်မြင်မှုတစ်ခုခု လုပ်လာတိုင်း ၊ မိဘကို ကူညီတိုင်း သင်ဆုချီးမြှင့်ဖူးပါသလား။ သူတို့ ရဲ့ ဝေယျာဝစ္စလေးတွေ သူတို့ကိုယ်တိုင် လုပ်ပေးတိုင်း သင် သူတို့ကို ငွေသားဖြစ်စေ ၊ လက်ဆောင်ပစ္စည်း တစ်ခုခုဖြစ်စေ ဆုအနေနဲ့ ပေးခဲ့ ဖူးပါသလား။
ကျောင်းက သင့်ကလေးတွေအတွက် ဂဏန်း သင်္ချာတွေ ၊ အတွက် အချက်တွေ ၊ ဂဏန်းသင်္ချာပုစ္ဆာ တွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ ချဉ်းကပ်နည်းတွေ သင်ပေးပါလိမ့်မယ်။ သို့သော်လည်း ကလေးတွေ သူတို့ရဲ့ ငွေကြေး ကို ဘယ်လို အကျိုးရှိစွာ စီမံခန့်ခွဲပြီး အသုံးပြုမလဲဆိုတာ သင်ပေးမှာတော့မဟုတ်ပါဘူး။ ဒီလို ငွေကြေးစီမံခန့်ခွဲမှုကို ငယ်ငယ်ကတည်းက မသင်ယူခဲ့ကြရတဲ့ အတွက် အတော်လေး အရွယ်ရောက်တဲ့ အခါမှာ အမှားတွေနဲ့ စမ်းသပ်မှုတွေ ရင်ဆိုင်ကြုံတွေ့ ကြရမှာဖြစ်ပါတယ်။
အိမ်ပျက်ဟောင်း ပြင်ရန်မနှောင်းသေးပါ။
Image and video hosting by TinyPicမနေ့ညက လေပြင်းမုန်တိုင်း ထန်ခဲ့သဖြင့် အိမ်အမိုးများ အတောင်မပေါက်ဘဲ ပျံသွားကြသည်။ အိမ်နံရံများလည်း ကွာသည့်နေရာကွာ ပဲ့သည့်နေရာ ပဲ့ကျကုန်သည်။ အိမ်တစ်အိမ်၏ ၀ိသေသလက္ခဏာများ ချို့ယွင်းပျောက်ဆုံးကာ နေလို့ မဖြစ်တော့၍ အမြန်ပြုပြင်မှဖြစ်တော့မည်။ သို့သော် လူအင်အား၊ ငွေအင်အား စသည့် အရင်းအမြစ်များ လိုအပ်သည်။ အိမ်ရှင်မှာ သူ့ပိုင်အိမ်ဖြစ်ငြား မျက်နှာလွှဲခဲပစ်နိုင်လှသည်။ အိမ်လခရလျှင်ပြီးရော ဆိုသည့် လူစားမျိုး။ အိမ်မှာနေသည့်လူတွေ ဘာဖြစ်ဖြစ် စိတ်ဝင်စားမည် မဟုတ်ပါ။
ပုဂံလက်ဆော့
စန္ဒီမေ | အင်္ဂါနေ့၊ မတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၂၃ နာရီ ၃၉ မိနစ်
တမာရနံ့၊ ထနောင်းပင် ရနံ့တို့က ဒါအညာပါလို့ ပြောနေသလို ဘေးဘီ ဝဲကြည့်လိုက်တဲ့ မြင်ကွင်းတိုင်းကို ဂူ၊ ဘုရားပုထိုး၊ စေတီတွေနဲ့ ပုံဖော်ထားပုံက ဒါ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးတဲ့ ပုဂံပဲလို့ တွေးရင်း …….
မြင်းလှည်း ငှားမလို့လား၊ ပြောပါ။ သူများဈေးထက် လျှော့ပေးပါမယ်လို့ ပြောလာတဲ့ မြင်းလှည်းဆရာကတော့  အသက် (၆ဝ) ရွယ် ဦးအောင်မြင့် ဆိုသူပါပဲ။ နှစ်ဦးနှစ်ဖက် သဘောတူတဲ့ ဈေးနှုန်းနဲ့ သွားလိုတဲ့နေရာကို စသွားဖြစ်ပါတယ်။ မြင်းလှည်းပေါ် ရောက်လို့ စကားစမြည် ပြောမိတဲ့အခါ ဘယ်တုန်းကပြောချင် (ရင်ဖွင့်ချင်မှန်းမသိ) တရပ်စပ် ပြောဆိုပုံကတော့“ ကျနော့ဇာတိက ဒီပုဂံကပါပဲ၊ တောင်ဘီရွာမှာနေတာ အရင်က မြင်းလှည်း မမောင်းပါဘူး။ ရှေးဟောင်း သုတေသနက ဝန်ထမ်းပါ” ဆိုပြီး သူ့စကားကို ခဏရပ်လိုက်ပါတယ်။
တအိအိ အနောက်မှာ
ဟောဒီမြို့မှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းတို့၊ ရှင်စန်္ဒိမာလမ်း၊ အာဇာနည် လမ်းတို့ကို မြို့နေပြည်ထိုင် ပုဂ်္ဂိုလ်တိုင်း သိမီကြတယ်။ အထင်ကရ လမ်းကြီးတွေ ဟုတ်လား။
အဲဒီ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာ ဆိုင်တွေ၊ ကနားတွေ အများကြီး။ ရွှေဆိုင်တွေလည်းရှိတယ်။ ကျောက်မျက်ရတနာ အရောင်း ဆိုင်တွေလည်း ရှိကြတယ်။ ပုဂ္ဂလိက ဘဏ်တိုက်တွေရော၊ စားသောက်ဆိုင်တွေရော၊ ရုပ်ရှင်ရုံတွေရော၊ စတိုးဆိုင်တွေရော၊ ဖိနပ်ဆိုင်တွေ၊ နာရီ အရောင်းဆိုင်တွေ၊ ဘာလိုချင်သလဲ ဟောဒီ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာ အကုန်ရတယ်။
မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း
ကျနော်တို့မျိုးဆက် လူငယ်ကြားထဲမှာ ဟာသတွေရှိတယ်။  တကယ်လို့ အခုနေ ကောက်ကာငင်ကာ သေတော့ မယ်ဆိုရင် သမိုင်းတွင်လောက်အောင် ဘယ်လိုစကားမျိုးချန်ထားရစ်ကြမလဲပေါ့။
ဥပမာဗျာ - ဆရာတော် ဦးဝိစာရထင်တာပဲ။ လိမ္မာရစ်ကျပါလို့မှာတယ်။ ဆရာဗန်မော်တင်အောင်က “လူတယောက်ရဲ့ တန်ဖိုးဆိုတာ -”  အစချီပြီး သမိုင်းတွင်လောက်တဲ့စကားကို ပြောခဲ့တယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝက စာကြည့်စားပွဲရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “လူတယောက်မှာ အရေးအကြီးဆုံးဟာ ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု” ဆိုတာကို ကပ်ထားဖူးတယ်။ ကျနော့်သူငယ်ချင်း ကဗျာဆရာတယောက်က ဘုရားပုံတော်မှာ “ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုလုပ်သူ” ဆိုပြီးရေးထားတယ်။ ဂုဏ်တော်ကိုးပါးထဲက သူအကြည်ညိုဆုံးဂုဏ်တော်ကို ရေးထားတာလို့ပြောတယ်။ သူကိုးကွယ်လိုက်ပုံက ရှင်းတယ်။ ဘာကျမ်းကိုးကျမ်းကားမှမပါဘူး။ 
Debate(စကားရည်လုခြင်း) နဲ့ Dialogue(အပြန်အလှန်ပြောဆိုဆွေးနွေးခြင်း)
Debate(စကားရည်လုခြင်း)
  • ကိုယ်နဲ့ဆန့်ကျင်ဘက်ကို အသာရဖို့ စကားစစ်ထိုးရာမှာ အသာစီးရဖို့ ရည်ရွယ်တယ်။
  • ကြားရတဲ့အကြောင်းအရာတွေကို ပြန်လည်ချေပဖို့ နားထောင်တယ်။
  • အမှားရှာပြီး သူတစ်ပါးသေးသိမ်သွားအောင် တန်ဖိုးလျှော့စေရန် နားထောင်တယ်။
  • သူတစ်ပါးအနေအထားနဲ့ စေ့စော်မှုတွေကို ကိုယ်စိတ်ထင်သလို ကောက်ချက်ချပြောတယ်။
  • ခလုတ်တိုက်အောင် စိတ်ရှုတ်ထွေးအောင် မေးခွန်းတွေမေးတယ်။
  • ကြားဖြတ်ဝင်ပြောတယ်။ အကြောင်းအရာပြောင်းလိုက်တယ်။
  • နောက်ပြောမယ့်အချက်အလက်ကို အာရုံစိုက်တယ်။
  • တခြားသူတွေရဲ့ အတွေ့အကြုံတွေဟာ ပုံမကျ အရာမ၀င်လို့ ဝေဖန်တယ်။
  • ခံစားချက်ပြပြီး အခြားသူတွေ ကိုယ့်ဘက်ပါလာအောင်ဆွဲဆောင်တယ်။ အခြားသူတွေရဲ့ ခံစားချက်တွေကို မမှန်ကန်ဘူးလို့ ငြင်းဆိုပယ်ချတယ်။
  • ဆိတ်ငြိမ်မှုအပေါ် အမြတ်ထုတ်တယ်။
မီဒီယာသို့ ပေါက်ကြားသည့် အမေး/အဆိုများ ပယ်ချခံရ
[By Thant Syn]
ချင်းမိုင် (မဇ္စျိမ) ။       ။ လွှတ်တော်ထဲ မေးမြန်းမည့် မေးခွန်းများနှင့် အဆိုများသည် မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ကြိုတင်ပေါက်ကြားခဲ့သဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ဖျက်မှုများ ပြုလုပ်ခဲ့ကြောင်း လွှတ်တော်တက် အမတ်များထံမှ စုံစမ်းသိရှိရသည်။
“ဦးခင်အောင်မြင့် ပြောတာက တချို့ဟာတွေက ကောင်းတယ်တဲ့၊ သင့်တော်တဲ့ အဆို...တွေဖြစ်တယ်တဲ့။ တချို့ဟာတွေက လွှတ်တော်မှာ တင်သွင်းဆွေးနွေးမှုတွေ မလုပ်ရသေးဘဲနဲ့ အပြင်မီဒီယာတွေကို ရောက်နေတဲ့အတွက် အဲဒါတွေကို ဖြုတ်လိုက်တယ်တဲ့။ ဘယ်ဟာ ပယ်ဖျက်တယ်တော့ မပြောဘူး” ဟု လွှတ်တော်အမတ်တဦးက မဇ္ဈိမကို ပြောသည်။
ဘာသာရေးအဆုံးအမများ ( ၀ီရကြယ်စင် )
၁။ “ အတ္တဒီပါ ၀ိဟာရထ ၊ အတ္တသရဏာ အနညသရဏ ။ ”
( မဟာပရိနိဗ္ဗာနသုတ် )
: Be an island unto yourselves! Bea a refuge unto yourselves.
Do not depend upon others.
: မိမိကိုယ်ကို ထောက်တည်ရာကျွန်းသဖွယ်ဖြစ်အောင် ပြုလုပ်ပါ ။
မိမိကိုယ်ကို အားကိုးအားထားစရာဖြစ်အောင်လုပ်ပါ ။
တခြားတပါးသောသူကို ကိုးကွယ်အားထားစရာ မဖြစ်ပါစေနဲ့ ။
တခြား ဘယ်သူ့ကိုမှ အားမကိုးပါနဲ့ ။
ဒါတွေကိုသင်ပိုင်ဆိုင်ပါစေ....... *
အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။
တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။
ဟိုင်းလပ်များ၏ ရင်ခုန်သံ
 * Posted by KaeKae0 on October 20, 2010 at 1:53pm
ဟိုင်းလပ်များဆိုလို့ ကားအကြောင်းဟုထင်လျှင်မှားမည်။ လူအကြောင်းဖြစ်သည်။ လူအကြောင်းမှ အသက်အရွယ်အရ၊ အနေအထားအရ အချိန်တန်နေပေမယ့် ရင်ခုန်သံဖြည့်ဘက် နေရာမှာလစ်လပ်နေသေးတဲ့ လူပျို(ကြီး)၊ အပျို(ကြီး) တွေအကြောင်းဟုဆိုလျှင် ပို၍တိကျပေမည်။ အသက် ၃၀ တန်းတွေဆိုတော့ အရွယ်လွန်နေပြီဟုမဆိုသာသော်လည်း၊ ဝါးနီးပွိုင့် (warning point) ကိုရောက်နေပြီဆိုတာကိုတော့ လက်ခံရပေတော့မည်။ အရွယ်လွန်တာမဟုတ်တော့ အရွယ် ဟိုင်း တာဟုဆိုနိုင်သည်။ အခုလို ဟိုင်း လာတဲ့ အရွယ်မှာ ရင်ခုန်သံတစ်ခြမ်း လစ်လပ် နေသေးတဲ့သူတွေမို့ ဟိုင်းလပ် များဟု တင်စားလိုက်ရခြင်းဖြစ်တော့သတည်း…။
အဖေ့မျက်ရည်
*****************
လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့စည်းပြီးဈေးအ၀မှာသွားရောင်းတာနေမွန်းမတည့်ခင် ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက်အမြတ်ရခဲ့တယ်၊ ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်းပန်းကလေးတွေရောင်းခဲ့ပြန်တယ်။ နေစောင်းတဲ့အထိလေးပုံပုံတစ်ပုံတောင်ရောင်းမထွက်လို့ငွေရှုံးပြီးအိမ်ပြန်ခဲ့ရတယ်။
ဒါကိုကြည့်ရင်သားသမီးတွေကဖခင်ကိုဂုဏ်ပြုဖို့ထက်မိခင်ကိုပဲအလေးထားတယ်ဆိုတာထင်ရှားနေပါတယ်။
အဲဒါကိုအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။
စာအုပ်အသစ်ထွက်ရှိခြင်းနှင့် တွေ့ဆုံပွဲ
အားလုံး မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်ကတော့ ဂျူး - Ju Page ရဲ့ Admin တစ်ယောက်ပါ။
မနေ့ညက ပြောခဲ့သလိုပဲ ကျွန်တော် အားလုံးကို ကြေငြာစရာ သတင်းစကားတစ်ခု ရှိပါတယ်။ ဒီသတင်းစကားကို ကြေငြာ ရုံသက်သက် မဟုတ်ပါဘူးခင်ဗျာ။ Fans အားလုံးရဲ့ ဒီသတင်းနဲ့ ပတ်သက်တဲ့ အမြင်၊ သဘောထား၊ ခံစားချက်၊ ပါဝင်ပတ်သက်လိုမှု အားလုံးကို ကျွန်တော် မျှော်လင့်ထားပါတယ် ခင်ဗျာ။ ဒီသတင်းဟာ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ Page ရဲ့ အောင်မြင်မှု လို့လည်း ခံစားလိုက်ရပါတယ်။
အဲ့ဒီအိပ်မက်ဟာ ဆရာမရဲ့ စာအုပ်အသစ်နဲ့ အတူတူ မွေးဖွားလာတာ ဖြစ်ပါတယ်။ အားလုံးကို ကျွန်တော်တို့ ပြောကြားခဲ့သလိုပဲ ဒီနှစ်အစောပိုင်းမှာ ဆရာမရဲ့ စာအုပ်အသစ်ထွက်မယ်။ ဒါပေမဲ့ တစ်လ တစ်လနဲ့ ခုဆို ၃ လပိုင်းထဲ ရောက်လာခဲ့ပါပြီ။ Fans တွေ မျှော်လင့်ထားသလိုပဲ ကျွန်တော်တို့လည်း ဆရာမရဲ့ စာအုပ်အသစ်ကို ဖတ်ချင်နေပါပြီ။ ဒါကြောင့် ဆရာမကို ဟောပြောပွဲတွေမှာ တွေ့တိုင်း မေးခဲ့ပါတယ်။ ခုတော့ သေချာတဲ့သတင်းအရ ဒီလကုန်မှာ ဆရာမရဲ့ စာအုပ်အသစ် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ စာအုပ်အမည်ကိုလည်း Fans တော်တော်များများက သိပြီးသား ဖြစ်ပါတယ်။ ဆရာမရဲ့ လုံးချင်းဝတ္ထု အသစ်ရဲ့ အမည်က “ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ” တဲ့ဗျ။
စင်ကာပူ မြေပေါ်မှ အလွဲများ ၁
  * Posted by Lynn Htet Sandar on February 7, 2011 at 8:37am
တစ်နေ့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု မွေးရပ်မြေ မြန်မာနိုင်ငံကို ခွင့်ဖြင့် အလည်ပြန်သွားရာမှ ပြန်လာသော ကျွန်တော်တို့ ၏ ဘော်ဘော်ကြီး ညိုကြီးကိုကြီးအား လေယောဉ်ကွင်းမှ ကြိုပြီး အပြန် Boon Lay မြို့ ရှိ Kopitiam တွင် သောက်ရင်းစားရင်း မွေးရပ်မြေသတင်းများကို ညိုကြီးကိုကြီး အားဝိုင်း၍ မေးမြန်းကြသည်။ မေးသာမေးရသည် သိပ်တော့အားမရ ဒီလူက စင်ကာပူတွင်သာ ခြေတိုအောင် လျှောက်သွားနေသော်လဲ ဆင်တဲ သို့  ပြန်ရောက်လျှင် အိမ်ထဲက အိမ်ပြင် သိပ်ထွက်ရသည် မဟုတ်။ညိုကြီးကိုကြီး ကလဲ ပြောဘူးသည်။ငါအိမ်ပြန် ရောက်ရင် ဘယ်ကိုမှ မသွား ချင်ဘူး။ ’ဘကုန်း’ တွေနဲ့ လွတ်လွတ် ကင်းကင်း နေချင်တယ်။ အိမ်ပြင် ထွက်ဖို့ ခြေလှမ်းပြင်တာနဲ့  ဒါက ဘယ်လဲ.. ဘာကြောင့်သွား…ဘယ်သူနဲ့  …ဘယ်လောက်ကြာလို့ … ဘယ်အချိန်… ဆိုတဲ့ အမေး တွေကို ပြန်မဖြေချင်ဘူး လို့ ပြောဘူးတယ်။
ခွေးချော်လဲအိမ် (သုမောင်)
ကျွန်တော်သည် ကျွန်တော့် အိမ်ကလေးကို အလွန် မြတ်နိုးပါသည်။ Home Sweet Home ဆိုသည့် စကား ကိုယ့်အိမ် ကိုယ့်ရာဟာ အချိုမြိန်ဆုံး ဆိုတာ ကမ္ဘာသုံး စကားသုံးမို့ ထပ်ပြောရတာ အားနာပါသည်။
နော့ပေတည့် ယခုပြောမည့် ကျွန်တော် အိမ်အကြောင်းမှာ တစ်မျိုးတစ်မည် ရှုထောင့်မို့ ပြုံးချင့်စဖွယ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်သည် ကျွန်တော့် အိမ်အကြောင်း အက်ဆေး ၃ ပုဒ်လောက် ရေးဖူးပါသည်။ ပထမ အပုဒ်က ကျွန်တော့် အိမ်သည် စာရေးဆရာ အိမ်စစ်စစ် ဖြစ်ကြောင်း ဖြစ်ပါသည်။ ပြန်၍ နှူးရပါမူ ထိုအိမ်ဆောက်သော ကာလမှာ ၁၉၈၀ ဖြစ်သောကြောင့် ဆိုရှယ်လစ် ခေတ်ဖြစ်သဖြင့် လူသုံးကုန် ပစ္စည်းများ ပြည်သူ့ဆိုင်မှာ ၀ယ်ရပါသည်။
မြန်မာဆိုရင် ဖတ်ကြည့်ပါ (သို့) အမျိုးသားရေးစိတ်ဓာတ်
အမျိုးသားရေးစိတ်ဓာတ်ကို ကျနော့်အမြင်သက်သက်နဲ့
အဓိပါယ်ဖွင့်ရင်တော့
၁။ နိုင်ငံနဲ့ လူမျိုးအတွက် ရဲ့ သိက္ခာကို မြှင့်တင်ဖို့ (မိမိကိုယ်တိုင်
စိတ်ဓာတ်မြှင့်တင်ခြင်းဖြင့် ဒီအချက်ကို လုံးဝ ပြည့်စုံနိုင်ပါတယ်)
၂။ အမျိုးသားချင်းရိုင်းပင်းဖို့
အဓိက အချက်အလက်နဲ့ကတော့ ဒီ ၂ ချက်ပဲ ဦးတည်ပြောချင်ပါတယ်။
လူတစ်ယောက်ရဲ့ ပထမဆုံးအသိုင်းအ၀ိုင်းက မိသားစုပါ ၊ နောက်တစ်ဆင့်က
သူငယ်ချင်းအပေါင်းအသင်းနဲ့ ဆွေမျိုး ၊ နောက် ပတ်ဝန်းကျင် ၊ နောက်ပြီး ရပ်ကွက် ၊
မြို့နယ် ၊ တိုင်း ၊ နိုင်ငံ စသဖြင့်အဆင့်ဆင့် ချစ်ခင်ရမယ့် မြတ်နိုးရမယ့် အဆင့်တွေ
ရှိပါတယ်။ ဒါဟာ မပြောပဲနဲ့ သွေးသားထဲက သိရမယ့် အသိတရားပါ။ ဆိုလိုချင်တာက
မိသားစုဝင်နဲ့ သူငယ်ချင်းယှဉ်လာရင် ကိုယ့်သွေးသားရင်းကို ဦးစားပေးရမယ်လေ။
အဲ့လိုပဲ တစ်ဆင့်စီ ပြောလိုက်ရင် နောက်ဆုံး ကိုယ့်နိုင်ငံကနေ
နိုင်ငံခြားထွက်လာတယ်။
ကိုယ့်နိုင်ငံရဲ့ သိက္ခာကို မြှင့်တင်ရမယ် အဲ့ဒါက တကယ်တော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့
အရည်အချင်းကို မြှင့်တင်ဖို့က အဓိကပါပဲ။ အဓိက ပထမအကျဆုံးကတော့
မိမိကိုယ်တိုင်ရဲ့ သိက္ခာကို တန်ဖိုးထားပီး အရည်အချင်းကို မြှင့်တင်ပါ။
နောက်ထပ်ပြီး ကျနော်ပြောချင်တဲ့ အဓိက အကြောင်းအရင်းကို ပြောပါတော့မယ်
ပြည်ပရောက်နေတဲ့ မြန်မာတွေက မြန်မာလူမျိုးချင်းဆို
သဘောထားကြီးဖို့တော်တော်ဝန်လေးကြတယ်။ မြန်မာအချင်းချင်းအတူနေရင်
မပြေလည်တာတွေ ပြသနာတက်တာတွေ အမြဲကြားရတယ်။ အဲ့ဒီလူတွေ နိုင်ငံခြားသားနဲ့
သွားနေရင်တော့ အရမ်းကို အဆင်ပြေတာပဲ။ ကျနော် မြင်တာကတော့
လူမျိုးချင်းနေတာဆိုရင် ကျနော်တို့ မြန်မာလူမျိုးသဘာဝအတိုင်း ကိုယ့်လူရင်းတွေနဲ့
ဆိုရင် အမှုမဲ့အမှတ်မဲ့နေတာလေးတွေ ရှိတတ်ပါတယ်၊ အဲလိုနေတာလေးတွေက
စည်းကမ်းမဲ့တာ ဖြစ်လာပီးတော့ ပတ်ဝန်းကျင်နဲ့ မပြေမလည် ဖြစ်လာတတ်ပါတယ် ။
အဲ့တော့ ကိုယ့်ကိုကိုယ် သတိနဲ့ ထိန်းသိမ်းဖို့ က နံပါတ်တစ် သူများကို နားလည်ပေးရမယ်
ဆိုတာက နံပါတ် ၂ ပါ ၊ ၂ချက်လုံးလိုအပ်ပါတယ်။
နောက်ပြီးတော့ ပြည်ပကို ရောက်နေတဲ့သူတွေက လမ်းမှာ
မြန်မာစကားပြောနေရာကနေ တစ်ခြားမြန်မာတစ်ယောက်ဖြစ်စေ ၊ မြန်မာတွေနဲ့ ဖြစ်စေ
ကြုံဆုံလာရင် မြန်မာဖြစ်တာကို ကွယ်ဝှက်ဖို့ ကြိုးစားကြတာကို ကမ္ဘာ့နေရာအနှံ့အပြားက
သူငယ်ချင်းတွေရဲ့ ငြီးညူသံတွေ ကြားရပါတယ်။ ဒါအင်မတန်မှ
ရှုတ်ချစရာကောင်းတဲ့ကိစ္စပါ။ မြန်မာလူမျိုးဖြစ်ရတာ ရှက်စရာကိစ္စမဟုတ်ပါဘူး။
ဂုဏ်ယူတတ်ကြပါ။ တစ်ခြားလူမျိုးတွေရဲ့ ကောင်းကွက်ဆိုးကွကို နှိုင်းယှဉ်ကြည့်ကြဦး ၊
အဲ့သလိုမျိုးကိုယ့်လူမျိုးတွေရှေ့မှာ မိမိကိုယ်မိမိ
ကွယ်ဝှက်ဟန်ဆောင်တဲ့လူတွေတွေ့ဖူးလားလို့။ နောက်ပီးတော့ မိမိကိုယ်မိမိကြိုးစားပီး
သိက္ခာမြှင့်တင်ရုံနဲ့ နိုင်ငံနဲ့ လူမျိုးကိုလဲ ဖေးမရာရောက်ပါတယ်။ နားလည်သင့်ပါတယ်
ကိုယ့်နိုင်ငံတိုးမြင့်မှပဲ ကိုယ်တွေအားလုံးအကြိုးခံစားရမှာပါ။
နိုင်ငံတစ်နိုင်ငံတိုးတက်လာရင် နိုင်ငံသားတွေက သာအဓိကအကျိုးခံစားရတာပါ။
ဘယ်လောက်ပဲ သူများနိုင်ငံမှာ နိုင်ငံသားခံခံ ဒုတိယဦးစားပေးအဆင့်မှာပဲရှိပါတယ် (ဒါက
နိုင်ငံသားခံယူခွင့်ရှိတဲ့နိုင်ငံတွေကို ပြောတာပါ) ။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...